YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 25:6-9

ဟေရှာယ 25:6-9 JBMLE

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​ကို ဖုံး​သော မျက်​နှာ​ဖုံး​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​ကို​ဖုံး​လွှမ်း​သော တင်း​တိမ်​ကို​လည်း​ကောင်း၊ ဤ​တောင်​ပေါ်​မှာ ပယ်​တော်​မူ​လိမ့်​မည်။ သေ​ခြင်း​ကို​လည်း နစ်​မွန်း​ဆုံး​ရှုံး​စေ​တော်​မူ​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ခပ်​သိမ်း​သော မျက်​နှာ​တို့​မှ မျက်​ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏​လူ​တို့​သည် ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို​လည်း၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ ပယ်​ရှင်း​တော်​မူ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။ ထို​ကာ​လ၌ ကြည့်​ရှု​လော့။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော၊ ငါ​တို့၏​ဘု​ရား​သ​ခင်​တည်း။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော ထာ​ဝ​ရ​ဘု​ရား​တည်း။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကြောင့်၊ ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့​ဟု ဆို​ကြ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။