စိတ်ဒဏ်ရာရသူများအဖို့ မျှော်လင့်ခြင်း — ဟေရှာယအနာဂတ္တိကျမ်းမှ သင်ခန်းစာများနမူနာ
ဤမေးခွန်များဖြင့် ယနေ့၏ ကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားပါ။
- အရှင်ယေရှုဘုရားသည် မိမိ၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့တွင် ဆင်းရဲဒုက္ခဝေဒနာကို ဘယ်လိုခံစားခဲ့သလဲ။
အရှင်ယေရှုဘုရား၏ ဒုက္ခဝေဒနာ
အရှင်ယေရှုဘုရားသည် မထီမဲ့မြင်ပြုခြင်းကို ခံခဲ့ရသလို၊ လူတို့တွင် အယုတ်ဆုံးသောသူ၊ ငြိုငြင်သောသူလည်း ဖြစ်ခဲ့သည် (ဟေရှာ၊ ၅၃း၃)။ ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံခဲ့ရသည် (ဟေရှာ၊ ၅၃း၅)။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံခဲ့ရသည် (ဟေရှာ၊ ၅၃း၇)။ ကိုယ်တော်သည် ၎င်းဆင်းရဲဒုက္ခကို ခံခဲ့ရသောကြောင့်၊ လူ၏ ဒုက္ခဝေဒနာကို ကိုယ်တော်တိုင် ကျွမ်းဝင်ပြီး ကျွန်တော်တို့အဖို့ ကယ်တင်ခြင်းအကျွတ်တရားကို ပေးတော်မူသည်။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ကျွန်တော်တို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော ဆင်းရဲဒုက္ခတို့ကို ခံဖူးသောသူဖြစ်တော်မူသည်။
မိမိဘဝဇာတ်လမ်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ။
- ခရစ်တော်၏ ဆင်းရဲဒုက္ခခံခြင်းကို ကြိုဟောချက်နှင့် မိတ်ဆွေနှင့်အတူ သူခံစားနေရဆင်းရဲဒုက္ခတည်းဟူသော သမ္မာတရားကို သိကျွမ်းခြင်းအားဖြင့် လက်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ ဘယ်လိုကူညီပေးနိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဟေရှာယအနာဂတ္တိကျမ်းတွင်၊ ကြွယ်ဝသောပုံဆောင်ချက်များ၊ ကြွလာမည့်မေရှိယအကြောင်း အနာဂတ္တိစကားနှင့် သူ၏လူမျိုးတော်အပေါ် ဘုရားသခင်၏သစ္စာတော်ကို ဖော်ပြစေသော ကတိတော်များစွာ ရှိပါသည်။ ပရောဖက်ဟေရှာယသည် ဣသရေလလူမျိုးအပေါ် ဘုရားသခင်၏သစ္စာတော်အကြောင်းကို အောက်မေ့သတိရလျက် ပြန်ဖော်ပြစေသလို၊ အနာဂတ်မှာ အရှင်ယေရှုဘုရားအားဖြင့် ရွေးနုတ်ချမ်းသာကို ရရှိခံစားကြလိမ့်မည်ဟူသော မိမိယုံကြည်မျှော်လင့်ချက်အကြောင်းကိုလည်း ဖော်ပြစေသည်။ ဤအစီစဉ်တွင်၊ ဆင်းရဲဒုက္ခဝေဒနာကို ခံစားနေသူတို့အဖို့ ဘုရားသခင်၏ သတိနှင့်ကြည့်ရှုတော်မူခြင်း၊ မဟာမေတ္တာကရုဏာတော်နှင့် အပြစ်စီရင်ခြင်းအကြောင်းကို ဖတ်ရှုလေ့လာလိမ့်မည်။
More