ဧဝံဂေလိတရားကို ဝေငှနည်းနမူနာ
သွားလေရာရာ၌ ဧဝံဂေလိတရားကို ဝေငှပါ
ဒီနေ့ရဲ့ ကျမ်းပိုဒ်တွင်၊ သင်တို့သွား၍ဟု စကားလုံးတွေဖြင့် စတင်စေတယ်။
အနက်ကား၊ သွားလေရာရာ၌ ဧဝံဂေလိတရားကို ဟောပြောရမှာပဲလို့ ဖြစ်တယ်။
လမ်းမှာ ရပ်ပြီး အရူးတစ်ဦးလိုပဲ အားရပါးရ လျှောက်အော်စရာ မလိုဘူး။ အရှင်ယေရှုဘုရားက အဲလိုမလုပ်ခဲ့ဘူး။
မိမိအသက်တာမှာ ကောင်းတဲ့အကျင့်ကို ကျင့်လျက် ဘုရားသခင်ရဲ့ မဟာအမှုတော်တည်းဟူသော ဧဝံဂေလိတရားကို တကူးတက ဝေငှလိုက်ပါ။
ဥပမာ၊ မိတ်ဆွေက ဘောလုံကန်သူတစ်ယောက်လို မြင်ယောင်ကြည့်ပါ။ မိတ်ဆွေက ဘောလုံးသမားဖြစ်ပြီး တစ်ခါတစ်ရံ ခရစ်ယာန်ဖြစ်ပါသလား (သို့) ခရစ်ယာန်ဖြစ်ပြီး တစ်ခါတစ်ရံ ဘောလုံကန်ပါသလား။
ဒီခြားနာချက်ကို မြင်နိုင်ပါသလား။ မိတ်ဆွေက ရှေ့ဦးစွာ ခရစ်ယာန်တစ်ယောက် ဖြစ်နေပါသလား။
မိမိအသက်တာမှာ အရာရာ၌ မိမိခရစ်ယာန်ဖြစ်ခြင်းကို ထင်ရှားစေဖို့ သူတို့ရှေ့၌ ဧဝံဂေလိတရားကို ဝေငှလျက် တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိတ်ဆွေက မိမိသူငယ်ချင်းတွေထံ ဧဝံဂေလိတရားကို ဟောပြောတတ်ပါသလား။ တစ်ခါတစ်ရံ ဧဝံဂေလိတရားကို ဝေငှရန် ကျွန်တော်တို့ ကြောက်ရွံ့တတ်တယ်။ ဧဝံဂေလိတရားကို ရဲရဲရင့်ရင့် ဟောပြောစေဖို့၊ ဒီအစီစဉ်ကို စတင်ကြပါစို့။
More