စိတ်ဒဏ်ရာရသူများအဖို့ မျှော်လင့်ခြင်း — ဟေရှာယအနာဂတ္တိကျမ်းမှ သင်ခန်းစာများနမူနာ
ဤမေးခွန်များဖြင့် ယနေ့၏ ကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားပါ။
- ဤကျမ်းပိုဒ်များဖြင့် ညှဉ်းဆဲခြင်းကိုခံရသော စိတ်ဒဏ်ရာရသူများအဖို့ ကိုယ်တော်ဘုရား၏ မဟာမေတ္တာကရုဏာတော်ကို ဘယ်လိုဖော်ပြထားသလဲ။
ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များ
ညှဉ်းဆဲခြင်းကိုခံရသောသူတို့အဖို့ ဘုရားသခင်၏ တရားစီရင်ခြင်း၊ လွတ်မြောက်ချမ်းသာပေးခြင်းနှင့် သတိနှင့်ကြည့်ရှုတော်မှုခြင်းကို သမ္မာကျမ်းစာက ထပ်သလဲလဲ ပြထားပါသည်။ ဘုရားသခင်၏ နာမတော်တစ်ပါးမူကား၊ ငြိမ်သက်ခြင်းအရှင် ဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် စည်းလုံးညီညွတ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို ပြုတော်မူသောအရှင် ဖြစ်သည် (ဟေရှာ၊ ၉း၆)။ တရားနှင့် သစ္စာသည် သူ၏ ခါးပန်းခါးစည်းဖြစ်တော်မူသောကြောင့်၊ ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ (ဟေရှာ၊ ၁၁း၄-၅)။ ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ (ဟေရှာ၊ ၅ဝး၄က)။
မိမိဘဝဇာတ်လမ်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ။
- ယနေ့၊ ကျွန်တော်တို့ မေရှိယ၏ နာမတော်တစ်ပါးအားဖြင့် ခွန်အားကို ရရှိခံစားနေပါသလား။ ၎င်းနာမတော်အားဖြင့် မိမိအဖို့ ခွန်အားကို ဘယ်လိုပေးနေပါသလဲ။
သမ္မာကျမ်းစာဖတ်သည့်သူတိုင်းသည် ထူးခြားသောဘဝဇာတ်လမ်းနှင့် ထူ့ခြားသောအမြင် ရှိကြပါသည်။ မိတ်ဆွေနှင့် မိတ်ဆွေနှင့်တူညီသောသူများအကြောင့်ကို ပိုမိုလေ့လာစေဖို့ အောက်ပါလင့်ကို နှိပ်ပါစို့။ မိမိ၏ပါဝင်ခြင်းဖြင့် အမေရိကန်ကျမ်းစာအသင်း (American Bible Society) သည် လူအားလုံးအတွက် ကောင်းသောဓမ္မစာပေကို ဆက်လက်ထုတ်လုပ်စေဖို့ အကူအညီ ပေးလျက်၊ ဓမ္မစာပေအသစ်ကို ထုတ်သောအခါ မိတ်ဆွေထံ သတိပေးပါလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဟေရှာယအနာဂတ္တိကျမ်းတွင်၊ ကြွယ်ဝသောပုံဆောင်ချက်များ၊ ကြွလာမည့်မေရှိယအကြောင်း အနာဂတ္တိစကားနှင့် သူ၏လူမျိုးတော်အပေါ် ဘုရားသခင်၏သစ္စာတော်ကို ဖော်ပြစေသော ကတိတော်များစွာ ရှိပါသည်။ ပရောဖက်ဟေရှာယသည် ဣသရေလလူမျိုးအပေါ် ဘုရားသခင်၏သစ္စာတော်အကြောင်းကို အောက်မေ့သတိရလျက် ပြန်ဖော်ပြစေသလို၊ အနာဂတ်မှာ အရှင်ယေရှုဘုရားအားဖြင့် ရွေးနုတ်ချမ်းသာကို ရရှိခံစားကြလိမ့်မည်ဟူသော မိမိယုံကြည်မျှော်လင့်ချက်အကြောင်းကိုလည်း ဖော်ပြစေသည်။ ဤအစီစဉ်တွင်၊ ဆင်းရဲဒုက္ခဝေဒနာကို ခံစားနေသူတို့အဖို့ ဘုရားသခင်၏ သတိနှင့်ကြည့်ရှုတော်မူခြင်း၊ မဟာမေတ္တာကရုဏာတော်နှင့် အပြစ်စီရင်ခြင်းအကြောင်းကို ဖတ်ရှုလေ့လာလိမ့်မည်။
More