စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း-နေ့စဉ်ဝမ်းမြောက်ခြင်းကို အလေ့အထဖြစ်အောင် ဘယ်လိုလုပ်မလဲနမူနာ
စိတ်ဖိစီးသော အတွေးအခေါ်များကို ထိန်းချုပ်ခြင်း
ဝမ်းမြောက်ခြင်းအပေါ် ကျွန်တော့် လေ့လာချက်အရ ကျွန်တော်တို့ရဲ့ အခြေအနေက ပင်ကိုအားဖြင့် စိတ်ဖိစီးမှုဖြစ်စေတာမဟုတ်ကြောင်း တွေ့ရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ အခြေအနေပေါ် စဉ်းစားတွေးခေါ်မှုသာလျှင် စိတ်ဖိစီးမှုကို ဖြစ်စေတာဖြစ်တယ်။
ဒီအရာကို စဉ်းစားလေ ကျွန်တော်ပိုပြီး ယုံကြည်လေဖြစ်တယ်။ လူအများရှေ့မှာ စကားပြောနေတာကို မြင်ကြည့်ပါ။ တချို့လူတွေအတွက် လွယ်ကူပေမယ့် တချို့သူများအတွက် စိတ်ဖိစီးမှု အဖြစ်ဆုံးအရာကို ပြုလုပ်နေရခြင်းဖြစ်တယ်။ လူအများရှေ့မှာစကားပြောခြင်းက စိတ်ဖိစီးမှုကိုဖြစ်စေတာမဟုတ်ပါ။ လူအများရှေ့မှာစကားပြောရမှာကို စဉ်းစားလိုက်ခြင်းကြောင့် ဖြစ်တယ်။
ကျမ်းစာကို သင်ကြည့်လိုက်ရင်လဲ ယုတ္တိရှိတယ်။
ဖိလိပ္ပိဩဝါဒစာထဲမှာ ရှင်ပေါလုထောင်ထဲမှာရှိတာတွေ့ရတယ်။ သူဝမ်းမြောက်နေတယ်လို့ ထပ်ခါထပ်ခါပြောနေတာဖြစ်တယ်။
မစဉ်းစားနိင်လောက်အောင် စိတ်ဖိစီးမှုအလွန်များတယ့် အခြေအနေမှာတောင် သူဘယ်လိုများဝမ်းမြောက်နိုင်တာလဲ။ ကျွန်တော်တို့သာ ထောင်ထဲရှိနေမယ်ဆိုရင် ဝမ်းမြောက်ခြင်းအကြောင်းကို ပြောဖြစ်မှာတောင်မဟုတ်ပါ။
ထောင်ထဲမှာရှိနေခြင်းက ပင်ကိုယ်အားဖြင့် စိတ်ဖိစီးစေတာမဟုတ်ပါ။ ထောင်က အလိုအလျောက် စိတ်ဖိစီးမှုကို သယ်ဆောင်လာတာမဟုတ်ပါ။ ထောင်ထဲမှာရှိနေရခြင်းအကြောင်းကို ကျွန်တော်တို့ စဉ်းစားလိုက်ခြင်းကြောင့် ဖြစ်တယ်။
နောက်ပြီး ပေါလုကထောင်ထဲမှာရှိနေခြင်းက ခရစ်တော်အတွက် အသက်ရှင်ရခြင်းဖြစ်ကြောင်း ထင်ခဲ့တယ်(ဖိလိပ္ပိ၁:၁၈-၂၀)။ သူ့ရဲ့ အခြေအနေတွေက စိတ်ဖိစီးမှုနဲ့ ဆက်သွယ်နေတာမဟုတ်ဘဲ ဝမ်းမြောက်ခြင်းနဲ့ ဆက်သွယ်နေတာဖြစ်တယ်။
ဒီအရာကိုသိခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်မျာကို ဘယ်လို ထိန်းချုပ်ပြီး ဝမ်းမြောက်ခြင်းနဲ့ ဘယ်လိုညှိနှိုင်းနိုင်မလဲ။
ထပ်ခါတလဲလဲဖြစ်ပေါ်နေတယ့် ကျွန်တော်တို့ အတွေးခေါ်များကသာလျှင် ကျွန်တော်တို့ ယုံကြည်ချက်ဖြစ်ကြောင်း သိရန်အရေးကြီးတယ်။
ဖိလိပ္ပိထဲမှာ"ဝမ်းမြောက်ခြင်း"နဲ့ "ဝမ်းမြောက်နေခြင်း"စကားလုံးကို ဤကျမ်းပိုဒ်တိုထဲမှာ ရှင်ပေါလု ၁၆ခါသုံးထားတာကို တွေ့ရတယ်။ သူက ဝမ်းမြောက်ခြင်းအတွက် အကြိမ်ကြိမ်ကြွေးကြော်နေတာဖြစ်တယ်။ သူ ယုံကြည်တယ့်အရာကို ထပ်ခါတလဲလဲ စဉ်းစားနေတာဖြစ်တယ်။
လူတော်တော်များများက ကျွန်တော်တို့ ယုံကြည်ချက်ခရီးစဉ်က အသက်မရှိဟု ယုံနေကြတယ်။ ကျွန်တော်တို့က သက်သေအရင်ရတာဖြစ်ပြီး ထိုသက်သေကို ယုံကြည်တာဖြစ်တယ်။
ဒါပေမယ့် ယုံကြည်နေသည့် ကာလကတော့ ပိုပြီးအသက်ဝင်တယ်။ ကျွန်တော်တို့ယုံကြည်နေတာကို လွတ်လပ်စွာရွေးချယ်လို့ရပြီး ထိုအရာအပေါ် ကျွန်တော်တို့ ထပ်ခါတလဲလဲ လက်တွေ့ကျကျ ကျင့်သုံးလို့ရတယ်။
ကျမ်းစာထဲမှာ ယေရှုကြောင့် ခက်ခဲသောအရာများကို ကျွန်တော်တို့ လုပ်နိုင်တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ဂရုစိုက်ပြီး ချစ်တာဖြစ်တယ်လို့ သွန်သင်ခြင်းခံရတယ်။ တနေ့မှာ ကျွန်တော်တို့ရဲ့ ဝမ်းနည်းခြင်းတွေက ဝမ်းမြောက်ခြင်းအဖြစ် ပြောင်းသွားမှာဖြစ်တယ်။
သမ္မာကျမ်းစာက အမှန်တရားများကို ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံအဖြစ် အကြိမ်ကြိမ် ကျင့်သုံးလေ ပိုပြီး ယုံကြည်လေဖြစ်ပြီး ကျွန်တော်တို့ရဲ့ အတွေးအခေါ်များ ဝမ်းမြောက်ခြင်း အလင်းထဲမှာ ရှိလေဖြစ်တယ်။
ယနေ့ သင့်ရဲ့စိတ်ဖိစီးမှုဖြစ်စေတယ့်အရာတွေကို ထိန်းချုပ်ဖို့ အားထုတ်ပါ။ ထို့နောက် သင်ယုံကြည်တယ့်အရာကို နောက်တကြိမ် ကျင့်သုံးပါ။ ဖြေးဖြေးနဲ့ မှန်မှန်ဖြစ်ပါစေ။ ရှင်ပေါလု သကဲ့သို့ အခြေအနေတွေတိုင်းမှာ ရောင့်ရဲတင်းတိမ်နိုင်ဖို့ သင့်ရဲ့ အတွေးအခေါ်များကို ပြောင်းလဲလာလိမ့်မယ်(ဖိလိပ္ပိ ၄:၁၁)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ကျွန်တော်တို့ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဉ်ကျေးမှုကတော့ ပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်ကြောင်းပြောပါတယ်။ သမ္မာကျမ်းစာကတော့ တခြားနည်းနဲ့ ပုံဖော်ရေးဆွဲတယ်။ ဒီ၆ရက်တာ ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ဟာ သင်နေ့စဉ်ကြုံတွေ့နေရတယ့် စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာ နည်းအတိုင်း လက်တွေ့ကျကျ ဘယ်လို ရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားတယ်။
More