စိတ်ရှည်ခြင်းနမူနာ
အခြားသူများအား အစေခံခြင်းနှင့် စိတ်ရှည်သည်းခံခြင်း
မည်သည့်အရာမဆို အချိန်ယူရတိုင်း စိတ်ရှည်ဖို့ လိုပါသည်။ (၁ပေ၊ ၅:၆) တွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့၌ မိမိကိုယ်ကို နှိမ့်ချရန် ခွန်အားပေးထားပြီး စိတ်ရှည်သည်ခံပါက အချိန်တန်လျှင် ချီးမြှောက်ခံရမည်ဖြစ်သည်။ မိမိကိုယ်ကို နှိမ့်ချရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးထားသည့် ထူးချွန်မှုများနှင့်အတူ အခြားသူများကို အစေခံခြင်း ဖြစ်သည်။ ယနေ့၊ ကျွန်ုပ်တို့၏ ဖတ်ရန်မှာ ဘုရားသခင်က ကျွန်ုပ်တို့အားလုံးကို ဝိညာဉ်ဆုကျေးဇူးလက်ဆောင်များ ပေးထားကြောင်း ကျွန်ုပ်တို့အား အမှတ်ရစေသည်။ ကျွန်ုပ်တို့သည် အခြားသူများကို အစေခံရာတွင် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အစီအစဉ် မဟုတ်ဘဲ ဘုရားသခင်၏ နိုင်ငံတော်ကို ပိုမိုတိုးတက်စေရန် ကျွန်ုပ်တို့၏ လက်ဆောင်များကို အသုံးပြုခြင်းဖြင့် စိတ်ရှည်မှုကို လေ့ကျင့်ပေးသည်။ ကျွန်ုပ်တို့သည် အသိအမှတ်ပြုခံရခြင်း၊ မခံရခြင်းက အစေခံခြင်း၏ အဓိကအချက် မဟုတ်ပေ။ ဤအရာသည် ဘုရားသခင်ကို ဂုဏ်တင်ပြီး လူများကို အစေခံရန်သာ ဖြစ်ပါသည်။
တခြားသူတွေကို အစေခံတဲ့အခါ ကျွန်ုပ်တို့၏ အာရုံစိုက်မှု ပြောင်းပြီး အခြေအနေအပေါ် ရှုထောင့်အသစ်တစ်ခု ရနိုင်သည်ဟု ကျွန်ုပ်သင်ယူခဲ့ရသည်။ အခြားသူများ၏ လိုအပ်ချက်များကို စိတ်ရှည်စွာ နားထောင်ရန်နှင့် ဘုရားသခင်က မိတ်ဆွေအား ပေးထားသောလက်ဆောင်များနှင့်အတူ ၎င်းတို့ကို အစေခံရန် မိတ်ဆွေအား ကျွန်ုပ်တိုက်တွန်းပါသည်။
ဆုတောင်းချက်
မိတ်ဆွေ၏ ထူးချွန်မှုနှင့် ဘုရားသခင်ထံမှ လက်ဆောင်များကို ရေးချပါ။
ဤအရာများကို အသုံးချ၍ အခြားသူများကို မည်ကဲ့သို့ အစေခံနိုင်မည်နည်း။
ဆုတောင်းချက်
ဘုရားသခင်၊ ကျွန်ုပ်အား ပေးခဲ့သော ထူးချွန်မှုများနှင့် လက်ဆောင်များအတွက် ကျေးဇူးတင်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အခြားသူများကို စိတ်ရှည်စွာ အစေခံရန် ဤလက်ဆောင်များကို အသုံးပြုရန် ကျွန်ုပ်ကို ကူညီမစတော်မူပါ။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤစာဖတ်ခြင်းအစီအစဥ်သည် မိတ်ဆွေဘဝတွင် စိတ်ရှည်သည်းခံခြင်း ဝိညာဉ်အသီးကို ပြုစုပျိုးထောင်ရာခရီးတွင် လှုံ့ဆော်ပေးနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများသည် အမြဲမသာယာသော်လည်း၊ ဘုရားသခင်က ထိုအခက်််အခဲတို့ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စရိုက်လက္ခဏာကို ပုံသွင်းမည်ဖြစ်ပါသည်။ ဘုရားသခင်အလိုတော်ရှိသောအရာမှာ ဤစမ်းသပ်မှုများကို ကျွန်ုပ်တို့အား စိတ်ရှည်သည်းခံခြင်းသဘောဖြင့် ချဉ်းကပ်ရန် ဖြစ်သည်။
More