ဧဝံဂေလိတရားကို ဝေငှနည်းနမူနာ
ဒုတိယအဆင့်၊ ကောင်းသောအကျင့်ကို ကျင့်လျက်...
ဧဝံဂေလိတရားကို ဝေငှစေဖို့ မိမိနှုတ်မှထွက်တဲ့ စကားတွေ ရေးကြီးသလို၊ မိမိအကျင့်တရားလည်း ရေးကြီပါတယ်။
သို့ရာတွင်၊ မိမိနှုတ်ကို ပိတ်ပြီး မိမိအကျင့်တရားအားဖြင့်သာ ဧဝံဂေလိတရားကို ဝေငှမယ်လို့ မဆိုလိုဘူး။
အမှန်တကယ်တော့၊ သူတစ်ပါးက မိမိအကျင့်အားဖြင့်သာ ဧဝံဂေလိတရားကို ဂဃနဏ မသိနိုင်ဘူး။
ကောင်းသောအကင့်ကို ကျင့်လျက် မိမိနှုတ်ဖြင့် ဧဝံဂေလိတရားကို ဟောပြောရင် အကောင်းဆုံးပါပဲလို့ ပြောချင်ပါတယ်။ အဲလိုလုပ်ရင် သူတစ်ပါးက ဧဝံဂေလိတရားကို စတင်သိကျွမ်းလာလိမ့်မယ်။
လောကီပုံသဏ္ဌာန်ကို မဆောင်ဘဲ ဘုရားသားသမီးအနေနဲ့ အသက်ရှင်ရင် သူတစ်ပါးက မိတ်ဆွေရဲ့ မတူညီမှုကို သိမြင်ကြလိမ့်မယ်။
မိတ်ဆွေက ဧဝံဂေလိတရားကို တိတိကျကျ သိလျက် တကယ်ယုံကြည်တဲ့အခါ ဧဝံဂေလိတရားအဖို့ စိတ်အားကြီးပြီး သွားလေရာရာ၌ ဝေငှမယ့်သူ ဖြစ်လာလိမ့်မယ်။
ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ အသက်ရှင်သောအခါ၊ မိမိဘဝတစ်ခုလုံးက သူတစ်ပါးကို ကိုယ်တော်မြတ်ထံ အဆက်မပြတ် ညွှန်ပြလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိတ်ဆွေက မိမိသူငယ်ချင်းတွေထံ ဧဝံဂေလိတရားကို ဟောပြောတတ်ပါသလား။ တစ်ခါတစ်ရံ ဧဝံဂေလိတရားကို ဝေငှရန် ကျွန်တော်တို့ ကြောက်ရွံ့တတ်တယ်။ ဧဝံဂေလိတရားကို ရဲရဲရင့်ရင့် ဟောပြောစေဖို့၊ ဒီအစီစဉ်ကို စတင်ကြပါစို့။
More