YouVersion လိုဂို
ရှာရန် အိုင်ကွန်

အ​လွန်​ကြီး​မြတ်​တော်​မူသော ရှင်ဘုရင်ကြီးနမူနာ

Splendor Of The King

5 ၏ နေ့ 4

အရာရာ၌ ကြီးပွားတိုးတက်သစေဖို့ ဖန်ဆင်းခံခဲ့ပြီ

လူမှုရေးဆက်ဆံရေး မလွယ်သောလည်း ကိုယ်တော်ဘုရားသည် မိတ်သဟာယဖွဲ့လိုသောဘုရား ဖြစ်သလို၊ ကျွန်တော်တို့သည်လည်း မိတ်သဟာယဖွဲ့လိုသော နိမ္မိတသတ္တဝါများ ဖြစ်ကြပါသည်။ ကျွန်တော်တို့သည် သူတစ်ပါးနှင့် အသင့်အတင့် နေနိုင်အချိန် ရှိသလို၊ သူတစ်ပါးနှင့် မတည့်သောအချိန်များလည်း ရှိတတ်ပါသည်။ မှားသောစကားတစ်ခွန်အားဖြင့်သာ သူတစ်ပါးကို စိတ်နာစေပြီး မိမိမိတ်သဟာယဖွဲ့ခြင်းကို ရုတ်တရက် ဖျက်ဆီးသွားနိုင်ပါသည်။

ကလေးစစ်သားဟောင်း ကိုဆန်ဘို (Sambo) သည် ဘာမှမပိုင်ခဲ့ဘူး။ သူသည် အရှင်ယေရှုဘုရားကို မသိသောကြောင့် အရက်သမားဖြစ်ပြီး သူ့မိသားစုကို ပြိုကွဲသွားသလို သူ့အိမ်နီးချင်းများသည်လည်း သူကို ငြီးငွေ့၍ မုန်းခဲ့ပါသည်။ ပိုက်ဆံသည် ၎င်းပြဿနာများကို မရှင်းနိုင်ပေ။ ကိုဆန်ဘိုသည် ကိုယ်တော်ဘုရားနှင့် မိတ်သဟာယဖွဲ့လျက် ကိုယ်တော်၏ မစတော်မူခြင်းကို လိုသောသူတစ်ဦး ဖြစ်ခဲ့သည်။

မျက်ရည်အလှူငွေ (Tearfund) ခရစ်ယာန်ပရဟိတအဖွဲ့မှာ ဆင်းရဲနွမ်းပါးမှုအမျိုးမျိုးကို တွေ့ခဲ့ပါသည်။ ဆင်းရဲနွမ်းပါးမှုသည် ပိုက်ဆံကင်းခြင်းသက်သက် မဟုတ်ပေ။ လူသားများသည် ဘုရားသခင်ကို မသိသောကြောင့် သူတစ်ပါးကို ကောင်းကောင်း မချစ်နိုင်သလို၊ ဘုရားသခင်၏ ငွေကြေးသုံးစွဲမှုကိုလည်း မသိဘဲ ဆင်းရဲခြင်းသို့ ရောက်စေတတ်သည်။

ဘုရားသခင်သည် ဤလောကကြီးကို ဖတ်ဆင်းတော်မူသောအခါ၊ ကျွန်တော်တို့သည် သူနှင့် အခြားသူများနှင့်ပါ မိတ်သဟာယဖွဲ့စေလျက် အရာရာ၌ ကြီးပွားတိုးတက်စေဖို့ အလိုရှိခဲ့သည်။

ဘုရားသခင်သည် ကျွန်တော်တို့အား တစ်ယောက်တည်းနေဖို့ ဖန်ဆင်းတော်မမူ။ ဘုရားသခင်သည် ကျွန်တော်တို့ကို အချင်းချင်းချစ်ကြပြီး သာယာသောမိတ်သဟာယဖွဲ့လျက် ကြီးပွားတိုးတက်စေဖို့ ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို မိမိအလိုတော်နှင့်အညီ ရည်ရွယ်ချက်ရှိရှိ ဖန်ဆင်းတော်မူခဲ့သည်။

ဤသို့ဆုတောင်းပတ္ထနာပြုကြပါစို့။

ကျွန်တော်အဖို့ ဘုရားသခင်၏ အကြံတော်သည် အလွန်ကောင်းမြတ်သောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ယနေ့၊ မိမိအလိုတော်မြတ်ကို ထင်ရှားစွာ ပြသစေတော်မူပါ။ အာမင်။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Splendor Of The King

အရှင်ယေရှုဘုရားသည် သူ၏ မဟာအမှုတော်မြတ်ကို ကြေညာစေခြင်းငှာ (ဟေရှာ၊ ၆၁) ကို အသုံးပြုတော်မူခဲ့သည်။ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း... ငါ့ကို စေလွှတ်တော်မူပြီဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ ဤဝမ်းမြောက်စရာသတင်းကို မည်သို့ဖြစ်သနည်း။

More

ဤအစီအစဥ်အတွက် Tearfund ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ http://www.tearfund.org/yv