ဧဝံဂေလိတရားကို ဝေငှနည်းနမူနာ
တတိယအဆင့်၊ စတင်ဝေငှလိုက်ပါ
ဒီအစီအစဥ်ရဲ့ နောက်ဆုံးနေ့သို့ ရောက်လုနီးပြီ။ ကျေးဇူးတော်ပါပဲ။ ယခုအချိန်က ဧဝံဂေလိတရားကို ဝေငှရန်အချိန် ဖြစ်ပါတယ်။
ဒါဆို ဧဝံဂေလိတရားကို ဘယ်လိုဝေငှမလဲ။
ဒီလိုမလုပ်နဲ့နော်...
- လမ်းမှာ ရပ်ပြီး အရူးလိုပဲ လျှောက်အော်ခြင်း။
- မိမိနှုတ်ဖြင့် ဧဝံဂေလိတရားကို မဟောပြောဘဲ မိမိအကျင့်ဖြင့်သာ ဝေငှခြင်း။
- သူတစ်ပါးထံ သွားပြီး စကားများလျက် အတင်းအဓမ္မ နှောက်ယှက်ပေးခြင်း။
- သူများက အရှင်ယေရှုဘုရားကို ယုံကြည်လက်ခံစေဖို့ ပိုက်ဆံပေးခြင်း။
ဧဝံဂေလိတရား ဟောပြောခြင်းက သူတစ်ပါးရဲ့ ဗဟုသုတကို တိုးပွားစေဖို့အတွက် မဟုတ်ဘူး။ ဧဝံဂေလိတရား ဟောပြောခြင်းက အပြန်အလန် ပြောဆိုခြင်းသဘော ရှိတယ်။
ဧဝံဂေလိတရားကို ဝေငှခြင်းဆိုသည် သူတစ်ပါးရဲ့ အယူအဆကို သိကျွမ်းပြီး သူတို့အတွက် အရှင်ယေရှုဘုရား ပြုခဲ့တဲ့ သေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနဲ့ ကယ်တင်ခြင်းအကျွတ်တရားအကြောင်းကို ဝေငှခြင်း ဖြစ်တယ်။
မိမိစိတ်နှလုံးထဲရှိတဲ့ သူတွေအတွက် ဆုတောင်းခြင်းဖြင့် စတင်နိုင်ပါတယ်။ ပြီတော့၊ စစ်မှန်သော ခရစ်ယာန်အနေနဲ့ အသက်ရှင်လျက် ဧဝံဂေလိတရားကို ဝေငှလိုက်ပါ။ အဲဒီအရာများကို ဦးစွာလုပ်ဆောင်ရင်၊ သူတစ်ပါးကို ကြားနာစေဖို့ ဘုရားသခင်က ဧဝံဂေလိဟောရာတံခါးကို မိတ်ဆွေအဖို့ ဖွင့်တော်မူလိမ့်မယ်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိတ်ဆွေက မိမိသူငယ်ချင်းတွေထံ ဧဝံဂေလိတရားကို ဟောပြောတတ်ပါသလား။ တစ်ခါတစ်ရံ ဧဝံဂေလိတရားကို ဝေငှရန် ကျွန်တော်တို့ ကြောက်ရွံ့တတ်တယ်။ ဧဝံဂေလိတရားကို ရဲရဲရင့်ရင့် ဟောပြောစေဖို့၊ ဒီအစီစဉ်ကို စတင်ကြပါစို့။
More