YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ရှည်ခြင်းနမူနာ

Patience

6 ၏ နေ့ 6

စိတ်ရှည်သည်ခံခြင်း၌ ပြီးပြည့်စုံသော ယုံကြည်မှု

သမ္မာကျမ်းစာထဲက ထူးထူးခြားခြား အမျိုးသမီးများနှင့် သူတို့၏ဇာတ်တော်များကနေ ကျွန်ုပ်တို့ သင်ယူစရာများစွာ ရှိပါသည်။ The Kristen Collection တွင်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏ အမျိုးသမီးများအကြောင်း ကျွန်ုပ်တို့၏ ဇာတ်လမ်းများနှင့် စုစည်းမှုများကို အခြေခံထားပါသည်။ ဆာရာနှင့် အာဗြဟံတို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၏ သူရဲကောင်းများထဲမှ အချို့ဖြစ်သည်။ ဆာရာ၏ နှလုံးသားဆန္ဒက ကလေးတစ်ယောက်လိုချင်မှု ဖြစ်ပါသည်။ သူမသည် ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး ကိုယ်တော်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည်ဖြစ်သည်။

ကျွန်ုပ်တို့သည် နာကျင်မှုကို ရင်ဆိုင်ရသည့်အခါ၌ပင် ဘုရားသခင်နှင့်အတူ အနာဂတ်အတွက် အမြဲမျှော်လင့်ချက် ရှိပါသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးပြီး နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများအတွက် အရာအားလုံး ပြီးပြည်စုံအောင်လုပ်ဆောင်ပေးမည်ဟု သူ၏ နှုတ်ကပတ်တော်၌ ကတိပြုပါသည်။ ထို့နောက်၊ သခင်က ကျွန်ုပ်တို့အတွက် ကောင်းမွန် သည့် အနာဂတ်ကို ကတိပေးထားပါသည်။ “အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်ပြီဟု ယုံမှတ်စွဲလမ်းခြင်း ရှိ၏။” (ဆာ၊ ၂၇:၁၃)

ကျွန်ုပ်တို့ အမှန်တကယ် လိုချင်သောအရာကို စောင့်ဆိုင်းနေစဉ်၊ ဘုရားသခင်ထံ အပ်နှံရန် သင်ယူပါ။ ကိုယ်တော်သည် အထဋ်အမြတ်အာဏာတော်ကို ပိုင်ဖြစ်ပြီး သူ၏ အချိန်သည် အမြဲတမ်း ပြီးပြည့်စုံကြောင်းကိုလည်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ (က၊ ၂၁) တွင် ဘုရားသခင်သည် ဆာရာအား သူ၏ ကတိတော်များကို ပြည့်စုံစေခဲ့ကြောင်း သတိရလျက် ခွန်အားယူပါ။

ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ဆာ​ရာ​ကို အ​ကြည့်​အ​ရှု ​ကြွ​တော်​မူ၍၊ က​တိ​တော်​ရှိ​သည်​နှင့်​လျော်​စွာ သူ၌​ပြု​တော်​မူ​သ​ဖြင့်၊ ဆာ​ရာ​သည် ​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ချိန်း​ချက်​သော​အ​ချိန်၌၊ အာ​ဗြ​ဟံ​အ​သက်​ကြီး​သော​အ​ခါ၊ သူ့​အား​ သား​ကို ​ဖွား​လေ၏။(က၊ ၂၁း၁-၂)

မိတ်ဆွေ၏ ယနေ့ ခရီးလမ်းတွင် ငြိမ်​ဝပ်​လျက်​နေ​ကြ​လော့။ ငါ​ကား ဘု​ရား​သ​ခင်​ဖြစ်​သည်​ဟု သိ​မှတ်​ကြ​လော့။ (ဆာ၊ ၄၆း၁၀) ကို အောက်မေ့သတိရပါ။

ပြန်လည်အသုံးချပုံ

မိတ်ဆွေ စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းနေသော အရာများကို ရေးချပါ။

နှုတ်ကပတ်တော်မှာ တွေ့ရသည့် ဘုရားသခင်၏ ကတိတော်များကို ရေးချပါ။

ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားကြောင်းသိမှတ်၍ ငြိမ်ဝပ်စွာ နေပါ။

ဆုတောင်းချက်

ဘုရားသခင်၊ ကိုယ်တော်သည် အရာအားလုံးကို ထိန်းချုပ်ထား၍ ကျွန်ုပ်ငြိမ်ဝပ်စွာ နေနိုင်ကြောင်းသိရ၍ ကိုယ်တော်ကိုကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်ကို စောင့်ဆိုင်းနေချိန်တွင် ကျွန်ုပ်နှလုံးသားအား ခွန်အားနှင့် ရဲ့ရင့်သတ္တိနှင့် ပြည့်စေတော်မူပါ။ အာမင်။

နေ့ 5

ဤအစီအစဉ်အကြောင်း

Patience

ဤစာဖတ်ခြင်းအစီအစဥ်သည် မိတ်ဆွေဘဝတွင် စိတ်ရှည်သည်းခံခြင်း ဝိညာဉ်အသီးကို ပြုစုပျိုးထောင်ရာခရီးတွင် လှုံ့ဆော်ပေးနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများသည် အမြဲမသာယာသော်လည်း၊ ဘုရားသခင်က ထိုအခက်််အခဲတို့ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စရိုက်လက္ခဏာကို ပုံသွင်းမည်ဖြစ်ပါသည်။ ဘုရားသခင်အလိုတော်ရှိသောအရာမှာ ဤစမ်းသပ်မှုများကို ကျွန်ုပ်တို့အား စိတ်ရှည်သည်းခံခြင်းသဘောဖြင့် ချဉ်းကပ်ရန် ဖြစ်သည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် iDisciple အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://thekristencollection.com သွားရောက်ကြည့်ရှုပါ။