စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း-နေ့စဉ်ဝမ်းမြောက်ခြင်းကို အလေ့အထဖြစ်အောင် ဘယ်လိုလုပ်မလဲနမူနာ
မကောင်းသောစိတ်ခံစားချက်များကိုခွင့်ပြုခြင်း
လူတိုင်းမှာ နာကျင်မှုမှရှောင်ထွက်ဖို့အတွက် ချက်ချင်းတုံ့ပြန်မှုများရှိကြတယ်။ ဒီအရာက ကျွန်တော်တို့အတွက်ကောင်းပါတယ်။ ကျွန်တော်တို့မှာ ရှိနေသရွေ့ အသက်ရှင်နေရတာဖြစ်တယ်။
ဒါပေမယ့် ဒီတုံ့ပြန်မှုဟာ ကျွန်တော်တို့ကို ထိခိုက်စေနိုင်တာဖြစ်တယ်။ ကျွန်တော်တို့ မကောင်းတယ့်စိတ်ခံစားချက်များရဲ့ နာကျင်မှုများမှ ပြေးထွက်နေမယ်ဆိုရင် ထိုအရာတွေမှာ ဘယ်လိုကြီးထွားရမလဲဆိုတာ ကျွန်တော်တို့ သိမှာမဟုတ်ပါ။
မကောင်းတယ့်စိတ်ခံစားချက်တွေမှာ ရှင်သန်ကြီးထွားပြီး တခြားတဖက်မှာရှိတယ့် ဝမ်းမြောက်ခြင်းဆီကို ရောက်လာတယ့် တပည့်တော်များနဲ့ အဓိက ကစားသမားများကို ကျမ်းစာထဲမှာ တွေ့ရတယ်။
ဝမ်းမြောက်ခြင်းရဲ့ အကြီးမားဆုံးသော အဟန့်အတားက ကျွန်တော်တို့ မကောင်းတယ့်စိတ်ခံစားချက်တွေကိုလက်ခံဖို့ မစွမ်းဆောင်နိုင်ခြင်းဖြစ်တယ်။
ကျွန်တော်တို့ ရှောင်ရှားချင်တယ်၊ လျစ်လျူရှုချင်တယ်၊ ထုံစေချင်တယ်။ဒါပေမယ့် ဒီလိုလုပ်ဆောင်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်ဖိစီးစေတယ့်အရာတွေကို အားပေးရာရောက်တယ်။
ထိုအစား ကျွန်တော်တို့ရဲ့ မကောင်းတယ့်စိတ်ခံစားချက်များကို ခွင့်ပြုပြီး ရင်ဆိုင်ဖို့ မကြောက်ရွံ့သင့်ပါ။
ထိုမကောင်းတယ့်စိတ်ခံစားချက်များကို ရင်ဆိုင်ဖို့ အစွမ်းအစများကို ဘယ်လိုမြှင့်တင်ကြမလဲ။
စိတ်ခံစားချက်တွေကို ရင်ဆိုင်ရတဲ့ တစ်ဖက်မှာ ဝမ်းမြောက်ခြင်းရှိနေတယ်ဆိုတဲ့ အမှန်တရားကို ဆုပ်ကိုင်ထားဖို့ လိုပါတယ်။ ဒီလိုနားလည်ခြင်းက ခက်ခဲတယ့် စိတ်ခံစားချက်များကို ရင်ဆိုင်ဖို့ ခွန်အားကို တည်ဆောက်ပေးမှာဖြစ်တယ်။
ရှင်ယောဟန် ၁၆:၂၀မှာ တပည့်တော်များက ငိုကြွေးပြီး မျက်ရည်သုတ်ရမှာဖြစ်ပေမယ့် သူတို့ ဝမ်းနည်းခြင်းတွေက ဝမ်းမြောက်ခြင်းအဖြစ် ပြောင်းလဲမှာဖြစ်တယ်လို့ ယေရှုကပြောထားတယ်။ သူတို့ လျစ်လျူရှုလို့ရမယ့် ဝမ်းနည်းခြင်းရှိမှာမဟုတ်ဘူးလို့ ယေရှုပြောခဲ့တယ်။ သူတို့ အရမ်းကို ဝမ်းနည်းကြေကွဲပြီး ငိုကြွေးရလိမ့်မယ်လို့ ယေရှုပြောထားတယ်။ တနည်းအားဖြင့် သူတို့ မကောင်းတယ့်စိတ်ခံစားချက်ကို အပြည့်အဝ ခံစားရမှာဖြစ်တယ်လို့ ယေရှုပြောပြထားတာဖြစ်တယ်။
ထိုစိတ်ခံစားချက်တွေရဲ့ အခြားတဖက်မှာ ဝမ်းမြောက်ခြင်းရှိတယ်။ သူတို့ရဲ့ ဝမ်းနည်းခြင်းဟာ ဝမ်းမြောက်ခြင်းအဖြစ်ပြောင်းလဲမှာဖြစ်တယ်။
ကျမ်းစာက ကျွန်တော်တို့ စိတ်ခံစားချက်များမှ ပြေးထွက်ခြင်း အကြောင်းမဟုတ်ပါ။ ထိုခံစားချက်များကို ရင်ဆိုင်ရမယ့်အကြောင်းဖြစ်ပြီး တခြားတဖက်မှာ ဝမ်းမြောက်ခြင်းကို ရှာဖွေတာဖြစ်တယ်။ သူတို့ကို မရင်ဆိုင်ဘူးဆိုရင် ဝမ်းမြောက်ခြင်းမရှိနိုင်ပါ။
ဆာလံ၃၀:၅မှာ မနက်ခင်းမှာ ဝမ်းမြောက်ခြင်းလာမယ်လို့ ပြောထားတာကို အောက်မေ့ပါ။ ညချိန်မှာ ငိုကြွေးခြင်းရှိမှာဖြစ်တယ် ဒါပေမယ့် ငိုကြွေးခြင်းပြီးနောက် ဝမ်းမြောက်ခြင်းလာမှာဖြစ်တယ်။
ဒါမှမဟုတ် နေဟမိကျမ်းထဲမှ ထာဝရဘုရား၌ဝမ်းမြောက်ခြင်းရှိခြင်းက သူတို့၏ ခွန်အားသတ္တိဖြစ်ကြောင်း(နေဟမိ၈:၁၀)မပြောခင်မှာ လူတွေရဲ့ စိတ်ခံစားချက်များဖြစ်သော(ဒေါသ၊ဝမ်းနည်းခြင်း၊ကြောက်ရွံ့ခြင်း)တို့ကို စဉ်းစားကြည့်ပါ။
ဒါမှမဟုတ် နာမည်ကြီးဆာလံ ၂၃မတိုင်ခင် ဒါဝဒ်မင်းကြီး ဆာလံ၂၂မှာ ဖြတ်သန်းခဲ့ရသော စိတ်ခံစားချက်များကို စဉ်းစားကြည့်ပါ။
ကျမ်းစာကရှင်းပါတယ်၊ ကျွန်တော်တို့နာကျင်ခြင်းမှ ရှောင်ထွက်သွားဖို့ မဟုတ်ဘဲ ရင်ဆိုင်ရဖို့ဖြစ်တယ်၊ တခြားတဖက်မှာရှိတယ့် ဘုရားသခင်ရဲ့ ဝမ်းမြောက်ခြင်း အကြောင်းကို ရှာဖွေရန် တမ်းတခြင်ပင်ဖြစ်တယ်။
ဒီနေ့ သင်ရင်ဆိုင်ရမှာ ကြောက်ရွံ့နေတယ့် မကောင်းသောစိတ်ခံစားချက်များကို ပြန်စဉ်းစားကြည့်ပါ။ ထိုအရာများမှ ရှောင်ထွက်ခြင်းထက် သင်ကိုယ်တိုင်ခံစားရအောင်ခွင့်ပြုလိုက်ပါ။နောက်ပြီး တခြားတဖက်မှာ ဝမ်းမြောက်ခြင်းနှင့်တွေ့ဖို့ အတွက် ဘုရားသခင်ထံဆုတောင်းပါ။ သင်ဒီအရာကို ပို၍လုပ်ဆောင်လာသည်နှင့်အမျှ သင်ရင်ဆိုင်ရမယ့် စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးလာမှာဖြစ်ပြီး ဝမ်းမြောက်ခြင်းပိုရှိလာဖို့အတွက် သင့်နှလုံးသားဖွင့်လာမှာဖြစ်တယ်။
မနက်ခင်းမှာ ဝမ်းမြောက်ခြင်းရောက်လာတယ်ဆိုတာ မှန်ကန်တယ်။ ဒါပေမယ့် ညအချိန်မှာ ဝမ်းနည်းခြင်းမကြုံတွေ့ဘဲနဲ့တော့ မဟုတ်ပါ။ ဒီနေ့ဒီအမှန်တရားကို သယ်ဆောင်ပြီး သင်ခက်ခဲသောအရာများကို ရင်ဆိုင်နိုင်ကြောင်းသိထားပါ။
ဤအစီအစဉ်အကြောင်း
ကျွန်တော်တို့ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဉ်ကျေးမှုကတော့ ပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်ကြောင်းပြောပါတယ်။ သမ္မာကျမ်းစာကတော့ တခြားနည်းနဲ့ ပုံဖော်ရေးဆွဲတယ်။ ဒီ၆ရက်တာ ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ဟာ သင်နေ့စဉ်ကြုံတွေ့နေရတယ့် စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာ နည်းအတိုင်း လက်တွေ့ကျကျ ဘယ်လို ရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားတယ်။
More