YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

Dave Ramsey’s Financial Wisdom From Proverbs

10 ၏ နေ့ 4

စတုတ္တနေ့၊ အကြွေး၏ကျွန်

ငွေကြးအကြောင်း နှစ်ပေါင်း (၃၀) လုံးလုံး စကားပြောပြီးနောက် တစ်ခုခုကို ကျွန်တော်တွေးကြည့်မိခဲ့သည်။ မုသားစကား နိစ္စဓူဝပြောရလျှင် သူတစ်ပါးကို စတင်ယုံကြည်လာပါလိမ့်မည်။ မမှန်သောမုသားပါလို့ စိတ်နှလုံးအကြွင်းမဲ့ သိနေရင်တောင်မှ ၎င်းမုသားကို အမှန်အတိုင်း အသက်ရှင်လိမ့်မည်။

ယခုခေတ်တွင်၊ လူတော်တော်များများကို လှည့်စားနေသော မုသားစကား ရှိပါသည်။ ၎င်းမုသားစကားကား အကြွေးသည် မိမိငွေရေးကြေးရေးအဖို့ အကျိုးဖြစ်စေသောအရာ ဖြစ်သည်။ အကြွေးရယူပြီးမှ ဘာမှအခက်အခဲမရှိဘဲ အားလုံးအဆင်ပြေသွားပါလိ့မ်မည်ဟု လူတချို့ ယူဆကြသည်။ အကြွေးသည် မိမိငွေရေးကြေးရေးကို အဆင်ပြေဖို့ရန်အတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်ဟု စိတ်စွဲလမ်းပြီး၊ အကြွေးမယူသောသူများသည် အရူးများပါပဲဟု သူတို့ထင်ကြပါသည်။

အကြွေးသည် မရှိမဖြစ်လိုအပ်သောအရာ လုံးဝမမှန်ပါဘူး။ အကြွေးသည် ပုံမှန်သောအရာ မဖြစ်ပေ။ ဤလောက၏ အချမ်းသာဆုံးသောသူတည်းဟူသော ရှင်ဘုရင်ရှောလမုန်သည် ထိုစိတ်သဘောကိုလည်း ရှိခဲ့သည်။

ငွေရတတ်သောသူသည် ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏ (သု၊ ၂၂း၇)။ လူတစ်စုံတစ်ယောက် အကြွေးရှိလျှင် ကျွန်ဖြစ်သွားပြီးဟု ရှင်ဘုရင်ရှောလမုန် သိသောကြောင့် အကြွေးကို ရှောင်ခိုင်းခဲ့သည်။

ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏ဟု ရှင်ဘုရင်ရှောလမုန် စီရင်ခဲ့သည်။ ထိုစကားသည် အလွန်ခက်လှသော်လည်း သမ္မာတရား ဖြစ်သည်။ သေသေချာချာ ဆင်ခြင်စဉ်းစားလိုက်ပါ။ ကျွန်များသည် ဘာမှမပိုင်သောကြောင့် သူတစ်ပါးထံ ဘာမှကိုမပေးနိုင်ကြပေ။ ကျွန်သည် သခင်၏လက်အောက်မှာ အမြဲရှိနေသောကြောင့် သူအလိုရှိရာသို့ လွတ်လပ်စွာ မသွားနိုင်ချေ။ အကြွေးအများကြီးရှိသောသူမအတွက်လည်း ထို့နည်းလည်းကောင်းပါပဲ။

ရှင်ဘုရင်ရှောလမုန်သည် သမ္မာသတိရှိရှိ မိန့်တော်မူခဲ့သည်။ သူသည် လူအပေါင်းတို့ထက် သာ၍ ပညာရှိဖြစ်ခဲ့သည်။ သူသည် ကျွန်ဟူသော ဝေါဟာရကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့သည်။ အကြွေးသည် ကြမ်းကြုတ်သောသခင် ဖြစ်သည်။

မိတ်ဆွေသည် မိမိအကြွေးအားဖြင့် ကျွန်ဘဝသို့ ရောက်နေပါက၊ လွတ်မြောက်စေဖို့ရန်အတွက် အချိန်ကိုဆွဲပါစေနှင့်။ ယနေ့ စတင်လွတ်မြောက်စေဖို့ ကြိုးစားနိုင်ပါသည်။

ငွေကြေးအတွက် စိတ်အေးစေမှုတက္ကသိုလ်သည် သမ္မာကျမ်းစာ၌ မှုတည်သော အစီစဉ်ဖြစ်ပြီး မိမိငွေကြေးကို သမ္မာတရားလမ်းဖြင့် အသုံးပြုနည်းကို ဖော်ပြထားပါသည်။ မိမိကြွေးမှ လွတ်မြောက်၍ မိမိပိုက်ဆံကို ဉာဏ်ပညာရှိရှိ စီရင်ပြီး စတင်စုလျက်နှင့် အသုံးပြုလိုက်ပါ။ ပိုမိုသိလိုပါက၊ ဤဝဘ်ဆိုဒ်သို့ ဝင်ရောက်လိုက်ပါ။ daveramsey.com/fpu

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Dave Ramsey’s Financial Wisdom From Proverbs

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။

More

We would like to thank Dave Ramsey for providing this devotional. For more information, please visit: www.DaveRamsey.com