ဧဝံဂေလိတရားကို ဝေငှနည်းနမူနာ
ပထမအဆင့်၊ ဧဝံဂေလိတရားကို သိကျွမ်းစေပါ
ဧဝံဂေလိတရားကို တိတိကျကျ သိလျက် တကယ်ယုံကြည်ပါသလား။
ဧဝံဂေလိတရားဟု ပြောဆိုခြင်းကို ကြားဖူးပါသလား။ ဒီနေ့ရဲ့ ရောမဩဝါဒစာကျမ်းပိုဒ်တွင် ဧဝံဂေလိတရားဟု ဝေါဟာရကို ဖော်ပြထားတယ်။ တစ်ခါတစ်ရံမှာ၊ ဧဝံဂေလိတရားက သတင်းကောင်းလို့ ခေါ်ပါတယ်။
ဒါဆို၊ ဧဝံဂေလိရဲ့ အနက်အဓိပ္ပာယ်ဆိုတော့ ဘာလဲ။ ဧဝံဂေလိတရားကို ဘယ်လိုရှင်းပြနိုင်မလဲ။ သတင်းကောင်းက ဘာကြောင့် ကောင်းသလဲ။ ဧဝံဂေလိဟောပြောတဲ့အခါ သတင်းကောင်းစကားလုံးကို သုံးပြုရမလား။
မစိုးရိမ်နဲ့။ ဧဝံဂေလိတရားကို ဟောပြောတဲ့အခါမှာ ဒီစကားလုံး ဟိုစကားလုံးကိုသာ အသုံးပြုရမယ်လို့ မဆိုလိုဘူး။ ဘုရားသခင်ရဲ့ နိုင်ငံတော်က စကား၌ တည်တာမဟုတ်ဘူး၊ တန်ခိုး၌ တည်တယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်ဖို့ဆိုတာ ခရစ်တော်ရဲ့အကျင့်ကို လိုက်ကျင့်ဖို့ ဆိုလိုတယ်၊ ဒါပေမဲ့၊ ခရစ်တော်လိုအသက်ရှင်စေရန်အတွက်၊ သူဘယ်လိုအကျင့်ကျင့်ခဲ့တာလဲဆိုတာ သိဖို့လိုတယ်လေ။
ခရစ်ယာန်တွေအနေနဲ့၊ အရှင်ယေရှုဘုရားက အဘယ်သူလဲ၊ သူက ဘယ်လိုကျင့်ကျင့်ခဲ့တာလဲ၊ လက်ဝါးကပ်တိုင်ပေါ်တွင် သူပြုခဲ့သောအရာကို သိနားလည်ရန် အရမ်းရေးကြီးတယ်။
ဧဝံဂေလိတရားကို ကောင်းကောင်းမသိရင် ဧဝံဂေလိတရားကို ကောင်းကောင်း မဝေငှနိုင်ဘူး။
သူတစ်ပါးထံ ဧဝံဂေလိတရားကို ဟောပြောစေဖို့၊ ဧဝံဂေလိတရားကို တိတိကျကျ သိလျက် ယုံကြည်ကြပါစို့။
ဤအစီအစဉ်အကြောင်း
မိတ်ဆွေက မိမိသူငယ်ချင်းတွေထံ ဧဝံဂေလိတရားကို ဟောပြောတတ်ပါသလား။ တစ်ခါတစ်ရံ ဧဝံဂေလိတရားကို ဝေငှရန် ကျွန်တော်တို့ ကြောက်ရွံ့တတ်တယ်။ ဧဝံဂေလိတရားကို ရဲရဲရင့်ရင့် ဟောပြောစေဖို့၊ ဒီအစီစဉ်ကို စတင်ကြပါစို့။
More