YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ရှည်ခြင်းနမူနာ

Patience

6 ၏ နေ့ 1

ဇွဲလုံ့လရှိခြင်းနှင့် စိတ်ရှည်သည်းခံခြင်း

ဘုရားသခင်၏ စမ်းသပ်မှုတစ်ခုတွင် နှုတ်ကပတ်တော်အရ ဇွဲလုံ့လရှိခြင်းဆိုသည်မှာ အချိန်အတိုင်းအတာတစ်ခုအထိ သင်၏ ယုံကြည်ခြင်းအတွက် တိုက်ပွဲဝင်ရမည်ဟု ဆိုလိုသည်။ စိတ်ရှည်သည်းခံခြင်းအတွက် ကြိုတင်ပြင်ဆင်ထားပါက ဤခက်ခဲသောကာလများက ကျွန်ုပ်တို့၏ စရိုက်လက္ခဏာများကို ပိုကောင်းလာစေမည်ဖြစ်သည်။ အချည်းနှီးသောသဘောဖြင့် စိတ်ရှည်သည်ခံခြင်းမဟုတ်ဘဲ တိုက်ပွဲသည်အချိန်ကြာမည်ကို သိရှိ၍ စိတ်ရှည်သည်းခံခြင်း ဖြစ်သည်။ ဤစမ်းသပ်မှုများကို အမြန်ဆုံးပြီးစေချင်သည်ကား လူသားတို့ဆန္ဒများ ဖြစ်သော်လည်း ဘုရားသခင်က ဤအရာများကို ကျွန်ုပ်တို့၏ ဘဝများကို ပုံသွင်းဖို့ အသုံးပြုပါသည်။ (ဟေရှာ၊ ၄၀း၃၁) ကို ဖတ်သောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့မျှော်လင့်ပြီး ကိုယ်တော်ကို စောင့်မျှော်နေသကဲ့သို့ ကိုယ်တော် ကျွန်ုပ်တို့၏ ခွန်အားကို ပြန်လည်အားဖြည့်ပေးပါသည်။ ဤသည်မှာ အံ့သြဖွယ်ကောင်းသော ကတိတစ်ခု ဖြစ်ပြီး ဘုရားသခင်ကို ကျွန်ုပ်တို့ စောင့်ဆိုင်းသောအခါ ကျွန်ုပ်တို့ အမှန်တကယ် ပိုမိုအားကောင်းလာပါသည်။

The Kristen Collection လိုခေါ်သော စုစည်းမှုအကြောင်း စိတ်ကူးယဉ်ရင်း ရေးရသည်မှာ စိတ်လှုပ်ရှားစရာကောင်းသော ခရီးတစ်ခုပါ။ စုစည်းမှုမှ ကျွန်ုပ်တို့၏ ပထမဆုံးစာအုပ်သည် ငယ်ရွယ်သောမိန်းကလေးများကို စိတ်ရှည်သည်းခံမှုကို သင်ပေးခြင်း ဖြစ်သည်။ ပထမဆုံးစာအုပ်ကို လက်ထဲမှာ မကိုင်ရခင် ငါးနှစ်လောက် အချိန်ယူခဲ့ရပါသည်။ ကျွန်ုပ်တို့စိတ်ရှည်သည်းခံနိုင်စေရန် ဘုရားသခင်က တန်ခိုးအာဏာအပ်နှင်းထားသောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ စုဆောင်းမှုမှတစ်ဆင့် မိသားစုများစွာကို ကောင်းချီးပေးမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

တောင်အာဖရိကမှာ ရာသီဥတုသာယာတာကြောင့် ကျွန်ုပ်တို့က အပြင်ဖက်မှာ အချိန်အများကြီးကုန်ဆုံးနိုင်ဖို့ ကောင်းချီးများ ရထားပါသည်။ မကြာသေးမီက ကျွန်ုပ်တို့သည် သဘာဝတရားတွင် ဘုရားသခင်၏ လှပသောလက်ဆောင်များထဲမှ တစ်ခုဖြစ်သော လင်းယုန်ငှက်ကို တွေ့ခဲ့ရသည်။ သူက အလွန်ကြီးကျယ်ခမ်းနားသော ငှက်တစ်ကောင် ဖြစ်ပါသည်။ ၎င်းကိုမြင်ရတိုင်း ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်၌ ခွန်အား၏ သင်္ကေတအဖြစ် ရည်ညွှန်းသော လင်းယုန်ငှက်အကြောင်းကို ကျွန်ုပ်တို့ သတိရမိပါသည်။

သခင်ဘုရားအပေါ် စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းပြီး ကျွန်ုပ်တို့စောင့်ဆိုင်းနေချိန်တွင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ ခွန်အားကို အမှန်တကယ် ပြန်လည်အားဖြည့်ပေးပုံကို ကြည့်ရှုကြပါစို့။

ပြန်လည်အသုံးချပုံ

မိတ်ဆွေ အလွယ်တကူ လက်လျော့တတ်ပါသလား။

လက်ရှိ မိတ်ဆွေကို စိတ်ရှုပ်စေသော အကြောင်းအရာမှ အဘယ်နည်း။

ဆုတောင်းချက်

ဘုရားသခင်၊ ကျွန်ုပ်၏ ခက်ခဲသောကာလများတွင် ကျွန်ုပ်အား ဇွဲလုံ့လရှိခြင်းဖြင့် ကျွန်ုပ်အား မျှော်လင့်ချက်နှင့် သတ္တိဖြည့်ပေးတော်မူပါ။ ကျွန်ုပ်၏ လမ်းကြောင်းကို တည့်မတ်ပေးသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ အကျွန်ုပ်အား ဘယ်သောအခါမှ လက်မလျှော့ဖို့ ခွန်အားပေးတော်မူပါ။ အာမင်။

နေ့ 2

ဤအစီအစဉ်အကြောင်း

Patience

ဤစာဖတ်ခြင်းအစီအစဥ်သည် မိတ်ဆွေဘဝတွင် စိတ်ရှည်သည်းခံခြင်း ဝိညာဉ်အသီးကို ပြုစုပျိုးထောင်ရာခရီးတွင် လှုံ့ဆော်ပေးနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများသည် အမြဲမသာယာသော်လည်း၊ ဘုရားသခင်က ထိုအခက်််အခဲတို့ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စရိုက်လက္ခဏာကို ပုံသွင်းမည်ဖြစ်ပါသည်။ ဘုရားသခင်အလိုတော်ရှိသောအရာမှာ ဤစမ်းသပ်မှုများကို ကျွန်ုပ်တို့အား စိတ်ရှည်သည်းခံခြင်းသဘောဖြင့် ချဉ်းကပ်ရန် ဖြစ်သည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် iDisciple အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://thekristencollection.com သွားရောက်ကြည့်ရှုပါ။