YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 50:4-8

ဟေရှာယ 50:4-8 JBMLE

ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား​ကို​ဖွင့်​တော်​မူ၍၊ ငါ​လည်း မ​ငြင်း​မ​ဆန်၊ နောက်​သို့​မ​ဆုတ်၊ ရိုက်​သော​သူ​တို့​အား ငါ့​ကျော​ကို​လည်း​ကောင်း၊ နား​ပန်း​ဆံ​ကို နုတ်​သော​သူ​တို့​အား၊ ငါ့​ပါး​ကို​လည်း​ကောင်း ငါ​အပ်၏။ အ​ရှက်​ခွဲ​ခြင်း​နှင့် တံ​တွေး​ထွေး​ခြင်း​မှ ငါ​သည် ကိုယ်​မျက်​နှာ​ကို​မ​လွှဲ။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​လိမ့်​မည်။ ထို​ကြောင့်၊ ငါ​မ​ရှုံး​ရ​သည်​ဖြစ်၍၊ ကိုယ်​မျက်​နှာ​ကို မီး​ကျောက်​ကဲ့​သို့​ထား​လျက်၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ဟု ငါ​သိ၏။ ငါ့​ကို အ​ပြစ်​လွှတ်​သော​သူ​သည် အ​နီး​မှာ​ရှိ၏။ အ​ဘယ်​သူ​သည် ငါ​နှင့် တ​ရား​တွေ့​မည်​နည်း။ ပြိုင်၍ နေ​ကြ​ကုန်​အံ့။ အ​ဘယ်​သူ​သည် ငါ​နှင့် ရန်​ဘက်​ပြု​မည်​နည်း။ ထို​သူ​သည် ချဉ်း​ကပ်​စေ။