YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 1:15-23

ဧဖက် 1:15-23 JBMLE

ထို​ကြောင့် သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ခြင်း​အ​ကြောင်း​ကို ငါ​သည်​ကြား​ပြီး​လျှင်၊- သင်​တို့​ကို​အ​ကြောင်း​ပြု၍ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​လျက်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။- ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊- ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊- ယုံ​ကြည်​သော​ငါ​တို့၌ ပြ​တော်​မူ​သော အ​လွန်​ကြီး​လှ​စွာ​သော တန်​ခိုး​တော်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​သိ​စေ​ခြင်း​ငှာ၊ သင်​တို့၏ ဉာဏ်​မျက်​စိ​ကို လင်း​စေ​ပါ​မည်​အ​ကြောင်း ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။- ထို​တန်​ခိုး​တော်​ကား၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ၍ ခ​ရစ်​တော်၌​ပြု​ပြင်​သော မ​ဟာ​တန်​ခိုး အာ​နု​ဘော်​အ​ရှိန်​ကဲ့​သို့​ဖြစ်၏။- ခပ်​သိမ်း​သော အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်၊ တန်​ခိုး၊ အ​စိုး​ရ​ခြင်း​မှ​စ၍ ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ ခေါ်​ဝေါ်​သ​မုတ်​သော ဘွဲ့​နာ​မ​အ​လုံး​စုံ​တို့​အ​ထက်၊ ကောင်း​ကင်​အ​ရပ်၌ မိ​မိ​လက်​ယာ​တော်​ဘက်​မှာ အ​လွန်​မြင့်​မြတ်​သော​နေ​ရာ​ကို ခ​ရစ်​တော်​အား ပေး​တော်​မူ၍၊- ခြေ​ဖ​ဝါး​တော်​အောက်​သို့ အ​လုံး​စုံ​တို့​ကို ချ​ထား​သ​ဖြင့်၊ အ​သင်း​တော်​အ​ဖို့​အ​လို​ငှာ၊ သူ့​ကို​အ​လုံး​စုံ​တို့၏ အ​ချုပ်​အ​ခြာ ဦး​ခေါင်း​ဖြစ်​စေ​တော်​မူ၏။- ထို​အ​သင်း​တော်​ကား၊ အ​လုံး​စုံ​တို့​ကို အ​လုံး​စုံ​တို့​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော​သူ၏ ပြည့်​စုံ​ခြင်း​တည်း​ဟူ​သော ခ​ရစ်​တော်၏​ကိုယ် ဖြစ်​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။