YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဝံဂေလိတရားကို ဝေငှနည်းနမူနာ

How To Share Your Faith

7 ၏ နေ့ 3

ဘာလုပ်ရမလဲ

မနေ့က၊ ရှင်မဿဲခရစ်ဝင်ရှိ ကျမ်းပိုဒ်တွေကို ဖတ်ရှုလေ့လာခဲ့တယ်။ ဒီနေ့မှာ၊ အဲဒီကျမ်းပိုဒ်တွေရဲ့ တခြားအပိုင်ကို ဖတ်ရှုလေ့လာရလိမ့်မယ်။

ဒီကျမ်းပိုဒ်က မဟာစေခိုင်းချက်လို့ ခေါ်ပါတယ်။ ဒီမဟာစေခိုင်းချက်ဟာ အရမ်းရေကြီးတယ်နော်။

ဘယ်ကြောင့်လဲဆိုတော့၊ အဲဒီအရာဟာ ကျွန်တော်တို့အဖို့ အရှင်ယေရှုဘုရားပေးတဲ့ မဟာစေခိုင်ချက် ဖြစ်တယ်။

သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့ (မ၊ ၂၈း၁၉)။

အဲဒီကျမ်းပိုဒ်က ဘာပြောနေတာလဲ။

ငါ့တပည့် ဖြစ်စေဆိုတော့ ဘာလဲ။ ဗတ္တိဇံကို တကယ်ပေးမလား။

ဒါဆို၊ သင်္ကြန်လိုပဲ ရေဘူးကိုင်ပြီး လူစိမ်းတွေကို ရေလောင်းသလို ဗတ္တိဇံပေးခြင်းကို ပြုမလား။

ဒါမှမဟုတ်ရင်၊ ရေသေနတ်ကိုင်ပြီး ရေပစ်သလို ဗတ္တိဇံပေးခြင်းကို ပြုမလား။

အဲဒီအရာတွေကို မလုပ်နဲ့တော့ မိတ်ဆွေရေ။

ဘာပဲဖြစ်ဖြစ်၊ သင်တို့သွား၍ လူမျိုးတကာတို့ကို အရှင်ယေရှုဘုရားရဲ့ တပည့် ဖြစ်စေရန် လုပ်ဆောင်ရမှာပဲလေ။ တပည့်ရဲ့အနက်ကား၊ ဆရာထံမှ ပညာသင်ယူသူ၊ နောက်လိုက်ငယ်သားလို့ ဖြစ်တယ်။

ဒါဆို၊ သူတစ်ပါးကို အရှင်ယေရှုဘုရားရဲ့ တပည့်ဖြစ်စေလိုပါက၊ လောကီသားကဲ့သို့ မသက်ရှင်ဘဲ အရှင်ယေရှုဘုရားလိုပဲ ဘုရားသခင်အနောက်တော်သို့ လိုက်လျက် ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစေပါ။

ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

How To Share Your Faith

မိတ်ဆွေက မိမိသူငယ်ချင်းတွေထံ ဧဝံဂေလိတရားကို ဟောပြောတတ်ပါသလား။ တစ်ခါတစ်ရံ ဧဝံဂေလိတရားကို ဝေငှရန် ကျွန်တော်တို့ ကြောက်ရွံ့တတ်တယ်။ ဧဝံဂေလိတရားကို ရဲရဲရင့်ရင့် ဟောပြောစေဖို့၊ ဒီအစီစဉ်ကို စတင်ကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch ၏ အမှုတာ် Switch ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။