အလွန်ကြီးမြတ်တော်မူသော ရှင်ဘုရင်ကြီးနမူနာ
အလွန်မြင့်မြတ်တော်မူသော ရှင်ဘုရင်ကြီး
တစ်ခါတစ်ရံမှာ ဘဝသည် အရသာကင်းသလို ခံစားရတတ်သည်။
ကျွန်တော်တို့အားလုံးသည် လောကဓံမုန်တိုင်းများ ဖြတ်သန်းရသောအချိန် ရှိသလို သေမင်း၏ အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားသောအချိန်လည်း ရှိပါသည်။ ကျွန်တော်တို့သည် မျှော်လင့်မဲ့ပြီး ကျိုးပဲ့သောစိတ်ရှိလျက် နှလုံးကြေကွဲ၍ ရရှိခံစားတတ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ သာသနာပြုစဉ်တွင်၊ ကျွန်တော်သည် မှောင်မိုက်ထဲမှာ ရှိခဲ့သော ကိုဆန်းဘို (Sambo) ကို ရုတ်တရက် တွေ့ခဲ့ပါသည်။ သူသည် ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့၌ အလွန်တရာ ဆင်းရဲသောသူတစ်ဦး ဖြစ်ခဲ့ပါသည်။
(၁၉၇၀) တွင်၊ ကိုဆမ်ဘိုသည် ကမ္ဘောဒီးယားနိုင်ငံ၌ နေထိုင်၍ အလွန်ယုတ်မာသော ကွန်မြူနစ်ခမာနီအစိုးရကို ပါဝင်သောသူတစ်ဦး ဖြစ်ခဲ့သည်။ ငယ်စဉ်ကပင် သူခေါင်းထဲမှ အယူဟောင်းများကို ထုတ်ပစ်ပြီး ကွန်မြူနစ်အယူများကို အတင်းအဓမ္မ ရိုက်သွင်းခံရ၍ ခမာနီအစိုးရ၏ စစ်သားတစ်ဦး ဖြစ်လာခဲ့သည်။ (၁၉၇၉) တွင်၊ ကွန်မြူနစ်ခမာနီအစိုးရကို ကျရှုံးပြီနောက်၊ ကိုဆန်ဘိုသည် ထွက်ပေါက်လမ်းအနေနှင့် အရက်ကို စတင်သက်ခဲ့သည်။ သူသည် အိမ်ထောင်ကျသော်လည်း မကောင်းသော ခင်ပွန်းနှင့် ဖခင်ကို ဖြစ်ခဲ့ပါသည်။ သူ၏ ဇနီးနှင့် သားများကို ရိုက်နှက်သည်သာမက သူ၏ သားများကိုလည်း လူကုန်ကူးခံရခဲ့သည်။
ကိုဆန်ဘိုသည် မျှော်လင့်မဲ့သူတစ်ဦး ဖြစ်ခဲ့သည်။ သူသည် ချိန်ပေါင်းများစွာ မှားယွင်းခဲ့သည်။ သူ၏အသက်တာကို အရက်သောက်ခြင်း၊ စိတ်ပျက်ခြင်းနှင့် ဆုံးရှုံးခြင်းမှတစ်ပါး အခြားသောအရာ မရှိပေ။ အရှင်ယေရှုဘုရားသည် မိမိဇာတိမြို့ရှိ တရားဇရပ်သို့ ဝင်၍ သူ၏ မဟာအမှုတော်မြတ်ကို ကြေညာစေခြင်းငှာ (ဟေရှာ၊ ၆၁) ကို အသုံးပြုတော်မူခဲ့သည် - ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီဟု ဖတ်ရွတ်ခဲ့သည်။ ကျွန်တော်တို့အားလုံးသည် ဆင်းရဲသားများပင် ဖြစ်ကြပါသည်။ ကျွန်တော်တို့သည်လည်း ခရစ်ယာန်များဖြစ်သောကြောင့် ထာဝရဘုရား၏ ဝိညာဉ်တော်သည် ကျွန်တော်တို့အထဲ၌ ကိန်းဝပ်တော်မူပါသည်။ ထိုဝိညာဉ်တော်သည် ထာဝရဘုန်းအသရေကို မျှော်လင့်ခြင်းအကြောင်း ဖြစ်ပါသည်။
ကျွန်တော်တို့သည် စိတ်နာ၍ မျှော်လင့်မဲ့သောအခါ၊ အရှင်ယေရှုဘုရား၏ နှုတ်ကပတ်တော်ကို ယုံကြည်စွဲလမ်းနိုင်ပါသည်။ ကျွန်တော်တို့သည် ကိုယ်တော်နှင့်အတူ လောကဓံမုန်တိုင်းများအား ဖြတ်သန်းရ၍ ကျော်လွှားနိုင်ပါသည်။ ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။
ထာဝရဘုရား၏ ဝိညာဉ်တော်သည် ခရစ်ယာန်များ၌ ကျိန်းဝပ်တော်မူသည်။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့အဖို့ ထာဝရအသက်၊ ထာဝစဉ်မျှော်လင့်ခြင်းနှင့် လောကုတ္တရာဝမ်းမြောက်ခြင်းကို ပေးသနားတော်မူသည်။ ကိုယ်တော်သည် ကျွန်တော်တို့၏ ဘုန်းကြီးတော်မူသော ရှင်ဘုရင်မြတ် ဖြစ်ပါသည်။
ဤသို့ဆုတောင်းပတ္ထနာပြုကြပါစို့။
သခင်၊ ကိုယ်တော်၏ ဝိညာည်တော်သည် အကျွန်ုပ်ထဲ၌ ကျိန်းဝပ်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော်၏ ဘုန်းတော်အနန္တကို ရရှိခံစားလျက် အရာရာ၌ ကိုယ်တော်ကို ချီးမွမ်းနိုင်မည့်အကြောင်း ကောင်းချီးပေးသနားတော်မူပါ။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် သူ၏ မဟာအမှုတော်မြတ်ကို ကြေညာစေခြင်းငှာ (ဟေရှာ၊ ၆၁) ကို အသုံးပြုတော်မူခဲ့သည်။ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း... ငါ့ကို စေလွှတ်တော်မူပြီဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ ဤဝမ်းမြောက်စရာသတင်းကို မည်သို့ဖြစ်သနည်း။
More