YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 57:15-19

ဟေရှာယ 57:15-19 JBMLE

အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။ ငါ​သည် အ​စဉ်​မ​ပြတ် တ​ရား​တွေ့​မည်​မ​ဟုတ်။ အ​စဉ်​မ​ပြတ် အ​မျက်​ထွက်​မည်​မ​ဟုတ်။ ထို​သို့​ဟုတ်​လျှင်၊ အ​သက်​သည် ငါ့​ရှေ့​မှာ​ပျောက်၍၊ ငါ​ဖန်​ဆင်း​သော​ဝိ​ညာဉ်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်။ သူ၏ လော​ဘ​လွန်​ကျူး​ခြင်း​အ​ပြစ်​ကြောင့်၊ ငါ​သည် အ​မျက်​ထွက်၍ ဒဏ်​ခတ်​လေ၏။ အ​မျက်​ထွက်၍ မျက်​နှာ​ကို လွှဲ​လေ၏။ သူ​သည်​လည်း မိ​မိ​အ​လို​ရှိ​ရာ​လမ်း​သို့ လွှဲ​သွား​လေ၏။ သူ၏ အ​ကျင့်​ဓ​လေ့​တို့​ကို ငါ​မြင်​ပြီ။ သူ့​ကို​အ​နာ​ပျောက်​စေ၍ လမ်း​ပြ​ဦး​မည်။ သူ့​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ စိတ်​ညှိုး​ငယ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ချမ်း​သာ​ပေး​ဦး​မည်။ ငါ​သည် နှုတ်​ခမ်း​အ​သီး​ကို ဖန်​ဆင်း၏။ ဝေး​သော​သူ၌​လည်း​ကောင်း၊ နီး​သော​သူ၌​လည်း​ကောင်း ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ သူ၏​အ​နာ​ကို ငါ​ပျောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။