ဘုရားသခင်ကို နားထောင်ခြင်းနမူနာ
လိုချင်တပ်မက်မှုကြောင့် သွေးဆောင်ဖျားယောင်းခံရခြင်း
အပြစ်ရဲ့ အရင်းအမြစ်က ဒီအလိမ်အညာတွေနဲ့ စတယ် - ဘုရားက မကောင်းမြတ်ဘူး၊ သူ့ကို ယုံကြည်လို့ မရဘူး၊ သူက ကျွန်မတို့ကို ချုပ်ကိုင်ထားတာကွာ။ ဒီလှည့်ဖျားမှုက ဒီနေ့တိုင်ရှိနေတာဖြစ်တယ်။ အဲ့တာက မဆိုးရွားသေးဘူးဆိုရင် ဧဝလိုပဲ ကျွန်မတို့ရဲ့ သဘာဝဆာငတ်နေမှုဟာ ဒီအလိမ်အညာတွေနဲ့ ပေါင်းစည်းသွားကြတယ်။ ဘုရားနဲ့ ကျွန်မတို့ကို ခွဲခွာစေဖို့ ဒီလိုလှည့်ဖျားခြင်းတွေ စာတန်မာရ်နတ် လိုအပ်တယ်။
ဧဝက အသီးကို မြင်ခဲ့ပြီး ဆွဲဆောင်မှုရှိပြီး အရမ်းလှနေတဲ့ ပုံပဲလို့ ထင်ခဲ့တယ်။ ဉာဏ်တော်ပွင့်လင်းခြင်း၊ အသိဉာဏ်ကြွယ်ဝခြင်းနှင့် တန်ခိုးတော်တွေ ရရှိမယ်ဆိုပြီး သူမ ဖျားယောင်းခံလိုက်ရတာ ဖြစ်တယ်။မင်းက ဘုရားလိုပဲ ဖြစ်ပါလိမ်မယ် အမလေး၊ သူမတော့ တကယ်မှားသွားခဲတယ်နော်
မိတ်ဆွေရော ဘယ်လိုလဲ။ မိမိရဲ့ အကန့်အသတ်ရှိတဲ့ ဉာဏ်ရည်နဲ့ အမြင်အာရုံကြောင့် ဘယ်နှစ်ကြိမ် လှည့်ဖျားခြင်းခံရပြီးပြီလဲ။ အဲဒီမေးခွန်းနဲ့ မိတ်ဆွေကို စိတ်ဓာတ်ကျအောင်ပြောတာ မဟုတ်ဘဲ သတိပေးနေတာ ဖြစ်တယ်။ မိတ်ဆွေ ဒီလိုဖြစ်စရာ မလိုပါဘူးနော်။
ဘုရားသခင်ရဲ့ အသံတော်နဲ့ ချိတ်ဆက် အသက်ရှင်နေခြင်းက သူရဲ့ လမ်းပြမှုကို လိုက်နာလျှောက်လှမ်းခြင်းဖြင့် သူ့ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းဖို့ရန် ဖြစ်တယ်။ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းပါ။ မိတ်ဆွေနဲ့အတူ ပါရှိတယ့်အတွက်ကြောင့် အချိန်တိုင်း ချီးမွမ်းပါ။ ဒီလိုမျိုး သန့်ရှင်းတဲ့ ချိတ်ဆက်ခြင်းက အခြေအနေတိုင်းမှာ ကျွန်မတို့ ယုံကြည်ခြင်းကို သူ့ထံ ထားရှိခြင်းနဲ့ ကျွန်မတို့ စိတ်နှလုံးကို ဖျားယောင်းသွေးဆောင်မယ့် အရာတွေမှ နားတွေ၊ မျက်စိတွေ ပိတ်ထားခြင်း ဖြစ်တယ်။
ဒီကမ္ဘာဟာ ကျွန်မနေရာ မဟုတ်သလို မိတ်ဆွေရဲ့ နေရာလည်း မဟုတ်ဘူး။ ကယ်တင်ရှင်ကို စိတ်ရှည်သည်းခံခြင်းဖြင့် ယုံကြည်သောသူတိုင်းကို ကောင်းကင်သစ်နဲ့ မြေကြီးသစ်အဖို့ စောင့်ကြိုနေပါတယ်။ လေတိုက်ရာ လမ်းကြောင်းတိုင်းကို ကျွန်မတို့ လိုက်ရန် မလိုအပ်ပါ။ ကောင်းတဲ့အရာတွေ မရမှာကို စိတ်ပူနေစရာ မလိုပါ။ ဘာကြောင့်လဲဆိုတော့၊ ကျွန်မတို့အတွက် ထာဝရဆုကျေးဇူးက စောင့်ကြိုနေလို့ ဖြစ်တယ်။ နောက်ပြီး ဘုရားတစ်ပါးတည်းသာ ကောင်းမြတ်သောသူဖြစ်တာဆိုတာကို ကျွန်မတို့ သိကြတယ်။ ကျွန်မတို့အတွက် လုံလောက်တယ်၊ ပြည့်စုံတယ်၊ အရာအားလုံး ဖြစ်တယ်။
ဖခင်မည်းတော်ကိုတောင်းလျှောက်ပါ၊ ကျွန်မ့နှလုံးသား ကိုယ်တော့်အတွက် ဖြစ်စေဖို့ ကျွန်မသိရမယ့်အရာ (သို့) လုပ်ရမယ့်အရာ ရှိနေပါသလား။
ဒီနေ့အတွက် နားထောင်ရမယ့် သီချင်း - Jimmy Needham မှ Clear the Stage (စင်မြင့်ကိုရှင်းပါ)
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာမ Amy Groeschel သည် ဤခုနှစ်ရက်တာ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏ နှလုံးတော်မြတ်မှ မိမိတို့၏ နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရှားပြီး ကိုယ်တော်၏ အသံတော်အပေါ်မှာ အာရုံပြုနိုင်စေရန် ဤအစီအစဉ်က မိတ်ဆွေကို သင်ကြားပေးမည့်အကြောင်း ဖြစ်သည်။
More