YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း-နေ့စဉ်ဝမ်းမြောက်ခြင်းကို ‌အလေ့အထဖြစ်အောင် ဘယ်လိုလုပ်မလဲနမူနာ

Joy Over Stress: How To Make Daily Joy A Habit

6 ၏ နေ့ 6

အားလုံးကိုအတူတကွပေါင်းစည်းခြင်း

တခါတုန်းက ခရစ်ယာန်သာဖြစ်ပြီး ဝမ်းမြောက်ခြင်းမရှိခြင်းကြောင့် တခုခုမှားယွင်းနေသလို ခံစားရတယ့် ခရစ်ယာန်တစ်ယောက်နဲ့ ကျွန်တော် တွေ့ခဲ့ဖူးတယ်။

သူဝမ်း‌မြောက်ခြင်းရှိသင့်တယ်လို့ ယုံကြည်ဖို့ သူ့အတွက် လွယ်ကူလွန်းတယ်။ ခရစ်ယာန်ဘာသာက ဝမ်းမြောက်ခြင်းအလိုအလျောက်ရှိတယ်လို့ တော်တော်များများ ယူဆတတ်ကြတယ်။ သင်ခရစ်ယာန်ဖြစ်လာတာနဲ့ ယေရှုရဲ့ ဝမ်းမြောက်ခြင်း သင့်ဆီမှာ အလိုအလျောက်ရှိလာတယ်လို့ ထင်ကြတာဖြစ်တယ်။

ဒါပေမယ့် ကျမ်းစာက အဲ့လိုမပြောထားဘူး။

အဲ့အစား ကျွန်တော်တို့ ခက်ခဲတယ့် အချိန်များကို ဖြတ်သန်းရမယ်လို့ ကျမ်းစာက ပြောပြထားတယ်။ ‌ယခုချက်ချင်း ပျော်ရွှင်မှုရရှိဖို့ အာမ မခံပါ။

ကံကောင်းစွာဖြင့် ဤလောကမှာ မိဘမဲ့များဖြစ်နေမှာမဟုတ်ဘူးလို့ ယေရှုကပြောပြထားတယ်(ရှင်ယောဟန်၁၄:၁၈)။ သူက သန့်ရှင်းသော ဝိညာဉ်တော်ကို ကျွန်တော်တို့နှင့် အတူရှိဖို့ စေလွှတ်ထားတာဖြစ်တယ်။ ဝိညာဉ်တော်ထဲမှာ ကျွန်တော်တို့ ကိန်း‌အောင်းခြင်းဖြင့် ဝိညာဉ်တော်အသီးဖြစ်တယ့် ဝမ်းမြောက်ခြင်းကို ခံစားရမှာဖြစ်တယ်(ဂလာတိ၅:၂၂)။

ဝမ်းမြောက်ခြင်းက ခရစ်ယာန်တွေအတွက် အလိုအလျောက်မဟုတ်ပါ။ ကျွန်တော် အဆက်မပြတ် မှီခိုရမယ့်အရာဖြစ်တယ်။ သတင်းကောင်းကတော့ ဝိညာဉ်တော်အားဖြင့် ဝမ်းမြောက်ခြင်းကို ရရှိနိုင်တာဖြစ်တယ်။ ဝိညာဉ်တော်ရဲ့ မျက်မှောက်တော်အားဖြင့် ခက်ခဲတယ့်အရာတွေမှာ ကျွန်တော်တို့ ကြီးထွားနိုင်တယ်။

ဟုတ်ပါတယ်၊ ဒီဝမ်းမြောက်ခြင်းကို ကျွန်‌တော်တို့ ထိန်းသိမ်းမှဖြစ်မယ်။ ခက်ခဲတယ့်အရာမှ ကျွန်တော်တို့ ဆက်ပြီး ထွက်ပြေးနေမယ်ဆိုရင် "ဇာတိပကတိအလိုဆန္ဒတို့ကို ကျေနပ်စေမှာဖြစ်ပြီး"(ဂလာတိ၅:၁၄) ဘုရားသခင် ကျွန်တော်တို့ကို ရှိစေချင်တယ့် ဝမ်းမြောက်ခြင်းမှာ ကျွန်တော်တို့ ကန့်သတ်လိုက်မှာဖြစ်တယ်။

ဝိညာဉ်တော်အားဖြင့် ကျွန်တော်တို့ရဲ့ ဝမ်းမြောက်ခြင်းကို တိုးတက်အောင်ပြုလုပ်နိုင်သော လက်တွေ့ကျသော နည်းလမ်းများကို အောက်တွင် ဖော်ပြလိုက်ပါသည်။

  • မကောင်းသောအတွေးများကို ထိန်းချုပ်ပါ
  • မကောင်းတယ့်စိတ်ခံစားချက်များကို ခွင့်ပြုပါ
  • စိတ်ခံစားချက်တွေကို သာယာမှုဖြင့် မရှောင်လိုက်ပါနဲ့,

ဝမ်းမြောက်ခြင်းက ဒီအချက်၃ချက်ရဲ့ တခြားတဖက်မှာရှိတယ်။ ဒီအရာတွေကို နေ့စဉ်စိတ်ဖိစီးမှု အလယ်တွင် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဝမ်းမြောက်ခြင်းအတွက် မဲပေးတာဖြစ်တယ်။

ယခု ဝမ်းမြောက်ခြင်းကို အကျင့်အဖြစ် ပြုလုပ်ပါ။

ဒီအစီအစဉ်ဟာ သင့်ကိုခွန်အားပေးမယ်လို့ ‌ကျွန်တော်တို့ မျှော်လင့်တယ်။ သမ္မာကျမ်းစာရဲ့ လက်တွေ့ကျသော ဝမ်းမြောက်ခြင်း အကြောင်းကို https://nealsamudre.com/overstress/.

တွင် ပိုမိုလေ့လာပါ။https://nealsamudre.com/overstress/.

နေ့ 5

ဤအစီအစဉ်အကြောင်း

Joy Over Stress: How To Make Daily Joy A Habit

ကျွန်တော်တို့ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဉ်ကျေးမှုကတော့ ပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်ကြောင်းပြောပါတယ်။ သမ္မာကျမ်းစာကတော့ တခြားနည်းနဲ့ ပုံဖော်ရေးဆွဲတယ်။ ဒီ၆ရက်တာ ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ဟာ သင်နေ့စဉ်ကြုံတွေ့နေရတယ့် စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာ နည်းအတိုင်း လက်တွေ့ကျကျ ဘယ်လို ရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားတယ်။

More

ဒီဆုတောင်းအစီအစဉ်ကို ထောက်ပံ့ပေးတယ့် Neal Samudre ကို ကျွန်တော်တို့ ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက https://nealsamudre.com/overstress/သို့သွားပါ