ဧဝံဂေလိတရားကို ဝေငှနည်းနမူနာ
ခရစ်တော်ကို ဦးစားပေးသူလား (သို့) မိမိကိုယ်ကို ဦးစားပေးသူလား
မိမိအဖို့ အသက်ရှင်နေပါသလား (သို့) ဘုရားသခင်အဖို့ အသက်ရှင်နေပါသလား။
အဲဒီမေးခွန်ကို မှန်မှန်ကန်ကန် ဖြေပါဦးနော်။
အကယ်၍၊ မိမိကိုယ်ကို ဦးစားပေးသူတွေဟာ အတ္တသမားတွေပဲ ဖြစ်ကြတယ်။ အတ္တသမားတွေက မိမိဘုန်းကို ထင်ရှားစေချင်တယ်။ သူတစ်ပါးရဲ့အကျိုးကို မရှာဘဲ မိမိအကျိုးကိုသာ ရှာတတ်တယ်။ သူတို့သဘောကြီးပါပဲ။
ဒါပေမဲ့၊ ခရစ်တော်ကို ဦးစားပေးတဲ့သူတွေကတော့၊ ခရစ်တော်ရဲ့ ဘုန်းတော်ကိုသာ ထင်ရှားစေချင်တယ်။ မိမိအကျိုးကို မရှာဘဲ သူတစ်ပါးရဲ့ အကျိုးကို ရှာတတ်တယ်။ ဘုရားသခင်ရဲ့ စိတ်တော်ကို တွေ့စေဖို့ ကြိုးစားကြတယ်။
အတ္တသမားတွေက မမျှဝေတတ်ဘူး။ ထို့ကြောင့်၊ မိမိယုံကြည်ခြင်းကို မျှဝေစေဖို့ ခရစ်တော်ကို ဦးစားပေးသူဖြစ်စေဖို့ လိုအပ်တယ်။
ကျွန်တော်က ခရစ်တော်ကို ဦးစားပေးသူလား (သို့) မိမိကိုယ်ကို ဦးစားပေးသူလားလို့ မိမိကိုယ်ကို စုံစမ်းလိုက်ပါ။
မိတ်ဆွေက၊ မိမိကိုယ်ကို ဦးစားပေးသူဖြစ်နေပါက၊ ခရစ်တော်ကို ဦးစားပေးသူအဖြစ်သို့ ပြောင်းလဲရဲလား။ အသံကျယ်ကျယ်နဲ့ ပြောပါဦး။
ဟုတ်ပြီ၊ ကျွန်တော်က ခရစ်တော်ကို ဦးစားပေးသူ ဖြစ်ချင်တယ်လို့ ဖြေဆိုခဲ့ရင် ဒီအစီစဉ်ကို ဆက်လက်ဖတ်ရှုလိုက်ပါ။
ဧဝံဂေလိတရားကို ဝေငှခြင်းနဲ့ပတ်သက်ပြီး အတူတူလေ့လာကြမယ်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိတ်ဆွေက မိမိသူငယ်ချင်းတွေထံ ဧဝံဂေလိတရားကို ဟောပြောတတ်ပါသလား။ တစ်ခါတစ်ရံ ဧဝံဂေလိတရားကို ဝေငှရန် ကျွန်တော်တို့ ကြောက်ရွံ့တတ်တယ်။ ဧဝံဂေလိတရားကို ရဲရဲရင့်ရင့် ဟောပြောစေဖို့၊ ဒီအစီစဉ်ကို စတင်ကြပါစို့။
More