အလွန်ကြီးမြတ်တော်မူသော ရှင်ဘုရင်ကြီးနမူနာ
ထူးခြားလှသော အကြံတော်မြတ်
ကျိုးပဲ့သောစိတ်ရှိသောသူတို့သည် မျှော်လင့်ခြင်းကို ရှာတွေ့စေဖို့ ကိုယ်တော်အား အလိုရှိသည်။ လူတိုင်းသည် မျှော်လင့်ခြင်းမရှိဘဲ လောကဓံတရား၌ အလကား ကင်လည်စေဖို့ ကိုယ်တော်အား မလိုမရှိပေ။ စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့အဖို့ စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေးစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ ထာဝရဘုရား စိုက်ပျိုးတော်မူသောအပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည် (ဟေရှာ၊ ၆၁း၃)။
သပိတ်ပင်သည် အလွန်ကြီးမားလှသောကြောင့် နှစ်ပေါင်းများစွာ တည်ရှိနိုင်ပါသည်။ သပိတ်ပင်သည် ခိုင်မာသောအမြစ်များရှိသောကြောင့် ခိုင်ခိုင်ခံ့ခံ့ ရပ်တည်နိုင်ပါသည်။ ဆင်းရဲသောဒုက္ခိတများ၊ ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို ဖြောင့်မတ်ခြင်းသပိတ်ပင်များ ဖြစ်စေရန် ဘုရားရှင်မြတ် အလိုရှိပါသည်။ ကိုယ်တော်သည် ကျွန်တော်တို့အဖို့ လွတ်မြောက်ချမ်းသာကို ပေးသည့်သာမက၊ အရာရာ၌ အောင်မြင်စေသောအခွင့်လည်း ပေးသနားတော်မူပြီ။
ခရစ်ယာန်များသည် အပြစ်တရားမှ လွတ်မြောက်ရသော်လည်း စိတ်ပျက်ခြင်းနှင့် လောကီစွဲလမ်းခြင်းမှ မလွတ်မြောက်နိုင်လျှင် အဘယ်အကျိုးရှိသနည်း။ ၎င်းအမှုသည် မလုံလောက်နိုင်ချေ။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့၏ အပြစ်အတွက် အသေခံရုံမျှမက၊ ကျွန်တော်တို့သည် ကိုယ်တော်၌ အသက်ရှိရသောအခွင့်ကို ပေးစေခြင်းငှာ သေခြင်းမှ ထမြောက်တော်မူသည်။ ထိုကြောင့် သားတော်သည် ကျွန်တော်တို့ကို လွှတ်လျှင်၊ ကျွန်တော်တို့သည် ဧကန်အမှန် လွတ်ကြလိမ့်မည်။ ကိုယ်တော်သည် ကျွန်တော်တို့၏ အားနည်းခြင်း၌ အစွမ်းသတ္တိကို ပေးသနားတော်မူသည်။
ကျွန်တော်တို့၏ ဘုရားသခင်သည် အရာခပ်သိမ်းကို ပြန်လည်ပြုပြင်ပေးသော ဘုရားသခင် ဖြစ်တော်မူသည်။
ဤသင်္ခါရလောကရှိ အကျိုးနည်းသောသူများသည် ခရစ်တော်ကို မျှော်လင့်သောအခါ ခရစ်တော်၏ စုံလင်ခြင်းကို ရရှိခံစားစေသည်။
ဤသို့ဆုတောင်းပတ္ထနာပြုကြပါစို့။
အရှင်ယေရှုဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မျှော်လင့်ရာ ဖြစ်တော်မူ၏။ အကျွန်ုပ်သည် အရာရာ၌ အောင်မြင်လျက် အသီးသီးနိုင်မည့်အကြောင်း ကူညီမစတော်မူပါ။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
အရှင်ယေရှုဘုရားသည် သူ၏ မဟာအမှုတော်မြတ်ကို ကြေညာစေခြင်းငှာ (ဟေရှာ၊ ၆၁) ကို အသုံးပြုတော်မူခဲ့သည်။ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း... ငါ့ကို စေလွှတ်တော်မူပြီဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ ဤဝမ်းမြောက်စရာသတင်းကို မည်သို့ဖြစ်သနည်း။
More