စိတ်ဒဏ်ရာရသူများအဖို့ မျှော်လင့်ခြင်း — ဟေရှာယအနာဂတ္တိကျမ်းမှ သင်ခန်းစာများနမူနာ
ဤမေးခွန်များဖြင့် ယနေ့၏ ကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစားပါ။
- ဘုရားသခင်သည် သဘာဝတရားအပေါ် စောင့်ရှောက်ပြုစုတော်မူသလို၊ ကျွန်တော်တို့အပေါ်မှာလည်း စောင့်ရှောက်ပြုစုနေပါသလား။
- ဘုရားသခင်သည် မောသောသူတို့နှင့် နွမ်းနယ်သောသူတို့ကို ဘယ်လိုမြင်တော်မူသလဲ။
ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏
ဘုရားသခင်၏ လောကကြီးရှိ ကြီးမားလှသည့် ဖန်ဆင်းခြင်း၊ သဘာဝအလွန်ဒီဇိုင်းနှင့် သဘာဝတရား၏ ရည်ရွယ်ချက်တို့ကို ကြည့်ရှုသောအခါ၊ ဘုရားသခင်၏ ချစ်လှစွာသော သားသမီးများအတွက် ပိုမိုကြီးမားလှသော ကြည့်ရှုပြုစုကျေးဇူးတော်ကို သတိရမိပါသည်။ ဘုရားသခင်သည် ကြယ်အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူသလို (ဟေရှာ၊ ၄ဝး၂၆)၊ ငှက်တို့ကိုလည်း ကျွေးမွေးတော်မူသည် (မ၊ ၆း၂၅-၂၆)။ ထို့ကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့၏ သုက္ခချမ်းသာခြင်းနှင့် ဒုက္ခဆင်းရဲခြင်းတို့ကို သတိနှင့်ကြည့်ရှုတော်မူမည်။ ကျွန်တော်တို့၏ ဝေဒနာနှင့် အားနည်းချက်သည် ကိုယ်တော်အတွက် အလွန်ရေးကြီးသည် (ဟေရှာ၊ ၄ဝး၂၉)။ ပင်ပန်းနွမ်းနယ်နေချိန်တွင် ကျွန်တော်တို့ သတိနှင့်ကြည့်ရှုတော်မူသော ထာဝရဘုရားသခင်၌ ခိုလှုံနိုင်သည်။
မိမိဘဝဇာတ်လမ်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ။
- ကိုယ်တော်သည် မိမိအသက်တာရှိ ပြဿနာများကို ကြည့်ရှုတော်မမူဟု ခံစားဖူးပါသလား။ ၎င်းပြဿနာများက ဘာလဲ။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်ဟု တကယ်ထင်နေပါသလား။
နောက်တစ်ဆင့်တက်စို့
ဤအစီစဉ်သည် ချစ်မိတ်ဆွေအဖို့ အကျိုးကို ပြုစုခဲ့ပါသလား။ ဤအစီစဉ်သည် မျှော်လင့်ခြင်းပြန်တည်ထောင်သော သမ္မာကျမ်းစာမှ ရယူခဲ့ပါသည် (အမေရိကန်ကျမ်းစာအသင်း၊ ၂၀၂၂)။ ဤသည်မှာ မိမိဘဝခရီးတွင် နောက်ထပ်ခြေလှမ်းများအဖို့ အကြံဉာဏ်အချို့ဖြစ်သည်။
- ဤအစီစဉ်ရှိ မိမိကြိုက်နှစ်သက်သည့် ကျမ်းပိုဒ်တစ်ပိုဒ်ကို အလွတ်ကျက်ပါ။ မိတ်ဆွေသည် ဆင်းရဲဒုက္ခခံပြီး စိတ်ပင်ပန်းလျက် အားနည်းသောအခါ၊ ၎င်းကျမ်းပိုဒ်ကို ထပ်ခါတလဲ ရွတ်ဆိုလိုက်ပါ။
- ဆင်းရဲဒုက္ခခံသောအခါ၊ ဤအခမဲ့“မြည်တမ်းနည်း” ဓမ္မစာပေကို ရယူပြီး သက်သာခြင်းသို့ ရောက်စေပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဟေရှာယအနာဂတ္တိကျမ်းတွင်၊ ကြွယ်ဝသောပုံဆောင်ချက်များ၊ ကြွလာမည့်မေရှိယအကြောင်း အနာဂတ္တိစကားနှင့် သူ၏လူမျိုးတော်အပေါ် ဘုရားသခင်၏သစ္စာတော်ကို ဖော်ပြစေသော ကတိတော်များစွာ ရှိပါသည်။ ပရောဖက်ဟေရှာယသည် ဣသရေလလူမျိုးအပေါ် ဘုရားသခင်၏သစ္စာတော်အကြောင်းကို အောက်မေ့သတိရလျက် ပြန်ဖော်ပြစေသလို၊ အနာဂတ်မှာ အရှင်ယေရှုဘုရားအားဖြင့် ရွေးနုတ်ချမ်းသာကို ရရှိခံစားကြလိမ့်မည်ဟူသော မိမိယုံကြည်မျှော်လင့်ချက်အကြောင်းကိုလည်း ဖော်ပြစေသည်။ ဤအစီစဉ်တွင်၊ ဆင်းရဲဒုက္ခဝေဒနာကို ခံစားနေသူတို့အဖို့ ဘုရားသခင်၏ သတိနှင့်ကြည့်ရှုတော်မူခြင်း၊ မဟာမေတ္တာကရုဏာတော်နှင့် အပြစ်စီရင်ခြင်းအကြောင်းကို ဖတ်ရှုလေ့လာလိမ့်မည်။
More