YouVersion လိုဂို
ရှာရန် အိုင်ကွန်

အ​လွန်​ကြီး​မြတ်​တော်​မူသော ရှင်ဘုရင်ကြီးနမူနာ

Splendor Of The King

5 ၏ နေ့ 3

ပြန်လည်ပြုပြင်တော်မူသော ခမည်းတော်ဘုရား

အမြင့်မြတ်ဆုံးသော ထာဝရဘုရားသခင်သည် ပြန်လည်ပြုပြင်တော်မူသောအရှင် ဖြစ်တော်မူ၏။

ကိုဆန်းဘို (Sambo) သည် ၎င်းအမှုကို သက်သေခံနိုင်ပါသည် (ဒုတိယနေ့ကို ကြည့်ရှုပါ)။ သူ၏ အနိမ့်ဆုံးအချိန်၌ သူ့ဇနီးသည် သူ့ကို ကြောက်ပြီး၊ သူ့အိမ်နီးနားချင်းများသည် သူ့ကို မကြိုက်ကြသလို သူ့သားများလည်း လူကုန်ကူးခံရခဲ့သည်။ သို့သော်၊ ကျွန်တော်က သူကို တွေ့ရသောအခါ၊ သူသည် အလွန်ဝမ်းမြောက်သောသူနှင့် မေတ္တာများသောသူ ဖြစ်သွားခဲ့သည်။ အကြောင်းမှာ၊ ကိုဆန်းဘိုသည် ဘုရားသခင်၏ ပြန်လည်ပြုပြင်တော်မူခြင်းကို ရရှိခံစားခဲ့သည်။

ကိုဆန်းဘိုသည် ကယ်တင်ခြင်းသို့ ရောက်သောအခါ၊ အရက်စွဲလမ်းခြင်းမှ လွတ်မြောက်စေခဲ့သည်။ သူ၏ ဇနီးဖြစ်သူနှင့် အသင့်အတင့် ပြန်နေလျက် ကိုယ်ပိုင်လုပ်ငန်းကိုလည်း စတင်ခဲ့သည်။ ဝင်ငွေပုံမှန်ရှိခဲ့သောကြောင့် သူ၏ သားများကို ပြန်လည်ခေါ်နိုင်ခဲ့သည်။ သူအားဖြင့် အိမ် (၂၀) ခန့် ပြောင်းလဲစေ၍ အသင်းတော်တစ်ပါးကို တည်ထောင်ခဲ့သည်။

ခမည်းတော်ဘုရား၏ ပြန်လည်ပြုပြင်တော်မူခြင်းကို ကြုံရသောအခါ အရာခပ်သိမ်းကို ပြောင်းလဲစေတတ်သည်။

သူတစ်ပါးများအား ပြန်လည်ပြုပြင်ခြင်းကို လိုသလို၊ မိတ်ဆွေလည်း လိုနေပါသလား။

ဤသို့ဆုတောင်းပတ္ထနာပြုကြပါစို့။

ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲက အကျွန်ုပ်ကို ဆယ်နုတ်ပြီးလျှင် အကျွန်ုပ်၏ ခြေတို့ကို ကျောက်ပေါ်မှာ တင်၍ အကျွန်ုပ်၏ ခြေရာတို့ကို တည်စေတော်မူသည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ယနေ့၊ ဘုရားသခင်၏ ပြန်လည်ပြုပြင်ခြင်း၊ စုံလင်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ချစ်ခြင်းမေတ္တာတော်ကို ရရှိခံစားနိုင်မည့်အကြောင်း ကောင်းကြီးပေးသနားတော်မူပါ။ အာမင်။

ဤအစီအစဉ်အကြောင်း

Splendor Of The King

အရှင်ယေရှုဘုရားသည် သူ၏ မဟာအမှုတော်မြတ်ကို ကြေညာစေခြင်းငှာ (ဟေရှာ၊ ၆၁) ကို အသုံးပြုတော်မူခဲ့သည်။ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း... ငါ့ကို စေလွှတ်တော်မူပြီဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ ဤဝမ်းမြောက်စရာသတင်းကို မည်သို့ဖြစ်သနည်း။

More

ဤအစီအစဥ်အတွက် Tearfund ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ http://www.tearfund.org/yv

ဆက်စပ်နေသောအစီအစဉ်များ