YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ဒဏ်ရာရသူများအဖို့ မျှော်လင့်ခြင်း — ဟေရှာယအနာဂတ္တိကျမ်းမှ သင်ခန်းစာများနမူနာ

Hope for Wounded Hearts: Readings From Isaiah

5 ၏ နေ့ 2

ဤမေးခွန်များဖြင့် ယနေ့၏ ကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားပါ။

  • ဤကျမ်းပိုဒ်များတွင် ဘုရားသခင်သည် မိမိသားသမီးများအဖို့ ဘယ်ကတိတော်များကို ပေးသလဲ။

ဘုရားသခင်၏ မဟာကတိတော်များ

ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ ကောင်းကြီးမင်္ဂလာများ (ဟေရှာ၊ ၃း၁၀)၊ ထောက်ပံ့ကူညီခြင်း (ဟေရှာ၊ ၂၅း၆)၊ စောင့်ရှောက်ခြင်း (၂၆း၃) နှင့် ကယ်တင်ခြင်းတို့ကို ရရှိခံစားကြလိမ့်မည် (ဟေရှာ၊ ၅၁း၁၁)။ သို့သော်၊ ဤကတိတော်များသည် ကောင်းကင်ဘုံ၌သာ စုံလင်စေလိမ့်မည် (ဟေရှာ၊ ၅၁း၁၁)။ ထာဝရဘုရားသည် နိစ္စထာဝရခိုလှုံရာ ဖြစ်တော်မူသောကြောင့် ကျွန်တော်တို့သည် ပြင်းထန်လှသော လောကဓံမုန်တန်းများကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းရနိုင်သည် (ဟေရှာ၊ ၂၆း၄)။

မိမိဘဝဇာတ်လမ်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ။

  • ယနေ့၊ ဘုရားသခင်ကို ဘယ်လိုယုံကြည်အားကိုးမလဲ။ မိတ်ဆွေသည် ကိုယ်တော်၏ တန်ခိုးရှိသောလက်ရုံးနှင့် နားထောင်နေသော နားတော်ကို လိုအပ်နေပါသလား။
နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Hope for Wounded Hearts: Readings From Isaiah

ဟေရှာယအနာဂတ္တိကျမ်းတွင်၊ ကြွယ်ဝသောပုံဆောင်ချက်များ၊ ကြွလာမည့်မေရှိယအကြောင်း အနာဂတ္တိစကားနှင့် သူ၏လူမျိုးတော်အပေါ် ဘုရားသခင်၏သစ္စာတော်ကို ဖော်ပြစေသော ကတိတော်များစွာ ရှိပါသည်။ ပရောဖက်ဟေရှာယသည် ဣသရေလလူမျိုးအပေါ် ဘုရားသခင်၏သစ္စာတော်အကြောင်းကို အောက်မေ့သတိရလျက် ပြန်ဖော်ပြစေသလို၊ အနာဂတ်မှာ အရှင်ယေရှုဘုရားအားဖြင့် ရွေးနုတ်ချမ်းသာကို ရရှိခံစားကြလိမ့်မည်ဟူသော မိမိယုံကြည်မျှော်လင့်ချက်အကြောင်းကိုလည်း ဖော်ပြစေသည်။ ဤအစီစဉ်တွင်၊ ဆင်းရဲဒုက္ခဝေဒနာကို ခံစားနေသူတို့အဖို့ ဘုရားသခင်၏ သတိနှင့်ကြည့်ရှုတော်မူခြင်း၊ မဟာမေတ္တာကရုဏာတော်နှင့် အပြစ်စီရင်ခြင်းအကြောင်းကို ဖတ်ရှုလေ့လာလိမ့်မည်။

More

ဤအစီအစဥ်ကို ပံ့ပိုးပေးသည့်အတွက် အမေရိကန်ကျမ်းစာအသင်း (American Bible Society) အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://traumahealinginstitute.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။