စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း-နေ့စဉ်ဝမ်းမြောက်ခြင်းကို အလေ့အထဖြစ်အောင် ဘယ်လိုလုပ်မလဲနမူနာ
ပျော်ရွှင်မှုများကိုရပ်တန့်ခြင်း
ကျွန်တော်တို့ စိတ်ခံစားချက်များကို မကြာခဏ လျစ်လျူရှုရခြင်း အကြောင်းမှာ ထိုအရာတွေကို မလိုအပ်ဘူးဆိုတယ့် ပေါကြွယ်ဝတယ့်ယဉ်ကျေးမှုထဲမှာ နေထိုင်နေရတယ်။
ဝမ်းနည်းနေရသလို ခံစားရပါသလား။ အဲ့အတွက် အက်ပ်၁ခုရှိတယ်။
ပျင်းရိနေသလို ခံစားရပါသလား။ အဲ့အတွက် ပွဲ၁ခုရှိတယ်။
အထီးကျန်နေသလို ခံစားရပါသလား။ အဲ့အတွက် အချိုပွဲရှိတယ်။
ကျွန်တော်တို့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းဖို့နှင့် ပိုမိုသက်သာလာစေဖို့ တခြားအရာများဆီသို့ ဦးတည်လာတတ်ပါတယ်။ သူတို့က ကျွန်တော်တို့ ဦးနှောက်ထဲသို့ ကျွန်တော်တို့ကို တခဏတာ ပျော်ရွှင်စေမယ့် ဒိုပါမင်းများကို ပေးပါတယ်။ စိတ်ပညာကျွမ်းကျင်သူများက ဤဒိုပါမင်းများထုတ်ပေးသည့်အရာကို"စိတ်သက်သာမှုများ"ဟုခေါ်ဆိုကြတယ်။
ဒါပေမယ့် လေ့လာချက်အရ ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုတွေကို သာယာမှုတွေနဲ့ ဖြေရှင်းလိုက်ရင် စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကျွန်တော်တို့သိမှာမဟုတ်ပါ။ ကျွန်တော်တို့စိတ်ဖိစီးမှုတွေကို မရင်ဆိုင်နိုင်ခြင်းက ထိုစိတ်ဖိစီးမှုတွေကို စွမ်းအားပေးရာရောက်တယ်။
သင်စိတ်ဖိစီးခံနေရချိန်မှာ ဘယ်စိတ်သာယာမှုတွေဆီဦးတည်သလဲ။
စိတ်သာယာမှုတွေနောက်ဘဲ လိုက်ရင် ကျွန်တော်တို့ကို ထိခိုက်စေမှာဖြစ်တယ်လို့ ကျမ်းစာကရှင်းလင်းစွာဖော်ပြထားတယ်။
လုကာ၁၅မှ ပျောက်သောသား ဥပမာကိုစဉ်းစားကြည့်ပါ။ သားကတော့ ငတ်မွတ်ဆင်းရဲခြင်းမတိုင်ခင် သာယာမှုအားလုံးကို ရသလောက်ယူခဲ့တယ်။
ဒါမှမဟုတ် ဧသောကို စဉ်းစားကြည့်ပါ၊ အစားအစာ စိတ်သာယာမှုအတွက် သူ၏ သားဦးအရာကို ယာကုပ်ဆီ ရောင်းစားခဲ့တယ်(ကမ္ဘာဦးကျမ်း၂၅:၃၃)
ဘုရားက ကျွန်တော်တို့အားလုံး တသက်လုံးကောင်းအောင် မခံစားစေချင်တာမဟုတ်ပါ။ ဒိုပါမင်းကို အလွန်ဆာငတ်အောင် ကျွန်တော်တို့ကို ဖန်ဆင်းထားရတယ့် ရည်ရွယ်ချက်ရှိတယ်။
ဘုရားက ကျွန်တော်တို့ကို ပျော်ရွှင်စေချင်သော်လည်း ကိုယ်တော်နှင့် ကျွန်တော်တို့အတွက် ရှိရှိသမျှကို သိရှိခြင်းမဟုတ်ပါ။ ဘုရားသခင်က ကျွန်တော်တို့ကို ခက်ခဲတယ့်ချိန်တွေမှာ ကြီးထွားစေလိုပြီး သူ၏ မဆုံးနိုင်သော ဝမ်းမြောက်ခြင်းဖြင့် ပျော်ရွှင်နေခြင်းကို တွေ့ကြုံစေလိုတာဖြစ်တယ်။
ဆာလံ၂၇:၁၄က ဘုရားကို မျှော်လင့်ပြီး အားယူ၍ ရဲရင့်ခြင်းရှိကြဖို့ ပြောထားတယ်။ ကျွန်တော်တို့ နာကျင်မှုများမှ သာယာခြင်းဖြင့် ရှောင်မထွက်ခင် ဘုရားကို စောင့်ဆိုင်းဖို့အတွက် ခွန်အားရှိဖို့လိုပါတယ်။
ကျွန်တော်တို့ ခေတ္တရပ်ပြီး ငြိမ်ဝပ်ခြင်းကို လေ့ကျင့်လျက် စိတ်ဖိစီးမှုကို ကျွန်တော်တို့ အစွမ်းအစဖြင့်ဖြေရှင်း ခွင့်မပြုဖို့လိုတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ ဘုရားအပေါ် မှီခိုအားထားရာကို တိုးတက်စေရုံသာမက ကျွန်တော်တို့ရဲ့ စစ်မှန်သော ဝမ်းမြောက်ခြင်းကို တိုးလာစေမှာဖြစ်တယ်(စက်ရုံထုတ် ဝမ်းမြောက်ခြင်းမဟုတ်ပါ)။
ဤအစီအစဉ်အကြောင်း
ကျွန်တော်တို့ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဉ်ကျေးမှုကတော့ ပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်ကြောင်းပြောပါတယ်။ သမ္မာကျမ်းစာကတော့ တခြားနည်းနဲ့ ပုံဖော်ရေးဆွဲတယ်။ ဒီ၆ရက်တာ ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ဟာ သင်နေ့စဉ်ကြုံတွေ့နေရတယ့် စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာ နည်းအတိုင်း လက်တွေ့ကျကျ ဘယ်လို ရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားတယ်။
More