သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

ဒသမနေ့၊ ဂုဏ်သိက္ခာရှိရှိ သမ္မာအာဇီဝကို ပြုလုပ်ပါ
သူ့စာအုပ် "ချမ်းသာစိတ္တ” တွင်၊ ဒေါက်တာသောမတ်စ်ဂျေစတန်လေ (Dr. Thomas J. Stanley) သည် အနည်းဆုံး ဒေါ်လာ (၁၀) သန်း ပိုင်သောလူရာပေါင်းများစွာ၏ အလေ့အထကို လေ့လာခဲ့သည်။ ဒေါက်တာသောမတ်စ်ဂျေစတန်လေသည် အလွန်ကြွယ်ဝချမ်းသာသောသူများ၏ စိတ်ဓာတ်နှင့် ချမ်းသာနည်းကို ဖော်ပြထားလိုပါသည်။
သူ၏ အင်တာဗျူးများနှင့် အခြားခြုံငုံလေ့လာခြင်း၏ ရလဒ်များကို ဆန်းစစ်ကြည့်သောအခါ၊ ဒေါက်တာစတန်လေသည် ကိုယ်ပိုင်ဂုဏ်အသရေနှင့် ငွေကြေးအောင်မြင်မှုအကြား တိကျသေချာသော ဆက်စပ်မှုကို တွေ့ရှိခဲ့သည်။ ကိုယ်ပိုင်ဂုဏ်အသရေရှိခြင်းသည် စီးပွားရေးလုပ်ငန်း (သို့) လုပ်ငန်းတစ်ခုရွေးချယ်သည်ထက် အလားအလာကြွယ်ဝမှု၏ ထိပ်တန်းညွှန်ပြချက် ဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။
တစ်နည်းပြောရလျှင်၊ ဂုဏ်သိက္ခာရှိရှိ သမ္မာအာဇီဝကို ပြုလုပ်ပါ။
လူသည် အဓမ္မလမ်းကို လျှောက်သောကြောင့် ချမ်းသာခြင်းသို့ မရောက်ကြနိုင်ချေ။ လူသည် ဖြူစင်သော သမ္မာအဇီဝကို မပြုလုပ်ဘဲ မုသားဖြင့် မတရားသောလမ်းကို လျှောက်သွားနေကြသည်။ ၎င်းစကားသည် ခက်လှသောစကား ဖြစ်သည်။ အကယ်၍၊ ၎င်းစကားသည် ကျွန်တော်နှင့်မဆိုင်ပေဟု မိတ်ဆွေ တွေးကောင်းတွေးနိုင်ပါသည်။ သို့သော်၊ မိတ်ဆွေသည် လောကဓံတရား၌ ကျင်လည်သောသူဖြစ်နေပါက၊ တစ်ခါတစ်ရံမှာ ငွေကိစ္စကြောင့် လိမ်ညာခဲ့ပြီး သစ္စာမစောင့်ခဲ့ဘူး မဟုတ်ပါလား။
ရှင်းရှင်းလင်းလင်းပြောလျှင်၊ ကြွယ်ဝချမ်းသာခြင်းသို့ ရောက်သောလမ်း (၂) လမ်းသာ ရှိပါသည်။ မုသားစကားကို အသုံးပြုပြီး မတရားသောလမ်းကို လိုက်နိုင်သည် (သို့) အရာရာ၌ မုသားစကားကို လုံးဝမပြောဘဲ ဂုဏ်သိက္ခာရှိရှိ သမ္မာအာဇီဝကို ပြုလုပ်နိုင်ပါသည်။ (သု၊ ၁၃း၁၁) တွင်၊ ရှောလမုန်မင်းကြီးသည် ၎င်းလမ်း (၂) လမ်းတို့ကို ပြတ်ပြတ်သားသား နှိုင်းယှဉ်ခဲ့သည်။
မတရားမှုဖြင့် ရသောဥစ္စာသည် လွယ်ကူလျင်မြန်စွာ ရရှိသောလည်း ၎င်းဥစ္စာကို လွယ်ကူလျင်မြန်စွာ လျော့တတ်သည်။ သို့သော်၊ ကြိုးစားအားထုတ်၍ ဆည်းပူးသောသူ၏ ဥစ္စာမူကား၊ ပြန့်ပွားတတ်သည်။ ၎င်းဥစ္စာသည် လုံခြုံမှုကို ပေးသလို မိမိဩတ္တပ္ပစိတ်လည်း သန့်လိမ့်မည်။
အရာရာ၌ ဂုဏ်သိက္ခာရှိရှိ သမ္မာအာဇီဝပြုခြင်းသည် အလွန်ရေးကြီးလှသည်။ မတရားသောလမ်းဖြင့် စီပွားရေးပြုလျှင် သူတစ်ပါးကို ထိခိုက်စေလိမ့်သည်။ မုသားစကားသည် သူတစ်ပါး၏ စိတ်ကို နာစေတတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ မသက်ရှင်လျှင် မိမိဘဝတစ်လျှောက်လုံး ဩတ္တပ္ပစိတ်ကို မသန့်သလို၊ မိမိဝိညာဉ်ရေးလည်း အလွန်အားနည်းနေပါလိမ့်မည်။
ကျေးဇူးတော်အားဖြင့်၊ ယနေ့တွင်၊ မတရားသောလမ်းမှ သမ္မာတရားလမ်းသို့ လွှဲနိုင်ပါသည်။ ယခင်က၊ မုသားကမ္ဘာ၌ ကျင်လည်လျက် မစင်ကြယ်သောစီးပွားရေးကို ပြုလုပ်ခဲ့ပါက ၎င်းမှုမှ လွတ်မြောက်စေ၍ ကိုယ်တော်မြတ်ထံ နောင်တရစေပါ။ မိမိအားနည်းချက်ကို ပြုပြင်ပါ။
အရာရာ၍ ဂုဏ်သိက္ခာရှိရှိ သမ္မာအာဇီဝကို ပြုလုပ်နိုင်ပါစေ။
ဤအစီစဉ်ကို ကြိုက်နှစ်သက်ပြီး လှုံ့ဆော်ဓမ္မစာကို လိုနေပါက၊ ဤသည်မှာ စာရင်းသွင်းပါ။ daveramsey.com/newsletters
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။
More