YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်ကို နားထောင်ခြင်းနမူနာ

Listening To God

7 ၏ နေ့ 6

လူစိမ်းရဲ့ အန္တရာယ်

ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအဝင်ဖြစ်သူ အများအပြားဟာ လူစိမ်းရဲ့ လိမ်လည်လှည့်စားမှုအသံကို ခုခံနိုင်စွမ်းနည်းသထက်နည်းလာကြပါတယ်။ ပြိုင်ဆိုင်တတ်ပြီး ဘုရားမပါတဲ့ စကားစမြည်များကြောင့် ဘုရားသခင်ရဲ့ အသံတော် ကြားနာခံယူရမှုဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ ဝမ်းနည်းဖွယ်ကောင်းစွာပဲ ၎င်းတို့ဟာ ဘုရားသခင်ရဲ့ ဂုဏ်အင်္ဂါတော်များနှင့် နှုတ်ကပတ်တော်မြတ်အားဖြင့် ကိုယ်တော်သင်ကြားပြသပေးသော သမ္မာတရားအပေါ် သံသယစိတ် ဝင်လာကြပါတယ်။

ဒီပြဿနာရဲ့ မူလအစကတော့ ဧဒင်ဥယျာဉ်က ဧဝပဲ ဖြစ်ပါတယ်။

ကျွန်မအံ့ဩသိချင်မိပါတယ်။
ဧဝဟာ ဘာ့ကြောင့်များ မြွေရဲ့ လှည့်ဖြားတဲ့ အပြုအမူလုပ်ဆောင်ချက်ကို နာခံမွေ့လျော်ခဲ့ပါသလဲ။
ဒါဟာ လူစိမ်းရဲ့ အသံဆိုတာ သူဘာကြောင့် မသိခဲ့တာလဲ။

ကျွန်မအံ့ဩသိချင်မိပါတယ်။ဧဝဟာ သူမရဲ့ သိုးထိန်းဖြစ်တဲ့ ဘုရားသခင်ကို ဘယ်လောက်ကောင်းကောင်း အမှန်တကယ် သိပါခဲ့သလဲ။ သူဟာ ရန်သူ့ရဲ့ လိမ်လည်မှုအောက် လွယ်လွယ်ကူကူ ကျရောက်သွားဟန်တူပါတယ်။
ဘာလို့များ ဧဝဟာ ချက်ချင်းဆိုသလို လိမ်ရလွယ်ကူခဲ့ရပါသလဲ။

ဧဝဟာ သမ္မာတရားကို သိခဲ့ပေမဲ့ သမ္မာတရားအပေါ် ခိုင်ခိုင်မာမာ မရပ်တည်ခဲ့ဘူးလို့ ကျွန်မ ယုံကြည်မိပါတယ်။ ဘုရားသခင် အဘယ်လဲမိန့်တော်မူခဲ့ကြောင်း သူမသိပေမဲ့ ကိုယ်တော်သည် အကြွင်းမဲ့ ယုံကြည်ကိုးစားထိုက်ပြီး ကောင်းမြတ်တော်မူတဲ့ အရှင်ဖြစ်ကြောင်း အပြည့်အဝ နားလည်သဘောပေါက်ခဲ့ခြင်း သိပ်မရှိခဲ့ဘူး။ ကိုယ်တော်က ကောင်းတဲ့အရာ တစ်စုံတခုကို ဘယ်သောအခါမျှ ထိန်ချန်ထားလိမ့်မယ် မဟုတ်ကြောင်း သူမ နားမလည်ခဲ့ဘူး။

နတ်ဆိုးအားလည်းကောင်း၊ လိမ်ညာမှုအားလည်းကောင်း၊ ခမည်းတော်အပေါ် မနာခံခြင်းသို့ သွေးဆောင်ခံရနိုင်မည်ကိုလည်းကောင်း၊ တားမြစ်ထားတဲ့ အသီးကို မစားခင် သူမ သတိမမူမိခဲ့ဘူး။

ဒါပေမဲ့၊ ဒီအရာဟာ ကျွန်မတို့အတွက် မှန်ကန်ခြင်း မရှိဘူး။ ကျွန်မတို့က သတိမရှိဘဲ မနေကြဘူး။ စစ်မှန်တဲ့ လမ်းပြမှုအဖြစ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မြတ်၊ ဥပဇ္ဈာယ်ဆရာအဖြစ် သန့်ရှင်းသောဝိညာဉ်တော် (သမ္မာတရားနှင့်ပြည့်စုံတဲ့ ဝိညာဉ်တော်)၊ ကယ်တင်ရှင်နှင့် တရားနဲ့အညီ စီရင်သောအရှင် ယေရှုခရစ်တော်တို့ကို ရရှိထားခြင်းအတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ဒါပေမဲ့၊ ကျွန်မတို့က ဧဝလိုပဲ လူစိမ်းရဲ့ လှည့်ဖြားမှုကို နာယောင်မိတတ်ကြပါတယ်။ ဘာကြောင့်လဲ။

အကြောင်းရင်းတစ်ခုကတော့၊ ကျွန်မတို့ရဲ့ ဖျော်ဖြေရေးမှတစ်ဆင့် ရန်သူရဲ့ လှည့်ဖြားမှုကို မကြာခဏ ဆိုသလို ဖျော်ဖြေမိနေတတ်ပါတယ်။ ဘုရားသခင်ရဲ့ အသံတော် များစွာလစ်ဟင်းနေတတ်တဲ့ တီဗီ၊ အင်တာနက်၊ ရုပ်ရှင်တွေ၊ စာအုပ်တွေနဲ့ မဂ္ဂဇင်းတွေဟာ ကျွန်မတို့ လူမှုအဖွဲ့အစည်းများကို လွှမ်းမိုးလာနေပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီဘုရားမပါတဲ့ လှည့်ဖြားမှု အသံများနဲ့ ပြော၍မကုန်နိုင်သည့် နာရီပေါင်းများစွာ ကုန်ဆုံးနေစဉ်၊ ကျွန်မတို့ စိတ်နှလုံးသားများကတော့ အသက်ရှင်တက်ကြွကာ နှိုးဆော်တတ်သော ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဆာငတ်ကာ လျော့ရဲညစ်ထေးလာလျက် ရှိနေပါတယ်။

ကျွန်မတို့ရဲ့ သိုးထိန်းရှင်ကို ကျွန်မတို့ သိရှိရန် လိုအပ်ပါတယ်။ ကိုယ်တော်ရဲ့ စိမ်းလမ်းတဲ့ စားကျက်မြေနဲ့ အာဟာရဖြည့်တင်းရန် လိုအပ်ပါတယ်။ ကိုယ်တော်ရဲ့ အသံတော်နောက် လိုက်လျောက်နိုင်အောင် ကိုယ်တော်နဲ့ နီးနီးကပ်ကပ်ရှိနေရန် လိုအပ်ပါတယ်။

နံနက်ဖြန်ရဲ့ ဓမ္မစာပေ ဖတ်ရှုခြင်းကို မမေ့ပါစေနဲ့နော်။ သိုးထိန်းရှင်နှင့် သိကျွမ်းလာခြင်းနဲ့ပတ်သတ်ပြီး အထောက်အကူ ဖြစ်စေမည့် သုံးသပ်ချက်တွေနဲ့ နိဂုံးချုပ်မှာ ဖြစ်ပါတယ်။

အဖဘုရားသခင်ထံတောင်းလျှောက်ပါ။ ။ ကိုယ်တော်၏ အသံတော် (သို့) ကိုယ်တော်ထံမှလာသော အသံတော်မဟုတ်သည့် အခြားအသံများကို ကျွန်မနားထောင်နေမိပါသလား။

ယနေ့အတွက် ဝတ်ပြုသီချင်းအကြံပြုချက် - Kristian Stanfill ရဲ့ သီချင်း My Heart Is Yours (ကျွန်ုပ်၏နှလုံးသားသည် ဘုရားအဖို့ ဖြစ်၏)။

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

Listening To God

ဆရာမ Amy Groeschel သည် ဤခုနှစ်ရက်တာ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏ နှလုံးတော်မြတ်မှ မိမိတို့၏ နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရှားပြီး ကိုယ်တော်၏ အသံတော်အပေါ်မှာ အာရုံပြုနိုင်စေရန် ဤအစီအစဉ်က မိတ်ဆွေကို သင်ကြားပေးမည့်အကြောင်း ဖြစ်သည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Life.Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။