ဘုရားသခင်ကို နားထောင်ခြင်းနမူနာ
ကျေးဇူးပြုပြီး မိတ်ဆွေရဲ့ အာရုံစိုက်မှု ရနိုင်မလား။
အကြားအာရုံအပြင် နားထောင်နာယူမှုစွမ်းရည်ဆိုပြီး ရှိပါတယ်။
အကြားအာရုံဆိုတာက အသံဗလံများ၊ သတင်းအချက်အလက်များကို သိရှိခြင်းဖြစ်ပြီး
နားထောင်နာယူမှုဆိုတာကတော့ အဲ့ဒီအချက်အလက်တွေကို ဂရုပြုအာရုံစိုက်ခြင်း ဖြစ်ပါတယ်။
ဒီကနေ့ ဖတ်ရှုမယ့် ယေရမိအနာဂတ္တိကျမ်းစာက အလွန်ဝမ်းနည်းကြေကွဲဖို့ ကောင်းလှပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာကတော့ အဆိုပါအဖြစ်အပျက်များဟာ တွေ့ခဲလှသည်တော့ မဟုတ်ပါဘူး။ ကျွန်ုမတို့ဟာ ကျွန်မတို့ရဲ့ နှလုံးသား၊ စိတ်ဝိညာဉ်၊ ခွန်အား အလုံးစုံအကြွင်းမဲ့ဖြင့် ဘုရားသခင်ထံ အာရုံစိုက်မှုအပြည့် မပေးခဲ့ပါရင် ရှေ့မှာကြိုရှိနေတဲ့ အန္တရာယ်များအကြောင်းကို၊ ဒီဓမ္မဟောင်းကျမ်းလာ အကြောင်းခြင်းရာများက ကြီးမားသော အနီရောင်သင်္ကေတအမှတ်အသားအဖြစ် တည်ရှိပြသပေးနေပါတယ်။ ဘာကြောင့်ပါလဲ။ ဟုတ်ပါတယ်။ ကျွန်မတို့ဟာ ဘုရားသခင်နဲ့ သူရဲ့ နည်းဥပဒေသများကို အာရုံမစိုက်ဘဲ နေပါက ကျွန်မတို့ဟာ ဦးတည်ချက်မှားယွင်းနေပြီး ရှေ့ကိုသွားနေခြင်း မဟုတ်ဘဲ၊ နောက်ပြန်သွားနေခြင်းသာ ဖြစ်ပါတယ်။ မကြခဏဆိုသလို၊ ဒီမှားယွင်းတဲ့ လမ်းကြောင်းတွေဟာ မှောင်မည်းပြီး ဖျက်ဆီးတတ်တဲ့ နေရာတွေဆီ ခေါ်ဆောင်သွားတတ်ပါတယ်။
စိတ်အာရုံပြောင်းလဲစေတဲ့ အဓိကတရားခံကတော့ များသောအားဖြင့် ရိုးသားစွာ စွဲဆောင်တတ်တဲ့ ညို့ဓာတ် ဖြစ်ပါတယ်။ ၎င်းညို့ဓာတ်ဟာ အချိန်စာရင်းပြည့်ကြပ်နေခြင်း၊ ကလေးများထိန်းကြောင်းပျိုးထောင်နေရခြင်း၊ တစုံတခုကို ပိုမိုရှာဖွေမိနေခြင်းအပြင်၊ ပျော်ရွှင်အံ့ဩဖွယ်ရာများနဲ့ ပြည့်နှက်နေတဲ့ လျှပ်စစ်ပစ္စည်းအသုံးအဆောင်များလည်း ဖြစ်နိုင်ပါတယ်။
ကျွန်မအတွေ့အကြုံအရဆိုရင် ကျွန်မကလေး ခြောက်ယောက်လုံးဟာ ကောင်းမွန်ပြည့်စုံတဲ့ အကြားအာရုံရှိကြပေမဲ့ သူတို့ရဲ့ နားထောင်နာယူမှုဟာ မကြာခဏဆိုသလို လေးလံထိုင်းမှိုင်းနေတတ်ကြပါတယ်။ တစ်ခါတစ်ရံ သူတို့ရဲ့ အာရုံစိုက်မှုရစေတဲ့ တစ်ခုတည်းသော အရာကတော့ ကျွန်မရဲ့ လျှို့ဝှက်စကားလုံးဖြစ်တဲ့ ရေခဲမုန့် ပဲ ဖြစ်ပါတယ်။ ချက်ခြင်းပဲ ပြန်မေးကြတာကတော့၊ ဝိုး၊ တကယ်လား အမေတဲ့။ အဲ့ဒီတော့မှ ကျွန်မလည်း၊ မဟုတ်ဘူး။ သားတို့ရဲ့ အာရုံစိုက်မှု လိုချင်လို့ ဝန်ခံလိုက်ပါတယ်။
ရိုးသားစွာ ပြောရရင် ကျွန်မလည်း လေးလံထိုင်းမှိုင်းတဲ့ နားထောင်သူတစ်ယောက် ဖြစ်တတ်ပါတယ်။ ဥပမာ၊ မိသားစုထက် ဖုန်း အပေါ် အာရုံစိုက်မှု ရှိနေတဲ့အခါမျိုးမှာပေါ့။ ရှင်... ကို ဘာပြောလိုက်တာလဲ...
ဒီလိုဖြစ်တတ်တဲ့ အမှတ်တမဲ့ အမှုအရာတွေအပေါ် ကျွန်မတို့ဟာ ရယ်မောကောင်းရယ်မောမိကြပေမဲ့ ဒါဟာ ကောင်းသောအရာတော့ မဟုတ်ပါဘူး။ တစ်ဖက်လူအပေါ် မလေးစားရာ ရောက်ပါတယ်။ ထို့အပြင်၊ ဘုရားသခင်အပေါ် လျစ်လျူပြုမိတဲ့အခါ ဘုရားသခင်အား စိတ်ထိခိုက်ဖွယ် တန်ဖိုးနှိမ့်ချလိုက်ခြင်းနှင့် အကယ်စင်စစ် ပုံကန်လိုက်ခြင်းပင် ဖြစ်ပါတယ်။
အကယ်၍၊ ကျွန်မတို့ဟာ ကောင်းကင်အဖနောက်သို့ အကြွင်းမဲ့ လိုက်လျှောက်ရင် ဘုရားသခင်ရဲ့ သတင်းစကားအပေါ် အာရုံစိုက်မှု ပေးရန် လိုအပ်ပါတယ်။ သတိရသင့်တာကတော့ ဘုရားသခင်ရဲ့ ပြောဆိုဆက်ဆံမှုဟာ နှုတ်ကပတ်တော်အားဖြင့်ဖြစ်စေ၊ ယုံကြည်သူအချင်းချင်းရဲ့ စကားအကြံဉာဏ်အားဖြင့်ဖြစ်စေ၊ သမ္မာကျမ်းစာအစီအစဉ်အားဖြင့်ဖြစ်စေ၊ အိပ်မက် (သို့) ရူပါရုံ၊ တီးတိုးပြောဆိုမှု၊ တို့ထိသောအတွေးများအားဖြင့်ဖြစ်စေ ပုံစံမျိုးစုံနဲ့ လာနိုင်ပါတယ်။ ဟုတ်ပါတယ်... ဘုရားသခင်ရဲ့ ဆက်သွယ်ပြောဆိုမှုဟာ ကျယ်ပြန့်လှပါတယ်။ ၎င်းမှာ ဘုရားသခင်ဟာ ကြီးမြတ်သော ဖန်ဆင်းရှင်ဖြစ်ပြီး မိတ်ဆွေနဲ့ အဆက်မပြတ် ဆက်သွယ်လိုတဲ့ ဆက်သွယ်ရေးကျွမ်းကျင်ပညာရှင် ဖြစ်ပါတယ်။
အဖဘုရားသခင်ထံ တောင်းလျှောက်ပါ။ ။ကိုယ်တော်ထံ အာရုံစိုက်မှု ပေးဖို့ အဘယ်အရာက ကျွန်မကို တားဆီးနှောင့်ယှက်နေပါသလဲ။
ဒီနေ့ရဲ့ ဝတ်ပြုသီချင်း အကြံပြုချက် - ဆရာမ Lauren Daigle သီဆိုထားတဲ့ First (ပထမ)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာမ Amy Groeschel သည် ဤခုနှစ်ရက်တာ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏ နှလုံးတော်မြတ်မှ မိမိတို့၏ နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရှားပြီး ကိုယ်တော်၏ အသံတော်အပေါ်မှာ အာရုံပြုနိုင်စေရန် ဤအစီအစဉ်က မိတ်ဆွေကို သင်ကြားပေးမည့်အကြောင်း ဖြစ်သည်။
More