ဘုရားသခင်ကို နားထောင်ခြင်းနမူနာ
မိမိရဲ့ ဝိညာဉ်ရေးရာအကြံပေးအဖွဲ့မှာ ဘယ်သူပါဝင်သလဲ။
ဘုရားသခင်ဟာ သူ့ရဲ့အလိုတော်နဲ့ ဉာဏ်ပညာတော်ကို မိတ်ဆွေထံသို့ အခြားသော ခရစ်တော်နောက်လိုက်များမှတစ်ဆင့် မကြာခဏ ဆက်သွယ်တတ်ပါတယ်။ အခြားသောခရစ်ယာန်များကို အသုံးပြုပြီး ကျွန်မရဲ့ စိတ်နှလုံးသားဆီသို့ ဘုရားသခင် သတင်းစကားပါးတဲ့ အကြိမ်များကို ရေတွက်ဖို့ ကျွန်မ စတောင်မစနိုင်ပါ။ ကျွန်မရဲ့ သင်းအုပ်ဆရာ၊ ပေါ့တ်ကာစ် (Podcast) တစ်ခုခု၊ ကျွန်မရဲ့ မိတ်ဆွေအပေါင်းအသင်းများ၊ သားသမီးများ၊ ဘလော့ဂါ (Blogger) တစ်ဦးဦး (သို့) ကျွန်မရဲ့ LifeGroup မှ တစ်စုံတစ်ယောက်အားဖြင့် ဘုရားသခင်ရဲ့ တီးတိုးပြောဆိုသံကို ကြားရပါတယ်။ အဆိုပါပုဂ္ဂိုလ်များမှ အချို့ကို ကျွန်မရဲ့ ဝိညာဉ်ရေးရာအကြံပေးအဖွဲ့အဖြစ် အမှန်တကယ် ရှုမြင်လေ့ရှိပါတယ်။ ၎င်းတို့မှာ ကျွန်မ့ ခင်ပွန်းသည်၊ ဆရာတစ်ဦး၊ ဆုတောင်းဖော်တစ်ယောက်၊ မိတ်ဆွေတစ်ယောက်နဲ့ ကျွန်မရဲ့ မိဘများပဲ ဖြစ်ပါတယ်။
မိတ်ဆွေရော... မိတ်ဆွေလေးစားရတဲ့ အခြားသောယုံကြည်သူများကို ရှာဖွေပြီး နာထောင်လေ့ ရှိပါသလား။ အခြားသောခရစ်ယာန်များ၊ အထူးသဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်အပေါ် အခြေတည်ပြီး ကြီးထွားရင့်ကျက်နေသော ပုဂ္ဂိုလ်များနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်နေထိုင်ခြင်းဟာ မိမိရဲ့ ပုဂ္ဂိုလ်ရေးရာ ယုံကြည်မှုခရီးလမ်းအတွက် မရှိမဖြစ် အရေးပါလှပါတယ်။
သို့သော်လည်း၊ ၎င်းတို့ကို နားထောင်သိရှိယုံလောက်နဲ့ မလုံလောက်ပါဘူး။ သင်ကြားနာခဲ့ရတဲ့ အကြံဉာဏ်၊ အသိပညာများကို မကြာမကြာ လက်တွေ့လိုက်နာ အသုံးချပါရဲ့လား။
ယင်းတို့ကို သိနားလည်ကာ ခရစ်ယာန်အသိုင်းအဝိုင်းမှာ ပါဝင်မြဲပါဝင်ပါ။ မိမိရဲ့ ယုံကြည်မှုအသိုက်အမြုံရဲ့ စကားကို နာခံပါ။ ၎င်းတို့ကို ကျွန်မတို့လိုအပ်ပါတယ်။ ကျွန်မတို့ကိုလည်း သူတို့လိုအပ်ပါတယ်။ ယနေ့ဖတ်ရှုကြမယ့် (သု၊ ၁၈း၂) မှာ၊ ကိုယ်သိကိုယ်တတ် ပြုမူခြင်းဟာ မှားယွင်းကြောင်း ရှင်းလင်းစွာ ဖော်ပြထားပါတယ်။
ကျွန်မတစ်ယောက်တည်းအနေနဲ့တော့ မိုက်ရူးရဲ မဆန်လိုပါ။ ကျွန်မ အကူအညီ လိုအပ်ပါတယ်။ ဉာဏ်ပညာလိုအပ်ပါတယ်။ ဘုရားသခင်ရဲ့ လမ်းညွှန်ပြသမှု၊ သွန်သင်မှု၊ ချစ်ခြင်းမေတ္တာတော်ကို ကြားနာခံယူနိုင်ဖို့ရန် စိတ်နှိမ့်ချပြီး သွန်သင်ဆုံးမလွယ်အောင် နေထိုင်ရန် ကျွန်မ လိုအပ်ပါတယ်။ ဘုရားသခင်ဟာ သူရဲ့ အခြားသော သားသမီးများမှတစ်ဆင့် ကျွန်ုပ်တို့ကို မကြာခဏ စကားပြောတတ်တဲ့အတွက်ကြောင့် ကျွန်မရဲ့ နှလုံးသားဟာ နှိမ့်ချပြီး ဆုံးမရလွယ်အောင် နေထိုင်ဖို့ ကျွန်မ လိုအပ်ပါတယ်။
ဘုရားသခင်ထံ တောင်းလျှောက်ပါ။ ။ကျွန်မရဲ့ဝိညာဉ်ရေးရာအကြံပေးအဖွဲ့မှာ အဘယ်သူများ ရှိနေရန် လိုအပ်ပါသလဲ။
ယနေ့အတွက် ဝတ်ပြုသီချင်း အကြံပြုချက် - Will Reagan နှင့် United Pursuit သီဆိုထားတဲ့ Set a Fire (မီးကိုလောင်တော်မူပါ)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆရာမ Amy Groeschel သည် ဤခုနှစ်ရက်တာ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏ နှလုံးတော်မြတ်မှ မိမိတို့၏ နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရှားပြီး ကိုယ်တော်၏ အသံတော်အပေါ်မှာ အာရုံပြုနိုင်စေရန် ဤအစီအစဉ်က မိတ်ဆွေကို သင်ကြားပေးမည့်အကြောင်း ဖြစ်သည်။
More