YouVersion လိုဂို
ရှာရန် အိုင်ကွန်

အ​လွန်​ကြီး​မြတ်​တော်​မူသော ရှင်ဘုရင်ကြီးနမူနာ

Splendor Of The King

5 ၏ နေ့ 5

ကိုယ်တော်၏ မဟာဘုန်းတော်အနန္တကို သာ၍ထင်ရှားစေခြင်းငှာ...

ရှမ်းရိုးမ၊ ဧရာဝတီမြစ်နှင့် အင်းလေးကန်စသည့် ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာတော်ကို ကြည့်ရှုသောအခါ ကိုယ်တော်၏ မြင့်မြတ်လှသော ဘုန်းတော်ကိုလည်း ကြည့်ရှုနိုင်ပါသည်။ သို့ရာတွင်၊ ဘုရားသခင်၏ ဘုန်းတော်သည် ကျွန်တော်တို့၌ အထင်ရှားဆုံးသော ပြသခြင်းပင် ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ စုံလင်တော်မူခြင်းကို ထင်ရှားစေခြင်းငှာ မစုံလင်သောသူတို့ကို အသုံးပြုတော်မူသည်တကား။ ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာတော်တွင် လူသတ္တဝါများသည် အထိပ်ဆုံး ဖြစ်ကြပါသည်။

အရှင်ယေရှုဘုရားသည် တော၌ အရက် (၄၀) ပတ်လုံး မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူသည်။ မာရ်နတ်သည် အရှင်ယေရှုဘုရားကို မြင့်လှသောတောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တစ်ခဏချင်းတွင် ပြညွှန်၍ ငါ့ကို ကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်ခဲ့သည်။ သို့သော်၊ အရှင်ယေရှုဘုရားသည် မိမိဇာတိတော်မြတ်နှင့် ခေါ်တော်မူခြင်းကို အကြွင်းမဲ့သိတော်မူခဲ့သည်။ အခွင့်အာဏာနှင့် ဘုန်းအသရေသည် ခမည်းတော်ဘုရားထံတော်မှသာ လာကြောင်း သူသိသည်။ သူ၏ မဟာအမှုတော်မြတ်ကို သိတော်မူခဲ့သည်။ အရှင်ယေရှုဘုရားသည် ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ဘိသိက်ခံတော်မူပြီး ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာ ကြွလာတော်မူခဲ့သည်။

ခမည်းတော်ဘုရားသည် လူသားများ အထူးသဖြင့် ကိုဆန်းဘို (Sambo) ကဲ့သို့ အလွန်ဆင်းရဲသော ဒုက္ခိတများတို့ဖြင့် မိမိဘုန်းတော်ကို ထင်ရှားစေခြင်းငှာ အလိုရှိပါသည်။ ဘုရားသခင်၏ မဟာမေတ္တာကရုဏာတော်အားဖြင့် အလွန်ဆင်းရဲသော ဒုက္ခိတများတို့ကို ပြန်လည်ပြုပြင်၍ ကူညီမစတော်မူသည်။ ကိုယ်တော်သည် သူတစ်ပါး၏ ဘဝများကို ပြောင်းလဲစေခြင်းငှာ အလိုရှိပါသည်။ ကျွန်တော်တို့၏ ဘုန်းအတွက်မဟုတ်ဘဲ ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစေဖို့ အခက်အခဲရှိနေသောသူတို့ကို ကူညီမစပြီး ဤသင်္ခါရလောကကို ပိုမိုကောင်းစေခြင်းငှာ ကိုယ်တော်သည် ကျွန်တော်တို့ကို ခေါ်တော်မူသည်။

ဤသို့ဆုတောင်းပတ္ထနာပြုကြပါစို့။

အကျွန်ုပ်တို့၏ ရှင်ဘုရင်ကြီး၏ မဟာဘုန်းတော်ကို သာ၍ထင်ရှားစေခြင်းငှာ အကျွန်ုပ်တို့၏ စိတ်နှလုံးများကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြနိုင်မည့်အကြောင်း မစတော်မူပါ။ သူတစ်ပါး၏ အကျိုးကို ရှာဖွေသောအခါမှာလည်း ကိုယ်တော်၏ ဘုန်းတော်မြတ်ကို ထင်ရှားစေတော်မူပါ။

နေ့ 4

ဤအစီအစဉ်အကြောင်း

Splendor Of The King

အရှင်ယေရှုဘုရားသည် သူ၏ မဟာအမှုတော်မြတ်ကို ကြေညာစေခြင်းငှာ (ဟေရှာ၊ ၆၁) ကို အသုံးပြုတော်မူခဲ့သည်။ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း... ငါ့ကို စေလွှတ်တော်မူပြီဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ ဤဝမ်းမြောက်စရာသတင်းကို မည်သို့ဖြစ်သနည်း။

More

ဤအစီအစဥ်အတွက် Tearfund ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ http://www.tearfund.org/yv

ဆက်စပ်နေသောအစီအစဉ်များ