YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 50

50
1ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​လွှတ်​လိုက်​သော သင်​တို့​အ​မိ၏ ဖြတ်​စာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ငါ၌​ကြွေး​ရှိ၍ အ​ဘယ်​မည်​သော ကြွေး​ရှင်​ထံ၌ သင်​တို့​ကို ငါ​ရောင်း​သ​နည်း။ သင်​တို့​သည် ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​တွက် ကျွန်​ခံ​ရ​ကြ၏။ သင်​တို့​အ​ပြစ်​ကြောင့်၊ သင်​တို့​အ​မိ​ကို ငါ​လွှတ်​လိုက်၏။ 2ငါ​လာ​သော​အ​ခါ အ​ဘယ်​ကြောင့် လူ​မ​ရှိ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​ကြောင့် မ​ထူး​သ​နည်း။ ငါ​သည် မ​ရွေး​မ​နုတ်​နိုင်​အောင် လက်​တို​သ​လော။ ကယ်​ချွတ်​နိုင်​သော တန်​ခိုး​မ​ရှိ​သ​လော။ ကြည့်​ရှု​လော့။ ငါ​ဆုံး​မ​သ​ဖြင့် ပင်​လယ်​ရေ​သည် ခန်း​ခြောက်၏။ မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ၏။ ရေ​မ​ရှိ​သော​ကြောင့် ငါး​တို့​သည်​နံ​ကြ၏။ ရေ​ငတ်၍ သေ​ကြ၏။ 3ငါ​သည် မိုး​ကောင်း​ကင်​ကို နက်​သော​အ​ဝတ်​ဝတ်​စေ၍၊ လျှော်​တေ​အ​ဝတ်​နှင့် ခြုံ၏။
အ​စေ​ခံ​၏​နှိမ့်​ချ​ခြင်း
4ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။ 5အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား​ကို​ဖွင့်​တော်​မူ၍၊ ငါ​လည်း မ​ငြင်း​မ​ဆန်၊ နောက်​သို့​မ​ဆုတ်၊ 6ရိုက်​သော​သူ​တို့​အား ငါ့​ကျော​ကို​လည်း​ကောင်း၊ နား​ပန်း​ဆံ​ကို နုတ်​သော​သူ​တို့​အား၊ ငါ့​ပါး​ကို​လည်း​ကောင်း ငါ​အပ်၏။ အ​ရှက်​ခွဲ​ခြင်း​နှင့် တံ​တွေး​ထွေး​ခြင်း​မှ ငါ​သည် ကိုယ်​မျက်​နှာ​ကို​မ​လွှဲ။#မ၊ ၂၆:၆၇။ မာ၊ ၁၄:၆၅။ 7အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​လိမ့်​မည်။ ထို​ကြောင့်၊ ငါ​မ​ရှုံး​ရ​သည်​ဖြစ်၍၊ ကိုယ်​မျက်​နှာ​ကို မီး​ကျောက်​ကဲ့​သို့​ထား​လျက်၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ဟု ငါ​သိ၏။ 8ငါ့​ကို အ​ပြစ်​လွှတ်​သော​သူ​သည် အ​နီး​မှာ​ရှိ၏။ အ​ဘယ်​သူ​သည် ငါ​နှင့် တ​ရား​တွေ့​မည်​နည်း။ ပြိုင်၍ နေ​ကြ​ကုန်​အံ့။ အ​ဘယ်​သူ​သည် ငါ​နှင့် ရန်​ဘက်​ပြု​မည်​နည်း။ ထို​သူ​သည် ချဉ်း​ကပ်​စေ။#ရော၊ ၈:၃၃-၃၄။ 9ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​မည်။ အ​ဘယ်​သူ​သည် ငါ့​ကို တ​ရား​ရှုံး​စေ​မည်​နည်း။ ထို​သို့​သော သူ​အ​ပေါင်း​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ပိုး​ကိုက်​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ​လိမ့်​မည်။
10သင်​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သ​နည်း။ ထို​သူ​သည် ကိုယ်​တော်​ကျွန်၏​စ​ကား​သံ​ကို နား​ထောင်​ပါ​စေ။ အ​ဘယ်​သူ​သည် အ​လင်း​မ​ရှိ​ဘဲ မှောင်​မိုက်၌ သွား​လာ​သ​နည်း။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ခို​လှုံ၍၊ မိ​မိ​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​ပါ​စေ။ 11မီး​ကို​ညှိ၍ မိ​မိ​တို့​ကို မီး​ပွား​တို့​နှင့် ဝန်း​ရံ​စေ​သော သူ​အ​ပေါင်း​တို့၊ သင်​တို့​မီး၏​အ​လင်း၌​လည်း​ကောင်း၊ သင်​တို့​ပြု​စု​သော မီး​စ​များ၌​လည်း​ကောင်း သွား​လာ​ကြ​လော့။ ငါ့​လက်၌​ခံ​ရ​သော အ​ကျိုး​ဟူ​မူ​ကား၊ သင်​တို့​သည် ဝမ်း​နည်း​လျက် အိပ်​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 50: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ