YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း-နေ့စဉ်ဝမ်းမြောက်ခြင်းကို ‌အလေ့အထဖြစ်အောင် ဘယ်လိုလုပ်မလဲနမူနာ

Joy Over Stress: How To Make Daily Joy A Habit

6 ၏ နေ့ 2

ဝမ်းမြောက်ခြင်းအတွက် နေ့စဉ်ရွေးချယ်မှု

Shawn Achorနဲ့Arianna Huffingtonတို့ရဲ့ လေ့လာချက်အရ မနက်ခင်းမှာ ၃မိနစ်ခန့် သတင်းဆိုးနားထောင်ခြင်းက နောက်၆နာရီမှ၈နာရီကြာ ဆိုးရွားတယ့်နေ့နဲ့ ကြုံတွေ့ဖို့ ၂၇%သေချာကြောင်း တွေ့ရှိရတယ်။

ဒီလေ့လာချက်က ဘယ်အရာမဆို သက်သေပြနိုင်ရင် ယနေ့ခေတ် လူ့အသိုင်းအဝိုင်းမှာ စိတ်ဖိစီးမှု ခံစားရလွယ်ကူကြောင်း ထောက်ပြနေတာဖြစ်တယ်။

ဒီနေ့မှာ စိတ်ဖိစီးမှုကိုဖြစ်သောအရာများပြားလွန်းသောကြောင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ရင်ဆိုင်ရန် ဘာမှမလုပ်ခြင်းက စိတ်ဖိစီးမှုအတွက် ရွေးချယ်စရာဖြစ်တယ်။

စိတ်ဖိစီးမှုက ယနေ့အမြဲအသင့်ရှိနေသောကြောင့် ဝမ်းမြောက်ခြင်းကို စည်းကမ်းအဖြစ် သတ်မှတ်ရမယ်။

"ဝမ်းမြောက်ခြင်း"နဲ့"စည်းကမ်း"ကို စာတစ်ကြောင်းထဲမှာ အတူတကွ ထည့်ရေးခြင်းက စစချင်းမှာ အဓိပ္ပာယ်ရှိမှာ မဟုတ်ပါ။ တခုက တောက်ပသလိုဖြစ်ပြီး နောက်တခုက ဇီဇာကြောင်သလို ဖြစ်မယ်။ ထိုစကားလုံးနှစ်ခု ဘယ်လို လိုက်ဖက်မှုရှိမလဲ။

ကျွန်တော် ဝမ်းမြောက်ခြင်း အကြောင်းကို လေ့လာကြည့်တယ့်အခါမှာ ဝမ်းမြောက်ခြင်းက ကျွန်တော်တို့ဆီမှာ အလိုအလျောက်ရှိတာမဟုတ်တာကို သင်ခန်းစာရတယ်။ စိုက်ပျိုးခြင်းဖြစ်ရမယ်(ဒါကြောင့် စည်းကမ်းဖြစ်တယ်)။/p>

ရှင်ယောဟန် ၁၅:၁၁မှာ ယေရှုက သူ့တပည့်တော်များကို ပြောကြားနေချိန် ကွဲပြားထင်ရှားသည့် အရာကို ပြုလုပ်ခဲ့သည်။ "ငါ၏ဝမ်းမြောက်ခြင်း"နှင့်"သင်၏ဝမ်းမြောက်ခြင်း"လို့ပြောတယ်။ ယေရှုရဲ့ ဝမ်းမြောက်ခြင်းကို သူ့တပည့်တော်များတွင်ရှိစေလိုပြီး တပည့်တော်များ၏ ဝမ်းမြောက်ခြင်းကိုပြည့်လျှံစေလိုတာဖြစ်တယ်။

ဒီအရာက ဘာကိုဆိုလိုပါသလဲ။ ကျွန်တော်တို့ရဲ့ ဝမ်းမြောက်ခြင်းက ယေရှုရဲ့ ဝမ်းမြောက်ခြင်းနဲ့ ကွဲပြားနေတာဖြစ်တယ်။ ယေရှုက ပြီးပြည့်စုံသော ဝမ်းမြောက်ခြင်းကို ဖြစ်စေတာဖြစ်ပြီး ကျွန်‌တောတို့ကို သူ့ကဲ့သို့ ဝမ်း‌မြောက်ခြင်းနှင့် ပြည့်စေချင်တာဖြစ်တယ်။

ယုံကြည်သူတော်တော်များများက ခရစ်ယာန်ဖြစ်လာရင် ဝမ်းမြောက်ခြင်း အလိုအလျောက်ပြည့်လာမှာ ဖြစ်တယ်လို့ ယူဆတတ်ကြတယ်။ သို့ပေမယ့် မကောင်းတယ့်အရာ တစုံတခုကို ကြုံတွေ့ရပြီဆိုရင် စဉ်းစားတွေးခေါ်မှုတွေ ပြောင်းလဲသွားကြတယ်။

သူတို့ အခက်အခဲတွေမှာ ဝမ်းမြောက်ခြင်း ရှိရမှာမဟုတ်လား။ ဘာပျောက်နေတာလဲ။

ရှင်ယောဟန်မှာ ယေရှုက သူ၏တပည့်တော်များကို သူ့ကဲ့သို့ ဝမ်းမြောက်ခြင်းနှင့် ပြည့်လျှံစေဖို့ တိုက်တွန်းနေတာကိုတွေ့ရတယ်(ရှင်ယောဟန်၁၆:၂၄)။တပည့်တော်များကို သူ၏ဝမ်းမြောက်ခြင်းနဲ့ပြည့်စေရန် ဘုရားကို ယေရှုဆုတောင်းနေတာကို တွေ့ရတယ်(ရှင်ယောဟန်၁၇:၁၃)။

ဝမ်းမြောက်ခြင်းက အလိုအလျောက်မဟုတ်ပါ။ စည်းကမ်းဖြစ်ပြီး‌ နေ့စဉ်ရွေးချယ်မှုအဖြစ် ရွေးချယ်ရမှာဖြစ်တယ်။

ဒီအရာကိုနားလည်ဖို့ အရေးကြီးတယ်၊ အထူးသဖြင့် ယနေ့ စိတ်ဖိစီးမှု လွယ်ကူစွာဖြစ်ဖို့ အသင့်ရှိနေတယ့် အတွက်ကြောင့်။ ခရစ်ယာန်တွေအနေနဲ့ ယေရှု ကျွန်တော်တို့ကို ရှိစေချင်တယ့် ဝမ်းမြောက်ခြင်းအပြည့် ရှိအောင် ကြိုးစားရမှာဖြစ်တယ်။

ယေရှုမရှိရင် ဝမ်းမြောက်ခြင်းဟာ မပြည့်စုံပါ။ ယနေ့ သင် စိတ်ဖိစီးနေတယ့်အရာတွေကို ကြုံတွေ့နေခိုက်မှာ စိတ်ဖိစီးမှုများတယ့်ကမ္ဘာမှာ သင့်ရဲ့ ဝမ်းမြောက်ခြင်းတိုးလာစေဖို့ ဘုရားထံဆုတောင်းပါ။ ဒါဆို မနက်ဖြန်နေ့မှာ နေ့စဉ်စိတ်ဖိစီးမှုတွေကြား ယေရှုရဲ့ ဝမ်းမြောက်ခြင်းကို ဘယ်လိုလက်တွေ့ကျကျ ရှာဖွေမလဲဆိုတာ ကျွန်တော်ပြောပြမှာဖြစ်တယ်။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Joy Over Stress: How To Make Daily Joy A Habit

ကျွန်တော်တို့ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဉ်ကျေးမှုကတော့ ပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်ကြောင်းပြောပါတယ်။ သမ္မာကျမ်းစာကတော့ တခြားနည်းနဲ့ ပုံဖော်ရေးဆွဲတယ်။ ဒီ၆ရက်တာ ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ဟာ သင်နေ့စဉ်ကြုံတွေ့နေရတယ့် စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာ နည်းအတိုင်း လက်တွေ့ကျကျ ဘယ်လို ရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားတယ်။

More

ဒီဆုတောင်းအစီအစဉ်ကို ထောက်ပံ့ပေးတယ့် Neal Samudre ကို ကျွန်တော်တို့ ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက https://nealsamudre.com/overstress/သို့သွားပါ