ဧဝံဂေလိတရားကို ဝေငှနည်းနမူနာ
မိတ်ဆွေက အဘယ်သူ့ကိုမှ မကယ်နိုင်ဘူး
မိတ်ဆွေက အဘယ်သူ့ကိုမှ မကယ်နိုင်ဘူးလို့ သိပါစေ။
ဒါဟာ မိတ်ဆွေရဲ့ တာဝန်ဝတ္တရား မဟုတ်ဘူး။
တော်သေးတယ်နော်။ ကောင်းကင်ဘုံကို ရောက်တဲ့အခါ၊ မိမိဖြင့် ကယ်တင်ခြင်းသို့ ရောက်တဲ့သူ အမှတ်ပေးဇယားကြီးကို မရှိသလို၊ မင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်တဲ့သူ တစ်ယောက်မှမရှိတဲ့အတွက် အပါယ်ငရဲကို သွားလိုက်တော့လို့ ပြောမယ့်သူလည်း မရှိတော့ဘူ။
ဒါဟာ မိတ်ဆွေရဲ့ တာဝန်ဝတ္တရား မဟုတ်ဘူး။ ဘုရားသခင်မှတစ်ပါး လူကို ကယ်တင်နိုင်သူ တစ်ယောက်မျှ မရှိဘူး။ လူကို ကယ်တင်နိုင်တဲ့ တန်ခိုးတော်ဟာ ဘုရားသခင်သာ ပိုင်တော်မူတယ်။
မိတ်ဆွေရဲ့ တာဝန်ကတော့၊ ယုံကြည်ခြင်းအားဖြင့် စေတာစိတ်ရှိရှိ သူတစ်ပါးကို ချစ်ပြီး၊ ကိုယ်တော်ရဲ့ ဂုဏ်အင်္ဂါတော်တွေ၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကယ်တင်ခြင်းအကျွတ်တရားနဲ့ တမလွန်အာမခံချက်အကြောင်းကို ဝေငှခြင်းဖြင့် ဓမ္မမျိုးစေ့ကြဲလျက် ကြိုးစားအားထုတ်ရမယ့်ဖြစ်တယ်။ ဘုရားသခင်ရဲ့ တာဝန်ကတော့၊ လူကို ကယ်တင်ရန် ဖြစ်တယ်။
မိတ်ဆွေက၊ အဲဒီအရာကို လုပ်နိုင်ပါသလား။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိတ်ဆွေက မိမိသူငယ်ချင်းတွေထံ ဧဝံဂေလိတရားကို ဟောပြောတတ်ပါသလား။ တစ်ခါတစ်ရံ ဧဝံဂေလိတရားကို ဝေငှရန် ကျွန်တော်တို့ ကြောက်ရွံ့တတ်တယ်။ ဧဝံဂေလိတရားကို ရဲရဲရင့်ရင့် ဟောပြောစေဖို့၊ ဒီအစီစဉ်ကို စတင်ကြပါစို့။
More