YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်ကို နားထောင်ခြင်းနမူနာ

Listening To God

7 ၏ နေ့ 1

ဘုရားသခင်၏ အသံတော်ကြားနာခြင်း

ယောဘကဲ့သို့ ကျွန်မလည်း နေ့စဉ်အစာအဟာရထက် ဘုရားသခင်၏ နှုတ်ကပတ်တော်နဲ့ လမ်းပြမှုကို ပိုမိုတန်ဖိုးထားတောင့်တ လိုချင်ပါတယ်။ မိတ်ဆွေရော...။ ဟေရှာယအနာဂတ္တိကျမ်းမှာ သွန်သင်ထားခဲ့သလို ကျွန်မလျှောက်သင့်တဲ့ လမ်းကို နောက်ကနေ ပြောပြပေးမယ့် အသံတော်ကို ကြားနာနိုင်ချင်ပါတယ်။

သို့သော်လည်း ဘုရားသခင်ရဲ့ အသံတော်ကို ဘယ်လိုကြားနိုင်မလဲ။ ထို့အပြင်၊ ဘုရားသခင်ဟာ အမှန်တကယ်ပဲ စကားပြောနေပါရဲ့လား။ နှလုံးသွင်းဆင်ခြင်ကြည့်ပါ။ ဘုရားသခင်ဟာ ဆက်သွယ်ပြောဆိုသူတစ်ပါး ဖြစ်ပါတယ်။ ဆက်သွယ်ပြောဆိုခြင်းအမှုအရာကို သူဖန်ဆင်းတော်မူခဲ့ပါတယ်။ ဆိုလိုသည်မှာ၊ ဘုရားသခင် အမှန်ပဲ စကားပြောတော်မူပါတယ်။ ကျွန်မတို့လည်း သူ့ရဲ့အသံတော်ကို ကြားနာနိုင်စွမ်း ရှိပါတယ်။ ပြန်လည်တုံ့ပြန်ပြောဆိုနိုင်စွမ်းလည်း ရှိကြပါတယ်။ ဘုရားရှင်ဟာ ဆက်လက်စကားပြောဆိုနေဆဲ ဖြစ်ပါက ကိုယ်တော်ရဲ့ အသံတော်ကို သိရှိနိုင်ဖို့ရန် အစွမ်းရှိသမျှ ကြိုးစားအားထုတ်လုပ်ဆောင်သင့်ပြီး နာခံသင့်ပါတယ်။ နာခံခြင်းအမှုဟာ အလွန်အရေးတကြီး လိုအပ်ချက်တစ်ခု ဖြစ်သော်လည်း စစ်မှန်တဲ့ ပြောဆိုဆက်သွယ်မှုအတွက် အကြီးအကျယ် ချို့တဲ့နေသောအရာ မကြာခဏ ဖြစ်နေတတ်ပါတယ်။

ရှေးဦးစွာ၊ ဘုရားသခင် ကျွန်မတို့ကို စကားပြောသောနည်းလမ်းအချို့ကို လေ့လာကြည့်ကြပါစို့။

ဘုရားသခင်ဟာ နှုတ်ကပတ်တော်မြတ်အားဖြင့် စကားပြောတော်မူပါတယ်။ ကျွန်မတို့အတွက် ကိုယ်တော်ရဲ့ အလိုတော်နဲ့ အစီအစဉ်များကို ဘုရားသခင်ဟာ နှုတ်ကပတ်တော်မြတ်အားဖြင့် ဖွင့်ပြထားပြီး ဖြစ်ပါတယ်။ နှုတ်ကပတ်တော်ဖတ်ရှုကာ အချိန်ကို အသုံးပြုခြင်းသည် ကိုယ်တော့်ထံမှ တိုက်ရိုက်ကြားနာခံယူနိုင်မယ့် အကောင်းဆုံးသောနည်းလမ်း ဖြစ်ပါတယ်။

ဘုရားသခင်ဟာ တီးတိုးပြောဆိုသံဖြင့် စကားပြောတော်မူပါတယ်။ ကျွန်မတို့ရဲ့ စိတ်ဝိဉာဏ်အတွင်းသို့ မကြာခဏ ညင်သာစွာ ပြောဆိုတတ်ပါတယ်။ အိပ်မက်ရူပါရုံများပေးခြင်းဖြင့်သော်လည်းကောင်း၊ ကျွန်မတို့ရဲ့ အခြေအနေများမှတစ်ဆင့်သော်လည်းကောင်း လမ်းညွှန်မှုပေးတတ်ပါတယ်။ ကျွန်မတို့ရဲ့ အတွေးစိတ်ကူးများကိုလည်း ကိုယ်တော်ရဲ့ အစီအစဉ်များသို့ လမ်းညွှန်ပြသတတ်ပါတယ်။

ဘုရားသခင်ဟာ ကိုယ်တော့်ရဲ လူတွေအားဖြင့် စကားပြောတော်မူပါတယ်။ တစ်ခါတစ်ရံ အခြားသော ခရစ်ယာန်များမှတစ်ဆင့် ကျွန်မတို့အတွက် ကိုယ်တော့်ရဲ့ စိတ်နှလုံးသားကို ဖော်ပြပြောဆိုတော်မူပါတယ်။ ၎င်းဟာ တိုက်တွန်းခွန်အားပေးခြင်း၊ သွန်သင်ပြင်ဆင်မှုပေးခြင်း၊ (သို့) လမ်းညွှန်ပြသမှုပေးခြင်းစသည့် ပုံစံများဖြင့် ဖြစ်တတ်ပါတယ်။

ကျွန်မရဲ့ ဆုတောင်းချက်ကတော့၊ ဒီတိုတောင်းတဲ့ (၇) ရက်တာ ဖတ်ရှုခြင်းအစီအစဉ်အားဖြင့်၊ ဆန့်ကျင်ကန့်ကွက်မှုကို ရှောင်ရှားပြီး ကိုယ်တော်ရဲ့ အသံတော်အပေါ် အာရုံစိုက်နားထောင်ရန် နှိုးဆော်ကာ၊ မိမိရဲ့ စိတ်နှလုံးကို အပြည့်အဝ တိုက်တွန်းသွေးဆောင်ဖို့ရန် ချစ်တော်မူသော ဘုရားသခင်၏ နှလုံးတော်မြတ်မှ တန်းတန်းမတ်မတ် သွန်သင်ပါမည်အကြောင်း ဖြစ်ပါတယ်။

အဖဘုရားသခင်ထံတောင်းလျှောက်ပါ။ ။ ပိုကောင်းသော နာခံသူတစ်ဦးဖြစ်စေရန် မည်သည့်အရာကို ကျွန််မ လုပ်ဆောင်ရန် လိုအပ်နေပါသလဲ။

ယနေ့အတွက် ဝတ်ပြုသီချင်းအကြံပြုချက် - Kim Walker-Smith သီဆိုချီးမွမ်းထားတဲ့ Yield My Heart (ကျွန်ုပ်၏ နှလုံးသားကို အားပေးတော်မူပါ)။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Listening To God

ဆရာမ Amy Groeschel သည် ဤခုနှစ်ရက်တာ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏ နှလုံးတော်မြတ်မှ မိမိတို့၏ နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရှားပြီး ကိုယ်တော်၏ အသံတော်အပေါ်မှာ အာရုံပြုနိုင်စေရန် ဤအစီအစဉ်က မိတ်ဆွေကို သင်ကြားပေးမည့်အကြောင်း ဖြစ်သည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Life.Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။