ဘုရားသခင်ကို နားထောင်ခြင်းနမူနာ
နားမထောင်ခြင်း လက္ခဏာတွေ
အာဒံနဲ့ ဧဝက ဘုရားကို အရင်ဆုံးသိရှိကြသူတွေ ဖြစ်ခဲ့တယ်။ သူတို့နောက်မျိုးဆက်တွေနဲ့ မိသားစုဝင်တွေက ဘုရားကို သိရှိကြတယ်။ နှစ်တွေ တဖြည်းဖြည်းကြာလာတဲ့အခါ လူတော်တော်များများက ဘုရားကို သူတို့ရဲ့ ထောက်ပံ့မစသူအဖြစ် ကျေးဇူးမတင်သည့်အပြင် ကျေးဇူးတော်မချီးမွမ်းဘဲ နေကြခဲ့တယ်။ အပြစ်တရား တိုးလာခဲ့ပြီ။
အပြစ်ဒုစရိုက်ဟာ ဗီဇအပြစ်အားဖြင့် ဖြစ်စေပြီး ဘုရားရဲ့ သမ္မာတရားကို နားမထောင်ဘဲ အလိမ်အညာတွေကို နားထောင်ခြင်းဖြစ်တယ်။ ဘုရားကို ကောင်းမြတ်တဲ့အရာများ ပေးကမ်းသူလို့ ကျွန်မတို့ အသိအမှတ် မပြုတော့အခါ ရှင်းရှင်းလင်းလင်း ကျွန်မတို့ မမြင်ရတော့ပါ။ ကျွန်မတို့ ပညာရှိစွာ မတွေးတတ်တော့ပါ။ သမ္မာတရားကို နားထောင်ဖို့ ကျွန်မတို့ ငြင်းပယ်လာကြတယ်။ (ရော၊ ၁)တွင်၊ ဒီသမ္မာတရားကို ဖော်ပြထားတယ်။
ဝမ်းနည်းစရာကောင်းတဲ့ အရာကို ပြောပြမယ်၊သမ္မာတရားကို နားထောင်ဖို့ ငြင်းပယ်ခြင်းက ဘုရားကို ငြင်းပယ်ခြင်းဖြစ်တယ်။ ခရစ်ယာန်တွေအနေနဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်မြတ်ကို သမ္မာတရားအနေနဲ့ လက်ခံထားကြတယ်။ ဒါပေမဲ့၊ အလိမ်အညာတွေ နားမထောင်ဖို့ လိမ်ညာမှုတွေကို နားလည်သဘောပေါက်ပြီး ငြင်းဆန်ရန် ကျွန်တော်တို့ နားတွေကို ပိတ်ထားရပါမယ်။ ဘုရားရဲ့ အသံတော်ကို နားထောင်ရပါမယ်။
သမ္မာတရားကို ငြင်းပယ်သူများက အခြားသူများကို ၎င်းတို့ရဲ့ လှည့်ဖြားမှုထဲသို့ ဆွဲငင်လေ့ရှိတဲ့ ဝမ်းနည်းစရာအချက်ဖြစ်ကြောင်း ကမ္ဘာဦးကျမ်းတွင် ကျွန်မတို့ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီမေးခွန်းတွေကို စဥ်းစားကြည့်လိုက်ပါ။ ဘုရားရဲ့စကားတော်ကို နားမထောင်ရင် ဘယ်သူက ပိုအန္တရာယ်ရှိပါသလဲ။ မိမိယောက်ျားလား။ မိမိသူငယ်ချင်းတွေလား။ မိမိအလုပ်ရှင်လား။ မိမိသားသမီးတွေလား။ ဘုရားက မိတ်ဆွေကို ဧဝံဂေလိဟောပြောချင်တဲ့ သူစိမ်းတစ်ယောက်လား။
ယခုအချိန်မှာ မိတ်ဆွေက ဆုတောင်းလျက် နားထောင်လို့ရအောင် ကျွန်မ စာရေးနေတာရပ်လိုက်ပါတော့မယ်။
ဖခင်မည်းတော်ကို တောင်းလျှောက်ပါ၊ကျွန်မ ယုံကြည်နေသော အလိမ်အညာတွေကို ဖော်ပြတော်မူပါ။
ဒီနေ့အတွက် နားထောင်ရမယ့် သီချင်း၊ Hillsong Worship မှ No Other Name (ထိုသခင်၏ နာမတော်မှတစ်ပါး)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာမ Amy Groeschel သည် ဤခုနှစ်ရက်တာ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏ နှလုံးတော်မြတ်မှ မိမိတို့၏ နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရှားပြီး ကိုယ်တော်၏ အသံတော်အပေါ်မှာ အာရုံပြုနိုင်စေရန် ဤအစီအစဉ်က မိတ်ဆွေကို သင်ကြားပေးမည့်အကြောင်း ဖြစ်သည်။
More