YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ရှည်ခြင်းနမူနာ

Patience

6 ၏ နေ့ 2

နာကျင်မှုနှင့် စိတ်ရှည်သည်းခံခြင်း

ဘုရားသခင်သည် ကျွန်ုပ်တို့၏ နာကျင်မှုနှင့် ရုန်းကန်မှုများတွင် တရင်းတနှီး ပါဝင်နေပါသည်။ ကျွန်ုပ်တို့၏ ခက်ခဲသောအချိန်များတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ခွန်အားပေးသောကြောင့် ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့အတွက် လုံလောက်ပါသည်။ စီးပွားရေးပျက်ကွက်မှု၊ မိသားစုဘေးဆိုး၊ ဆက်ဆံရေးပျက်ပြားမှု (သို့) ယုံကြည်ခြင်းယိုင်နဲ့မှုဖြစ်စေ ဤတောင်များသည် ကျွန်ုပ်တို့အား စိတ်ဓာတ်ကျစေနိုင်သည်။ သို့သော်၊ စိတ်ပျက်အားငယ်မနေပါနှင့်။ ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့ ဤအချိန်များကို ဖြတ်သန်းနိုင်ဖို့ လုံလောက်ပါသည်။ (ဆာ၊ ၂၇) ကို ဒါဝိဒ်မင်း ရေးသောအခါတွင်၊ သူသည် အလွန်အမင်း ဆိုးရွားသော အခြေအနေတွင် ရှိနေကြောင်း ထင်ရှားသည်။ သို့သော်၊ ဘုရားသခင်သည် သူ၏ ခွန်အားဖြစ်ကြောင်းကို သိပြီး ဘုရားသခင်ကို စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့သည်။

ကျွန်ုပ်က ပေါင်သင်းဆက်ဆံရေးများကို အလွန်အလေးထားသူတစ်ယောက်ပါ။ အကယ်၍၊ မိတ်ဆွေသည် ကျွန်ုပ်ကဲ့သို့ဖြစ်လျှင် တစ်စုံတစ်ခုသော စွပ်စွဲခံရမှု (သို့) ပေါင်သင်းဆက်ဆံရေးပဋိပက္ခကို ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲပါသည်။ ကျွန်ုပ်သည် ဆက်ဆံရေးပျက်ပြားမှုကို ရင်ဆိုင်ခဲ့ရရာတွင် ဘုရားသခင်ကို စိတ်ရှည်စွာ စောင့်ဆိုင်းရန် သင်ယူခဲ့သည်။ ဆက်ဆံရေးတစ်ခု ပြန်လည်ထူထောင်ရန် ကျွန်ုပ်တတ်နိုင်သမျှ စွမ်းဆောင်ခဲ့ပြီးပါက ပြန်လည်သင့်မြတ်ရေးကို ဆောင်ကြဉ်းရန်အဖို့ ဘုရားသခင်ကိုသာ စောင့်ဆိုင်းရမည်ဖြစ်သည်။ အခြေအနေကို ပြောင်းလဲဖို့ ဘာမှမတတ်နိုင်တဲ့အခါ အခက်အခဲများကို ရင်ဆိုင်ဖို့ အမြဲမလွယ်ကူနိုင်ပါ။ သို့သော်၊ ဤကာလများသည် ကျွန်ုပ်တို့၏ စိတ်ရှည်သည်းခံမှုကို တိုးပွားလာစေပါသည်။

ပြန်လည်အသုံးချပုံ

မိတ်ဆွေ အခက်အခဲများကြုံနေရပြီး နာကျင်စရာအခြေအနေကို ခံစားနေရပါသလား။

ဤအချိန်ကာလအတွင်း မိတ်ဆွေအား စိတ်ရှည်သည်းခံရန် ခွန်အားဖြစ်စေရန် ဘုရားသခင်၏ ကျေးဇူးတော်ကို မည်သို့လက်တွေ့ကျကျ ရယူနိုင်မည်နည်း။

ဆုတောင်းချက်

ဘုရားသခင်၊ ကျွန်ုပ်အား စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းရန် ခွန်အားဖြစ်စေသော ကိုယ်တော်၏ အံ့သြဖွယ်ကျေးဇူးတော်အတွက် ကျေးဇူးတင်ရှိပါသည်။ ခက်ခဲတဲ့အချိန်များမှာ ကိုယ်တော်၏ နှစ်သိမ့်မှုနှင့် ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါသည်။ အာမင်။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Patience

ဤစာဖတ်ခြင်းအစီအစဥ်သည် မိတ်ဆွေဘဝတွင် စိတ်ရှည်သည်းခံခြင်း ဝိညာဉ်အသီးကို ပြုစုပျိုးထောင်ရာခရီးတွင် လှုံ့ဆော်ပေးနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများသည် အမြဲမသာယာသော်လည်း၊ ဘုရားသခင်က ထိုအခက်််အခဲတို့ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စရိုက်လက္ခဏာကို ပုံသွင်းမည်ဖြစ်ပါသည်။ ဘုရားသခင်အလိုတော်ရှိသောအရာမှာ ဤစမ်းသပ်မှုများကို ကျွန်ုပ်တို့အား စိတ်ရှည်သည်းခံခြင်းသဘောဖြင့် ချဉ်းကပ်ရန် ဖြစ်သည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် iDisciple အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://thekristencollection.com သွားရောက်ကြည့်ရှုပါ။