YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

Dave Ramsey’s Financial Wisdom From Proverbs

10 ၏ နေ့ 7

သတ္တမနေ့၊ အတူတကွ လုပ်ဆောင်ခြင်း၏ အကျိုး

ကျွန်တော်သည် စီပွားရေးသမားအနေနှင့် ငွေးကြေးရေးနှင့်ပတ်သက်အကြောင်းကို တော်တော်စိတ်ဝင်စားပါသည်။ ကျွန်တော်၏ ဇနီးသည်ကား ငွေကြေးကို လုံးဝစိတ်မဝင်စားဘူး။ ထို့ကြောင့်၊ လွန်ခဲ့သောနှစ်အနည်းငယ်တွင် သူမမှာ ငွေနှင့်ပတ်သက်သော ထင်မြင်ယူဆချက်အချို့ရှိသည်လို့ ကြားရသောအခါ ကျွန်တော်တကယ်အံ့ဩသွားခဲ့ပါသည်။

ထူးဆန်းချက်မှာ၊ သူမသည် များသောအားဖြင့် မှန်ပြီး၊ ကျွန်တော်ကတော့ များသောအားဖြင့် မှားပါသည်။

ကျွန်တော်၏ ချစ်ဇနီးသည် မရှာရွန် (Sharon) သည် သဘောကောင်းသောသူတစ်ဦး ဖြစ်ပါသည်။ ဆုံးဖြတ်ချက်ကြီးကြီးမားမားများနှင့် ကြုံလာသောအခါတွင်၊ သူမသည် ဇွတ်ပြုသောသူမဟုတ်သော်လည်း စိတ်ခံစားချက်အမျိုးမျိုး ရှိတတ်ပါသည်။ သို့ရာတွင်၊ ကျွန်တော်၏ မာန်မာနကြောင့် ကျွန်တော်တို့မိသားစု ဒေဝါလီခံပြီးနောက်ပိုင်း သူမ၏ စိတ်ခံစားချက်များတို့ကို ယုံကြည်ဖို့ သင်ယူခဲ့သည်။

ယခုအချိန်မှာ၊ ကျွန်တော့်ဇနီးသည်၏ အကြံမပါလျှင် ကြီးမားသောဆုံးဖြတ်ချက်ကို မပြုလိုပေ။

ဥပမာ၊ ကျွန်တော့်ကုမ္ပဏီ၏ အစောပိုင်းကာလများမှာ မရှာရွန်နှင့် ကျွန်တော်နှင့်အတူ ညစာမစားခင် ဘယ်သူ့ကိုမှ ငှားရမ်းမှာ မလုပ်ခဲ့ဘူး။ အဘယ့်ကြောင့်ဆိုသော် ထိုလုပ်မလည့်သူအကြောင်း ဇနီးသည်၏ အကြံဉာဏ်နှင့် ဉာဏ်ပညာကို အလွန်ကြားလိုပါသည်။ ထိုစည်းကမ်းသည် ယနေ့ထိ ရှိပါသေးသည်။ ကျွန်တော်တို့၏ ကုမ္ပဏီသည် ဌာနခေါင်းဆောင်နှင့် ၎င်း၏အိမ်ထောင်ဖက်နှင့် အင်တာဗျူးမပြီးမချင်း မည်သူမျှကို မငှားရမ်းပါ။

(သု၊ ၃၁း၁၀-၁၁) တွင်၊ ငွေကြေးရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် မရှိမဖြစ်လိုအပ်သော ပညာပါပါသည်။ အိမ်ထောင်ခြင်းရှိပါက၊ မိတ်ဆွေနှင့် မိမိ၏ အိမ်ထောင်ဖက်သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြသည်။ အကယ်၍၊ မိမိအိမ်ထောင်ဖက်နှင့် မတိုင်ပင်ဘဲနှင့် ကြီးမားသောဝယ်ယူမှုတစ်ခုပြုလုပ်ခြင်း (သို့) ရင်းနှီးမြုပ်နှံမှုတစ်ခုပြုလုပ်ပါက မိတ်ဆွေသည် ဦးနှောက်တစ်ဝက်ဖြင့်သာ လုပ်ဆောင်နေပါသည်။

၎င်းမှုပြုပါက အမင်္ဂလာအမျိုးမျိုး ရရှိခံစားပါလိမ့်မည်။ မရှာရွန်၏ အကြံဉာဏ်မပါဘဲ ကြီးကြီးမားမား ဆုံးဖြတ်ချက်ချပြုပြီးမှ စိတ်ထိခိုက်မှုများ ဖြစ်စေပြီး ပိုက်ဆံများလည်း အများကြီး ရှုံးကျခဲ့ပါသည်။

အိမ်ထောင်ခြင်းမရှိပါက၊ မိမိငွေကြေးရေးကိစ္စနှင့်ပတ်သက်ပြီး မိမိစိတ်ချသော တင်ပိုင်သူနှင့် ဆွေးနွေးနှီးနောနိုင်ပါသည်။ မည်သို့ပင်ဖြစ်ပါစေ၊ အဓိက၊ မိမိအကြံစည်ကို မဝှက်ထားဘဲ မိမိနှုတ်ဖြင့် သူတစ်ပါးထံ မျှဝေပြီးမှ ထိုသူ၏ အကြံဉာဏ်ကို နားထောင်ဖို့ စောင့်ပါ။

အိမ်ထောင်ရေးမှာ၊ ငွေအကြောင်းပြောပြလျှင် သဘောထားကွဲလွဲမှုများ ဖြစ်စေနိုင်ပေမဲ့ ၎င်းသည် ပုံမှန်ဖြစ်ပါသည်ဟု ဝန်ခံပါသည်။ မိမိအိမ်ထောင်ဖက်သည် မိမိရန်သူမဟုတ်ကြောင်း အောက်မေ့သတိရစေပါ။ အကယ်၍၊ မိတ်ဆွေတို့နှစ်ဦးစလုံးကို ပိုမိုကောင်းမွန်စေရန်အတွက် ဘုရားသခင် ဖက်စပ်၍ ထမ်းပိုးတင်တော်မူပြီ။ ငွေအကြောင်းသဘောတူနိုင်လျှင် အခြားကိစ္စအကြောင်းလည်း လွယ်ကူစွာ သဘောတူနိုင်ကြပါလိမ့်မည်။

ကျမ်းစာများ

နေ့ 6နေ့ 8

ဤအစီအစဉ်အကြောင်း

Dave Ramsey’s Financial Wisdom From Proverbs

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။

More

We would like to thank Dave Ramsey for providing this devotional. For more information, please visit: www.DaveRamsey.com