ဘုရားသခင်ကို နားထောင်ခြင်းနမူနာ
သိုးထိန်းကောင်းကို သိကျွမ်းဝင်ခြင်း
ငါသည် ကောင်းသောသိုးထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိုးသကဲ့သို့ ငါ၏ သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ (ယော၊ ၁၀:၁၄)
မိတ်ဆွေအတွက် မေးခွန်း (၂) ခု မေးချင်ပါတယ်။
ကောင်းကင်ဘုံအဖနဲ့ မိတ်သဟာယဖွဲ့ခြင်းကို ဘယ်လိုမျိုးလဲ။
ကိုယ်တော်နဲ့ စကားပြောရတာကို ဘယ်လိုလဲ။
ဒီအတွေ့အကြုံတွေကို ချရေးဖို့ အချိန်ခဏလောက် ယူလိုက်ပါ။
ဆုတောင်းခြင်းအကြောင်းကို ဒီမှာ ကျွန်မ ပြောပြချင်တာဖြစ်တယ်။ ဆုတောင်းခြင်းဆိုတဲ့ စကားလုံးကြောင့် လူတော်တော်များများ စိတ်မပါတော့ဘူးလို့ ကျွန်မမြင်ပါတယ်။ ကျွန်မတို့ လမ်းလွှဲသွားတတ်ကြတယ်။ ကျွန်မတို့ဟာ သာမန်လူသားတွေ ဖြစ်တယ်ဆိုတာ ဘုရားက သိပြီးသားပါ။ ဒါပေမဲ့၊ ဘုရားအထင်ကြီးအောင် ကောင်းမွန်စွာ ကျွန်မတို့ ဆုတောင်းတတ်ကြတယ်။ နောက်ပြီး ကျွန်မတို့ စိတ်ရှုပ်သွားပြီး နောက်တစ်ခါ ထပ်ကြိုးစားဖို့ လက်လျှော့သွားတတ်ကြတယ်။ ဒါဆို ဆုတောင်းရခြင်းရဲ့ ရည်ရွယ်ချက်ကို ကျွန်မတို့ မသိရှိဘဲလျက် လွှဲချော်သွားတယ်။
ဆုတောင်းခြင်းက ဘုရားနဲ့ ရိုးရိုးရှင်းရှင်း ဆက်သွယ်တာ ဖြစ်တယ်။ ဒီနည်းအားဖြင့် ဘုရားနဲ့ ကျွန်မတို့ ဆက်နွယ်တာ ဖြစ်တယ်။ ဆုတောင်းနေစဥ် ကျွန်မတို့ကို ဘုရားက သူ့မျက်မှောက်တော်ထဲကို ဘယ်လိုချဥ်းကပ်စေချင်သလဲ။ ဘုရားအလိုချင်ဆုံး ဆန္ဒကတော့ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် လိုချင်တာဖြစ်တယ်လို့ (တရား၊ ၆:၅) မှာ ဖော်ပြထားတယ်။
ပထမဆုံးအနေနဲ့ ဘုရား၌ ကျွန်မတို့ကို မွေ့လျော်စေချင်တယ်၊ မိမိဆုတောင်းချက်မဟုတ်ဘဲသူ့ကိုပဲအာရုံပြုစေချင်တယ်။
ကျွန်မတို့ဖြစ်တည်မှုအတိုင်း ဘုရားရှင်ထံ သွားသင့်ပါတယ်။ ကျွန်မတို့ရဲ့ အသည်းအသန်ဖြစ်ခြင်းတွေ၊ မထိုက်တန်မှုတွေ၊ တကိုယ်ကောင်းဆန်မှုတွေအားလုံးကို သနားကရုဏာကြီးတဲ့၊ တန်ခိုးကြီးတဲ့၊ ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံတဲ့ ဘုရားရှင်ထံ ပေးလို့ရတယ်။ ထိုသို့ ကျွန်မတို့ပြုလုပ်တဲ့အခါမှာ ဘုရားဆီမှ ခွန်အား၊ ဉာဏ်ပညာ၊ ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ကို ရရှိမှာဖြစ်တယ်။ ဘုရားရဲ့ မျက်မှောက်တော်ထဲမှာ ကြွယ်ဝတဲ့ အသက်တာရှိတယ်။ ဘုရားက အသက်စမ်းရေနှင့် အသက်မုန့် ဖြစ်ပါတယ်။
ကျွန်မတို့ ဆုတောင်းတဲ့အခါမှာ ပြောဆိုနေခြင်း မဟုတ်ဘဲ နားထောင်ရမှာ ဖြစ်တယ်။ ဘုရားရဲ့ ကောင်းသည့်လမ်းကို ရှာဖွေပြီး လိုက်လျှောက်ပါ။ ဝမ်းမြောက်ဝမ်းသာဖြင့် လာကြပါ၊ စိတ်ပေါ့ပါးစွာ လာပါ၊ မောပန်းနွမ်းနွယ်ခြင်းဖြင့် လာပါ၊ သံသယစိတ် (သို့) ကြောက်ရွံ့စိတ်ဖြင့် လာပါ။ သေမင်းရဲ့ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်နေချိန်မှာ ဘုရားဆီသွားပါ။ ပိုမိုနီးစေပြီး မျှော်လင့်ခြင်နဲံ အသက်တာကို နှစ်သိမ့်ပေးတဲ့ ဘုရားရဲ့ နှုတ်ကပတ်တောကို နားထောင်ပါ။
ဒါဆို ဘယ်လိုအခြေအနေမဆို ငြီးငွေ့နေချိန်မှာ ကျွန်မတို့ ကိုယ်တော်ထံ အဆက်မပြတ် ချဉ်းကပ်ရပါမယ်။ အဲဒီပြုလုပ်ခြင်းဖြင့် ကျွန်မတို့ရဲ့ သိုးထိန်းရှင်ကို စတင်သိရှိလာမှာ ဖြစ်တယ်။ တကယ်သိရှိလာမှာဖြစ်တယ်။
ကျွန်မတို့အတွက်ကတော့ တိတ်ဆိတ်စွာ အချိန်ယူခြင်းက ရင်းနှီးတယ့် မိတ်ဆွေတွေနဲ့အတူ ထိုင်ပြီး လက်ဖက်ရည်သောက်နေခြင်းနဲ့ တူပါတယ်။ အံ့သြဖို့ကောင်းပါတယ်။ ကောင်းတယ့်အရာပဲ မဟုတ်လား။ ဆရာ ပေါလုအိမီလာ (Paul E Millar) ရဲ့ ဆုတောင်းခြင်းအသက်တာစာအုပ်ထဲမှာ၊ ဘုရားကို တစ်ခါတည်း မသိရှိနိုင်ပါဘူး။ နေရာပြင်ဆင်ဖို့ လိုတယ်လို့ သင်ကြားထားပါတယ်။
လွန်ခဲ့တယ့် (၇) ရက်တာမှာ၊ ဘုရားကို နားထောင်ခြင်း အဓိပ္ပာယ်ကို ပိုမိုသိရှိနားလည်မယ်လို့ ကျွန်မ ဆုတောင်းပေးပါတယ်။ ကျွန်မတို့ ထင်ထားသလို ရှုပ်နေခြင်း မဟုတ်ပါဘူး။ ကျွန်မတို့ အလိမ်အညာတွေကို နားမထောင်၊ နှလုံးသားတံခါးကို ဖွင့်ပြီး ငြိမ်သက်စွာနေရင်း ကျွန်မတို့ရဲ့ သိုးထိန်းရှင် စကားပြောတာကို ခွင့်ပြုလိုက်ပါ။
ဘုရားသခင်ကို အမြဲနားထောင်နေခြင်းက ကျွန်မတို့ရဲ့ သိုးထိန်းရှင်ကို သိကျွမ်းဝင်လာခြင်းဖြစ်ကြောင်း လေးလေးနက်နက် သိလာဖို့ ဆုတောင်းပေးပါတယ်။
အဖဘုရားရှင်ကိုပြောပါ၊ယနေ့ ကျွန်မ့ နှလုံးသားနှင့် ခွန်အားရှိသမျှဖြင့် ဘုရားကို ရှာဖွေပါလိမ့်မယ်။ ယခုပဲ၊ ကျွန်မ စတင်မယ်။ ကျွန်မ့ ဖြစ်တည်မှု အစစ်အမှန်အတိုင်း ကိုယ်တော့်ထံ သွားမည်။ နေ့ရက်တိုင်း ကိုယ်တော့်ကို ပိုသိချင်ပြီး ကိုယ်တော့်ရဲ့ အသံတော်ကို ကြားချင်ပါတယ်။
ဒီနေ့အတွက် နားထောင်ရမယ့် သီချင်းဆိုတာ၊ Hillsong United မှ Touch the Sky (ကောင်းကင်ကို ထိပါ)။
ဤအစီအစဉ်အကြောင်း
ဆရာမ Amy Groeschel သည် ဤခုနှစ်ရက်တာ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏ နှလုံးတော်မြတ်မှ မိမိတို့၏ နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရှားပြီး ကိုယ်တော်၏ အသံတော်အပေါ်မှာ အာရုံပြုနိုင်စေရန် ဤအစီအစဉ်က မိတ်ဆွေကို သင်ကြားပေးမည့်အကြောင်း ဖြစ်သည်။
More