သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

အဋ္ဌမနေ့၊ သားမြေးတို့အဖို့ အမွေကို ချန်ထားလိုက်ပါ
ကျွန်တော်၏ သားသမီးများသည် ဆယ်ကျော်သက်အရွယ်တွင် ရာမ်စီကလေးဖြစ်ရခြင်းမှာ မည်မျှခက်ခဲသည်ကို ညည်းညူကြခဲ့သည်။ သမီးကြီးသည် ကိုယ်ပိုင်ကားဝယ်ဖို့နှင့် မိမိဝင်ငွေကို စီမံခန့်ခွဲဖို့ မကြာခဏသင်သောကြောင့် ညည်းတွားခဲ့သည်။
သမီးကြီးက၊ အဖေကို အလွန်စည်းကမ်းကြပ်ပါသည်ကားဟု မြည်တမ်းခဲ့သည်။
သမီးကြီးသည် မှန်ကန်စွာ ပြောဆိုခဲ့သည်။ ကျွန်တော်နှင့် မရှာရွန်သည် ကျွန်တော်တို့သားသမီးများကို အများကြီးမျှော်လင့်ခဲ့ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ လှူဒါန်းရန်၊ ချွေတာရန်နှင့် ပိုက်ဆံအသုံးပြုရန်အမှုတို့ကို ဆောင်ရွက်စေဖို့ ကျွန်တော်တို့ ကြိုးစားလျက် သင်ပေးခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော်၊ ငွေရေးကြေးရေးသည် ကျွန်တော်တို့၏ သားသမီးများအတွက် အမင်္ဂလာအရာမဖြစ်ဘဲ မင်္ဂလာပေးစေသောအရာကို ဖြစ်စေချင်ပါသည်။
လူသားအားလုံးသည် ဧကန်အမှန် သေရကြလိမ့်မည်။ အနိစ္စတရားနှင့် သင်္ခါရတရားအရ၊ ကျွန်တော်တို့အားလုံးသည် ကမ္ဘာမြေကြီးပေါ်ရှိ သက်တမ်းကုန်ဆုံးရက် ရှိကြပါသည်။ တစ်နေ့၊ အချိန်တန်သည့်အခါ ကျွန်တော်နှင့် ကျွန်တော်၏ဇနီးတို့သည်လည်း အနိစ္စရောက်လျက် ကျန်ရစ်သော လောကီစည်းစမ်းချမ်းသာမှန်သမျှတို့သည်ပင် အမွေအဖြစ် သားသမီးတို့၏ လက်များသို့ ရောက်ရလိမ့်မည်ဖြစ်သည်။
ကျွန်တော်တို့ပေးမည့် အမွေသည် ကျွန်တော်၏ သားသမီးတို့အဖို့ အလွန်အံ့ဩဖို့ကောင်းသော ကောင်းချီးမင်္ဂလာ (သို့) ဖျက်ဆီးတတ်သော အမင်္ဂလာ ဖြစ်ပါလိမ့်မည်ဟု ကျွန်တော့်သားသမီးများကို သတိပေးခဲ့သည်။ ၎င်းအမှုသည် ငွေကို ကိုင်တွယ်တတ်အောင် သင်ပေးခြင်း၌ မှုတည်ပါသည်။
ဤသမ္မာတရားသည် (သု၊ ၁၃း၂၂) တွင် တွေ့ရနိုင်ပါသည်။ ယုံကြည်သူအနေနှင့် ကျွန်တော်၏ငွေကို သူတစ်ပါး၏အကျိုးအဖို့ အသုံးပြုရမည်ဖြစ်သည်။ သို့သော်၊ နောင်လာနောက်သားများအတွက်လည်း အမွေကို ချန်ထားဖို့ တောင်းဆိုထားပါသည်။ အမွေတစ်ခု ချန်ထားခဲ့ခြင်းသည် ငွေသက်သက် ချန်ထားရန် မဆိုလိုပါ။ ယင်းငွေများကို ဘုရားသခင်၏အလိုတော်နှင့်အညီ စီမံခန့်ခွဲရန် ဉာဏ်ပညာကိုလည်း ထားရစ်ခဲ့ခြင်းကို ဆိုလိုသည်။
မိတ်ဆွေ၌ သားသမီးများရှိပါက သူတို့အားအမွေနှင့်ပတ်သက်၍ သင်ကြားချန်လှပ်ရမည့်ဝတ္တရားများ ရှိပါသည်။ တရားဝင်သေတမ်းစာကို ပြုစုထားဖို့လည်း လုပ်ဆောင်ပါ။ ထိုသေတမ်းစာတွင် မိမိစည်းစိမ်ဥစ္စာနှင့် မိသားစုအရေးများခွဲဝေနည်းများကို တိကျစွာ ရှင်းပြပါ။
မိမိသားသမီးကို ငွေကြေးကိုင်တွယ်နည်းကို မသင်ပေးပါက၊ ယခုစတင်သင်ပေးရန် လိုအပ်ပါသည်။ မိမိသားသမီးများအဖို့ အကောင်းဆုံးသောအမွေမှာ ပညာအမွေ ဖြစ်ပါသည်။ မြန်မာစကားပုံအရ၊ မရှိတာထက် မသိတာခက်။
မိတ်ဆွေ၌ ဆယ်ကျော်သက်များရှိပါလား။ မိမိဆယ်ကျော်သက်များကို ဘုရားသခင်က ဖန်ဆင်းပေးခဲ့သူဖြစ်စေရန်နှင့် သူတို့၏ ငွေကို တာဝန်သိသိဖြင့် မည်သို့ကိုင်တွယ်ရမည်ကို သင်ပေးရန် နည်းလမ်းရှာဖွေနေပါသလား။ မျိုးဆက်သစ်ဓမ္မစာသည် ဆယ်ကျော်သက်များအဖို့ ဓမ္မရေး၊ ကိုယ်ရေးနှင့် ငွေရေးကြေးရေးကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်လာစေရန် စီရင်ထားသော သမ္မာကျမ်းစာအစီအစဉ်အသစ် ဖြစ်ပါသည်။ ပိုမိုသိလိုပါက၊ daveramsey.com/gc
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။
More