YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 63

63
ထာ​ဝ​ရ​ဘု​ရား​၏​ချေ​မှုန်း​ခြင်း
1တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​ဆင်​ခြင်း၊ ကြီး​သော​တန်​ခိုး​ကြောင့် ဝါ​ကြွား​ခြင်း​ရှိ၍၊ ပန်း​ဆိုး​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ဧ​ဒုံ​ပြည်​ဗော​ဇ​ရ​မြို့​မှ လာ​သော​ဤ​သူ​ကား၊ အ​ဘယ်​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။#ဟေ​ရှာ၊ ၃၄:၅-၁၇။ ယေ၊ ၄၉:၇-၂၂။ ယေ​ဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ ဩ၊ ၁-၁၄။ မာ​လ၊ ၁:၂-၅။
ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဟော၍၊ ကယ်​တင်​ခြင်း​ငှာ တန်​ခိုး​ကြီး​သော ငါ​ပေ​တည်း။
2ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် နီ​သော​အ​ဝတ်​ကို ဝတ်​တော်​မူ​သ​နည်း။ အ​ဝတ်​တော်​သည် စ​ပျစ်​သီး​ကို နင်း​နယ်​သော သူ၏​အ​ဝတ်​နှင့် အ​ဘယ်​ကြောင့် တူ​ပါ​သ​နည်း။
3စ​ပျစ်​သီး​ကို ငါ​တစ်​ယောက်​တည်း နင်း​နယ်​ရ​ပြီ။ လူ​များ​အ​ထဲ​က တစ်​ယောက်​မျှ​မ​ပါ။ သူ​တို့​ကို ငါ​အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​သည် ငါ့​အ​ဝတ်​ပေါ်​မှာ ဖျန်း​လျက်​ရှိ​ပြီ။ ငါ့​အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​ကို ငါ​ဆိုး​ပြီ။#ဗျာ၊ ၁၄:၂၀၊ ၁၉:၁၃၊ ၁၅။ 4အ​ပြစ်​ပေး​သော နေ့​ရက်​ကို ငါ​အောက်​မေ့​ပြီ။ ငါ​ရွေး​နုတ်​သော သူ​တို့၏​နှစ်​သည် ရောက်​လာ​ပြီ။ 5ငါ​ကြည့်​ရှု၍ မ​စ​သော​သူ​မ​ရှိ။ မှိုင်​တွေ​သော်​လည်း ထောက်​ပင့်​သော​သူ​မ​ရှိ။ ထို​ကြောင့်၊ ကိုယ်​လက်​သည် ကိုယ်​အ​ဖို့ ကယ်​တင်​ခြင်း​ကို ပြု​ပြီ။ ကိုယ်​ဒေါ​သ​အ​မျက်​သည် ကိုယ်​ကို ထောက်​ပင့်​ပြီ။#ဟေ​ရှာ၊ ၅၉:၁၆။ 6လူ​များ​ကို အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ ကျပ်​ကျပ်​နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​ကို မြေ​ပေါ်​မှာ​သွန်​ပြီ။
ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်
7က​ရု​ဏာ​နှင့် မ​ဟာ​မေ​တ္တာ​တော်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား သ​နား​တော်​မူ​သော​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သော မ​ဟာ​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ မ​ဟာ​မေ​တ္တာ​တော်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​မည်။ 8အ​ကယ်​စင်​စစ် သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ၏။ သ​စ္စာ​မ​ပျက်​သော သား​လည်း ဖြစ်​ကြ၏​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို ကယ်​နုတ်​တော်​မူ​၏။ 9အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။ 10သူ​တို့​သည်​လည်း ပုန်​ကန်​၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နာ​စေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့​ကို ရန်​ဘက်​ပြု၍ စစ်​တိုက်​တော်​မူ​၏။ 11ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ လူ​တို့​သည် ရှေး​ကာ​လ၊ မော​ရှေ၏​ကာ​လ​ကို အောက်​မေ့​ကြ၏။ မိ​မိ​လူ​တို့​ကို သိုး​ထိန်း​နှင့်​တ​ကွ ပင်​လယ်​ထဲ​က ထုတ်​ဆောင်​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ မိ​မိ​လူ​တို့​အ​ထဲ၌ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို သွင်း​လျက်၊ 12မော​ရှေ၏​လက်​ယာ​နား​မှာ ဘုန်း​ကြီး​သော လက်​ရုံး​တော်​ကို သွင်း၍၊ အ​သ​ရေ​တော်​ကို အ​စဉ် ထင်​ရှား​စေ​ခြင်း​ငှာ၊ သူ​တို့​ရှေ့​မှာ ရေ​ကို​ခွဲ​သ​ဖြင့်၊#ထွ၊ ၁၄:၂၁။ 13လွင်​ပြင်၌ မြင်း​ကို​နှင်​သ​ကဲ့​သို့၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ဆောင်​သွား​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ 14ချိုင့်​ထဲ​သို့​သိုး​နွား ဆင်း​သွား​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​သို့ အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ကိုယ်​တော်၏​လူ​တို့​ကို ဆောင်​သွား​တော်​မူ​ပါ​ပြီ။
က​ရု​ဏာ​ထား​၍​ကူ​မ​ရန်ဆု​တောင်း
15ကောင်း​ကင်​ဘုံ​က ငုံ့​ကြည့်​တော်​မူ​ပါ။ သန့်​ရှင်း၍ ဘုန်း​ကြီး​သော​နေ​ရာ​က ကြည့်​ရှု​တော်​မူ​ပါ။ စိတ်​တော်​အား​ကြီး၍ တန်​ခိုး​ကို ပြ​တော်​မူ​ခြင်း၊ က​ရု​ဏာ​တော်​လှုပ်​ရှား၍ အ​ကျွန်ုပ်​တို့​ကို သ​နား​စုံ​မက်​တော်​မူ​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ ချုပ်​တည်း​တော်​မူ​သ​လော။ 16အာ​ဗြ​ဟံ​သည် အ​ကျွန်ုပ်​တို့​ကို မ​သိ၊ ဣ​သ​ရေ​လ​သည် လက်​မ​ခံ​သော်​လည်း၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ ရှေး​ကာ​လ​မှ​စ၍ အ​ကျွန်ုပ်​တို့​ကို ရွေး​နုတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ 17အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​မှ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် လွှဲ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ခိုင်​မာ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက်၊ အ​မွေ​တော်​ဖြစ်​သော အ​နွယ်​တို့​အ​တွက် ပြန်​လာ​တော်​မူ​ပါ။ 18ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​သည် ခ​ဏ​သာ​အ​စိုး​ရ​ပြီး​မှ၊ ရန်​သူ​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ကျော်​နင်း​ကြ​သည်​ဖြစ်၍၊ 19အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော် မ​အုပ်​စိုး​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​ခြင်း​ကို မ​ခံ​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 63: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။