စိတ်ဒဏ်ရာရသူများအဖို့ မျှော်လင့်ခြင်း — ဟေရှာယအနာဂတ္တိကျမ်းမှ သင်ခန်းစာများနမူနာ
ဤမေးခွန်များဖြင့် ယနေ့၏ ကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားပါ။
- ဤကျမ်းပိုဒ်များတွင်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ဘယ်လိုဖော်ပြထားသလဲ။
ဘုရားသခင်၏ မျက်မှောက်တော်
ဘုရားသခင်၏ မျက်မှောက်တော်သည် မြေကြီးစွန်းတိုင်အောင် ရှိ၍ (ဟေရှာ၊ ၄၁း၉)၊ ဆင်ရဲးဒုက္ခကို ခံစဉ်တွင် ကျွန်တော်တို့ကို မစလျက် (ဟေရှာ၊ ၄၁း၁၃၊ ၄၃း၂)၊ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသောသူတို့အား ရရှိခံစားကြလိ့မ််မည် (ဟေရှာ၊ ၅၇း၁၅)။ လောကဓံတရား၌ ကျင်လည်သောအခါ၊ ဘုရားသခင်သည် ကျွန်တော်နှင့်အတူ ရှိတော်မူလိမ့်မည်။
မိမိဘဝဇာတ်လမ်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ။
- မိတ်ဆွေနှင့်အတူ ငါရှိမည်ဟု ကိုယ်တော်ဘုရားက ကတိပေးတော်မူပြီ။ လောကဓံမုန်တန်းများကို ဖြတ်သန်းရသောအခါ၊ ၎င်းကတိတော်ကို ဘယ်လိုရရှိခံစားရသလဲ။
ဤအစီအစဉ်အကြောင်း
ဟေရှာယအနာဂတ္တိကျမ်းတွင်၊ ကြွယ်ဝသောပုံဆောင်ချက်များ၊ ကြွလာမည့်မေရှိယအကြောင်း အနာဂတ္တိစကားနှင့် သူ၏လူမျိုးတော်အပေါ် ဘုရားသခင်၏သစ္စာတော်ကို ဖော်ပြစေသော ကတိတော်များစွာ ရှိပါသည်။ ပရောဖက်ဟေရှာယသည် ဣသရေလလူမျိုးအပေါ် ဘုရားသခင်၏သစ္စာတော်အကြောင်းကို အောက်မေ့သတိရလျက် ပြန်ဖော်ပြစေသလို၊ အနာဂတ်မှာ အရှင်ယေရှုဘုရားအားဖြင့် ရွေးနုတ်ချမ်းသာကို ရရှိခံစားကြလိမ့်မည်ဟူသော မိမိယုံကြည်မျှော်လင့်ချက်အကြောင်းကိုလည်း ဖော်ပြစေသည်။ ဤအစီစဉ်တွင်၊ ဆင်းရဲဒုက္ခဝေဒနာကို ခံစားနေသူတို့အဖို့ ဘုရားသခင်၏ သတိနှင့်ကြည့်ရှုတော်မူခြင်း၊ မဟာမေတ္တာကရုဏာတော်နှင့် အပြစ်စီရင်ခြင်းအကြောင်းကို ဖတ်ရှုလေ့လာလိမ့်မည်။
More