YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

Dave Ramsey’s Financial Wisdom From Proverbs

10 ၏ နေ့ 5

ပဉ္စမနေ့၊ သမင်ဒရယ်များ၏ လုံ့လဝီရိယ

အရင်မှာ၊ ကျွန်တော်သည် သမင်ဒရယ်များအကြောင်းကို အများကြီးမသိခဲ့ဘူး။ အကယ်၍၊ (သု၊ ၆း၅) ကို ဖတ်ရှုသောအခါ သမင်ဒရယ်များအကြောင်းကို စတင်စိတ်ဝင်စားလာခဲ့သည်။

အကြွေးနှင့်ပတ်သက်သော ကျမ်းပိုဒ်မှန်သမျှသည် ကျွန်တော်၏ ဓမ္မာအာရုံကို ဖမ်းစားနိုင်သည်။ အကြွေးမှ ထွက်ပေါက်လမ်းကို သမ္မာကျမ်းစာက ဖော်ပြနိုင်လျှင် ကျွန်တော်သည် ၎င်းထွက်ပေါက်လမ်းကို သေချာစွာ သိကျွမ်းချင်ပါသည်။ သို့သော်၊ ၎င်းနည်းလမ်းသည် သမင်ဒရယ်များနှင့် စပ်ဆိုင်သည်ဟု ဖော်ပြသောအခါ ကျွန်တော့်စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

မြင့်မြတ်သော ဝိညာဉ်ရေးရာနိယာမများကို ရှာဖွေနေသော်လည်း ဘုရားသခင်သည် ကျွန်တော်ကို တိရစ္ဆာန်အလင်္ကာများသာ ပေးခဲ့သည်တကား။

ကျွန်တော်သည် ဗဟုသုတနည်းသောသူဖြစ်ကြောင့်ကို ကိုယ်တော်ဘုရား သိတော်မူ၍ ကျွန်တော်အဖို့ သိပညာကို ပိုမိုရစေခဲ့သည်။ ထိုနေ့မှာ၊ သဘာဝတရားနှင့် တိရစ္ဆာန်လောကအကြောင်း မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုစဉ်တွင် သမင်ဒရယ်များအကြောင်း ရုတ်တရက် ပေါ်လာခဲ့ပါသည်။ သမင်ဒရယ်များသည် တောထဲမှာ တစ်ခုတည်းသော တိရစ္ဆာန် မဟုတ်ဘူးလို့ မိတ်ဆွေသိမှာပါ။ ကျားသစ်များလည်း ရှိကြသည် မဟုတ်ပါလား။ ၎င်းရုပ်ရှင်ကို ကြည့်သောအခါ၊ ဘုရားသခင်သည် ကျွန်တော်၏ ဓမ္မအာရုံကို ဖမ်းမိခဲ့သည်။

ကျားသစ်တစ်ကောင်သည် ရုတ်တရက် ပေါ်လာသောအခါ သမင်ဒရယ်များသည် နည်းလမ်း (၁၄) သွယ်ဖြင့် ထွက်ခွာသွားကြခဲ့သည်။ ဒရယ်တစ်ကောင်သည် ကမ္ဘာ့အမြန်ဆုံးကုန်းသတ္တဝါထက် မကျော်လွန်နိုင်သော်လည်း ကျားသစ်ကို မောအောင် အချိန်ကြာမြင့်စွာ လှည့်ပတ်နိုင်ကြသည်။ သမင်ဒရယ်များသည် အသက်အန္တရာယ်မှ လွတ်မြောက်စေဖို့ ဤမဟာဗျူဟာကို မကြာခဏ အသုံးပြုကြသည်။

ကျားသစ်များသည် ဤပြိုင်ပွဲများမှာ အနိုင်ရလေ့ မရှိတာကို သိသွားခဲ့သည်။ သမင်ဒရယ်သည် ရှင်သန်ရန် အလွန်အာရုံစိုက်ထားသောကြောင့် ကျားသစ်သည် (၁၉-၂၀) ကြိမ်လောက် ကြိုးစားပြီးနောက် သမင်ဒရယ်တစ်ကောင်သာ ဖမ်းမိနိုင်သည်။ သမင်ဒရယ်များ၏ လုံ့လဝီရိယအားဖြင့် အသက်ချမ်းသာသို့ ရောက်တတ်ကြသည်။

၎င်းရုတ်ရှင်ကားသည် (သု၊ ၆း၅) ၏အနက်ကို သိကျွမ်းစေဖို့ အကူညီပေးခဲ့သည်။ အကြွေးမှ လွတ်မြောက်စေဖို့ စိတ်အားကြီးသော လုံ့လဝီရိယာကို လိုသည်။ ပင်ပန်းစွာ အားထုတ်ရမည်။ အသက်အန္တာရယ်မှ လွတ်မြောက်စေဖို့ ရုန်းထွက်ရမည်။ မိမိအသက်တာကို ကယ်စေဖို့ အားမလျှော့ဘဲ ကြိုးစားရမည်။

အမှန်မှာ၊ အကြွေးမှ အေးအေးဆေးဆေး လွတ်မှာ မဟုတ်ဘူး။ မတော်တဆဖြင့် လွတ်မြောက်မည်လည်း မဟုတ်ဘူး။ မိမိအကြွေးကို စေ့စေ့အာရုံစိုက်ပြီး ပြန်ပေးဆပ်စေဖို့ သမင်ဒရယ်များကဲသို့ မိမိလုံ့လဝီရိယကို မလျော့ဘဲ နေ့ညမပြတ် ကြိုးစားအားထုတ်ရမည်။

ကျွန်တော်တို့သည် မိမိငွေကြေးအတွက် ကောင်းသောအစီစဉ်တစ်ခုကို လိုကြသည်။ ငွေကြေးအတွက် စိတ်အေးစေမှုတက္ကသိုလ်သည် တက္ကသိုလ်သည် သမ္မာကျမ်းစာ၌ မှုတည်သော အစီစဉ်ဖြစ်ပြီး မိမိငွေကြေးကို သမ္မာတရားလမ်းဖြင့် အသုံးပြုနည်းကို ဖော်ပြထားပါသည်။ မိမိကြွေးမှ လွတ်မြောက်၍ မိမိပိုက်ဆံကို ဉာဏ်ပညာရှိရှိ စီရင်ပြီး စတင်စုလျက်နှင့် အသုံးပြုလိုက်ပါ။ ပိုမိုသိလိုပါက၊ ဤဝဘ်ဆိုဒ်သို့ ဝင်ရောက်လိုက်ပါ။ daveramsey.com/fpu

ကျမ်းစာများ

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Dave Ramsey’s Financial Wisdom From Proverbs

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။

More

We would like to thank Dave Ramsey for providing this devotional. For more information, please visit: www.DaveRamsey.com