YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

Dave Ramsey’s Financial Wisdom From Proverbs

10 ၏ နေ့ 1

မထမနေ့၊ မိမိငွေနှင့် စည်းစိမ်းဥစ္စာကို စေ့စေ့ကြည့်ရှုလော့

မိတ်ဆွေသည် ငွေနှင့် စည်းစိမ်းဥစ္စာကို သမ္မာသတိရှိရှိ အသုံးပြုတတ်ပါသလား။

ဤမေးခွန်သည် အလွန်ရေးကြီးသည်။ အကြောင့်မှာ၊ မိတ်ဆွေသည် အရေးကြီးသောဘဏ္ဍာရေးစီမံခန့်ခွဲသောသူတစ်ဦး ဖြစ်ပါသည်။ မိတ်ဆွေသည် ကုမ္ပဏီကြီးတစ်ခု၏ သူဌေးမဖြစ်သော်လည်း ဘုရားသခင်သည် မိတ်ဆွေထံအပ်နှင်းထားသော ငွေများကို စီမံခန့်ခွဲရန် မိတ်ဆွေ၌ တာဝန်ရှိပါသည်။ ၎င်းတာဝန်သည် အလွန်ကြီးလှပါသည်။

ထို့ကြောင့်၊ ၎င်းငွေများကို ကောင်းကောင်း စီမံခန့်ခွဲစေရန် ဘယ်လိုလုပ်မလဲ။ ရှေ့ဦးစွာ၊ မိမိငွေကြေးနှင့် စည်းစိမ်းဥစ္စာကို စေ့စေ့ကြည့်ရှုမည်ဖြစ်သည်။

အကယ်၍၊ ငွေသည် အဝိညာဏကအရာဝတ္ထု ဖြစ်သော်လည်း လှုပ်ရှာမှုရှိပါသည်။ ငွေသည် အမြဲတမ်းရွေ့လျားနေပြီး နေရာတစ်ခုမှ တစ်ခုသို့ အမြဲလွှဲပြောင်းနေဆဲ ဖြစ်ပါသည်။ ၎င်းနိယာမဖြင့် ငွေကို စီမံခန့်ခွဲစေရန် အလွန်အမင်း ခက်ခဲပါသည်။ မည်သို့ပင်ဖြစ်ပါစေ၊ မိတ်ဆွေသည် ငွေကို နိုင်ရမည်ဖြစ်သည်။ ငွေသည် မစီမံတတ်သူများမှ စီမံတတ်သူများသို့ အမြဲလွှဲပြောင်းလေ့ ရှိပါသည်။ ငွေကို စီမံခန့်ခွဲခြင်း၏ အကြီးမားဆုံးသော အစိတ်အပိုင်းမှာ မိမိ၌ရှိသောငွေကို သတိရှိရှိ ကြည့်ရှုလျက် မှန်ကန်စွာ သုံးစွဲပြုခြင်း ဖြစ်ပါသည်။

(သု၊ ၂၇း၂၃) တွင်၊ သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှာ ကြိုးစားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့ဟု ဖော်ပြထားသည်။ ရှေးခေတ်တွင် သိုးစုနှင့် နွားများသည် ငွေကြေးတစ်မျိုး ဖြစ်ခဲ့သည်။ တိရစ္ဆာန်များသည် ကိုယ်ပိုင်ကြွယ်ဝမှုနှင့် မိသားစုအမွေကို ပြသစေသောအရာတစ်ခု ဖြစ်ခဲ့သည်။ ချမ်းသာချင်သူများ မိမိတို့၏ တိရစ္ဆာန်၏ အခြေအနေအကြောင်း သတိရှိစွာ သိကျွမ်းခဲ့သည်။

ယနေ့ခေတ်လည်း ထိုနည်းလည်းကောင်းပါပဲ။ ငွေကြေးအတွက် စိတ်အေးစေမှုကို ရရှိခံစားချင်ပါက၊ မိတ်ဆွေမှာရှိသော ငွေကြေးစည်းစိမ်းဥစ္စာများကို ကောင်းစွာ စီမံခန့်ခွဲဖို့ သင်ယူရမည်။ လစဉ်လတိုင်းအစတွင် မိတ်ဆွေသည် ရည်ရွယ်ချက်ရှိရှိ စာရွက်ပေါ်တွင် ဘတ်ဂျက်တစ်ခု ရေးသားရန် လိုအပ်ပါသည်။ မိမိအကြွေးကို မြန်မြန်ပြန်ဆပ်ရမည်။ (၃-၆) လအတွက် လောက်သော အရေးပေါ်ရံပုံငွေကို စုရမည်။ မိမိအနာဂတ်မှာ လုံခြုံစေဖို့ မိမိငွေကို စတင်ရင်းနှီးမြှပ်နှံလျက် ကောင်းကောင်းအသုံးပြုကြပါစို့။

ငွေသည် မြင်းနှင့်တူသည်။ မြင်းများကို ကောင်းစွာ ထိန်းချုပ်ထားသောအခါ၊ လှပသဘောရှိပြီး အစွမ်းသတ္တိလည်း ရှိပါသည်။ သို့သော်၊ ၎င်းမြင်းကို ထားခဲ့လျှင် ရိုင်းသွားလျက် အန္တရာယ်ရှိပါလိမ့်မည်။

မိမိသိုးစုအကြောင်းတို့ကို သိခြင်းငှာ ကြိုးစားပါ။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုပါ။ မိမိပိုက်ဆံကို မစီမံခန့်ခွဲပါက၊ ပိုက်ဆံနည်းခြင်းသည် မိတ်ဆွေအား အမြဲစီမံပေးပါလိမ့်မည်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Dave Ramsey’s Financial Wisdom From Proverbs

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။

More

We would like to thank Dave Ramsey for providing this devotional. For more information, please visit: www.DaveRamsey.com