YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 63:7-9

ဟေရှာယ 63:7-9 JBMLE

က​ရု​ဏာ​နှင့် မ​ဟာ​မေ​တ္တာ​တော်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား သ​နား​တော်​မူ​သော​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သော မ​ဟာ​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ မ​ဟာ​မေ​တ္တာ​တော်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​မည်။ အ​ကယ်​စင်​စစ် သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ၏။ သ​စ္စာ​မ​ပျက်​သော သား​လည်း ဖြစ်​ကြ၏​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို ကယ်​နုတ်​တော်​မူ​၏။ အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။