YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိတ်ရှည်ခြင်းနမူနာ

Patience

6 ၏ နေ့ 3

ယုံကြည်ကိုးစားမှုနှင့် စိတ်ရှည်သည်းခံခြင်း

ကျွန်ုပ်တို့၏ ယုံကြည်ကိုးစာခြင်းကို ရင့်ကျက်စေရန်အတွက် စိတ်ရှည်ရန် လိုအပ်သည်။ တမန်တော်ကြီး ရှင်ပေတရုသည် ကျွန်ုပ်တို့အား လောကအရာများနှင့် လမ်းလွှဲမသွားဘဲ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဖြည့်စွက်ခြင်းဖြင့် ဘုရားသခင်၏ ကတိတော်များကို တုံ့ပြန်ဖို့ ကြိုးစားအားထုတ်မှုကြရန် ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တည်ဆောက်ခြင်းသည် တစ်ကြိမ်တည်းကြုံရမည့်အရာ မဟုတ်ပါ။ ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားခြင်းကို ကြီးထွားလာဖို့ အချိန်နှင့် စိတ်ရှည်သည်းခံမှု လိုအပ်သည်။ ယုံကြည်ကိုးစားမှုသည် ကြီးထွားဖို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တဲ့ ကြွက်သားတစ်ခုလိုပါပဲ။ ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားမှုလျှောက်လမ်းသည် နေ့စဉ်စိတ်ရှည်သည်းခံနိုင်ရသောခရီးဖြစ်သည်။ လက်ငင်းကျေနပ်မှုရယူလိုသည့် ယဉ်ကျေးမှုတွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားခြင်းကို စိတ်ရှည်လက်ရှည်နှင့် တက်ကြွစွာထည့်သွင်းရန် အချိန်ယူလေ့ မရှိပေ။

ကျွန်ုပ်တို့၏ ဘ၀တွင် မတူညီသောကာလအခြေအနေများကို တွေ့ကြုံရင်ဆိုင်နေရသည်။ သဘာဝ၏ ရာသီများကဲ့သို့- နွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့် ဆောင်းရာသီများ ဖြစ်သည်။ ဘဝ၏ ကာလအခြေအနေတွေက ကျွန်တော်တို့ကို စိတ်ရှည်သည်းခံမှုကို သင်ပေးပြီး ပတ်ဝန်းကျင်အနည်းငယ်က တောင်ယာစိုက်ပျိုးရေးကဲ့သို့ ဘဝကာလအခြေအနေများကို သင်ပေးပါသည်။ ကျွန်ုပ်သည်တောင်ယာမှာ ကြီးပြင်းလာတာနှင့်အမျှ လယ်သမားများသည် ကောက်ပဲသီးနှံများ စိုက်ပြီး ရိတ်သိမ်းချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်နေကြတာကို ငယ်ငယ်ကတည်းက သိလာပါသည်။ ဤအရာက လှပသည့် ဖြစ်စဉ်တစ်ခုပါ။ အပင်တစ်ပင်အတွက် ကြီးထွားနိုင်မှု အလားအလာသည် မျိုးစေ့အတွင်းရှိနှင့်ပြီး မှန်ကန်သောပတ်ဝန်းကျင်တွင် ကြီးစွာသော ရိတ်သိမ်းမှုအတွက် ရှင်သန် ထွက်ပေါ်လာမည်ဖြစ်သည်။ ကျွန်ုပ်တို့တွင် ကြီးမားသော အလားအလာရှိပါသည်၊ ဘုရားသခင်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပါ။

ကျွန်ုပ် နွေဦးရာသီကို နှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် ဤရာသီသည် စိတ်ရှည်ခြင်း၏ ဆုလာဘ်နှင့် ပြည့်သောရာသီဖြစ်သည်။ နွေဦးရာသီမရောက်မီ ဆောင်းရာသီမရောက်မီက သစ်ပင်များအားလုံး အသီးမသီးဘဲ မြုံနေတာကြောင့် ကျွန်ုပ်မကြိုက်ပါ။ သို့ပေမဲ့ ခဏအကြာ နေရာတိုင်းမှာ ပန်းနုရောင်အပွင့်များ စိမ်းလန်းစိုပြေပြီး စိမ်းလန်းစိုပြေလာပါသည်။ ဆောင်းရာသီတွင် စိုက်ထားသော အစေ့များသည် မြုံနေပြီး ရှင်သန်မည့် လက္ခဏာမရှိပါ။ သို့ပင်မဲ့ နွေဦးရောက်လာလိမ့်မည်။ (ဟေဗြဲ၊ ၁၁:၁) တွင်၊ ဘုရားသခင်၏ ကတိတော်များသည် ကျွန်ုပ်တို့၏ အသက်တာတွင် နစ်မြုပ်နေကြောင်း ကျွန်ုပ်တို့အား သတိပေးသည်။ ရာသီများပြောင်းနေသလိုပဲ ကျွန်ုပ်တို့သည် စိတ်ရှည်စွာ စောင့်ဆိုင်းပြီး ကိုယ်တော်၏ ကတိတော်များ ပြည့်စုံလာမည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။

ပြန်လည်အသုံးချပုံ

ယနေ့မှာ၊ သင်၏ ကိုးစားယုံကြည်ခြင်းကို အဘယ်ကဲ့သို့ ထပ်ပေါင်းနိုင်ပါသလဲ။

သင်၏ ယုံကြည်သူ သူငယ်ချင်းတစ်ယောက်အား သင်၏ ကိုးစားယုံကြည်မှု တိုးပွားစေရန် ဆုတောင်းခံပါ။

ဆုတောင်းချက်

ဘုရားသခင်၊ ကျွန်ုပ်အား စိတ်ရှည်သည်းခံမှု ရင့်ကျက်လာစေရန်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် ကျွန်ုပ်၏ ကိုးစားယုံကြည်မှုကို နေ့စဉ်တည်ဆောက်နိုင်ရန် ကူညီမစတော်မူပါ။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Patience

ဤစာဖတ်ခြင်းအစီအစဥ်သည် မိတ်ဆွေဘဝတွင် စိတ်ရှည်သည်းခံခြင်း ဝိညာဉ်အသီးကို ပြုစုပျိုးထောင်ရာခရီးတွင် လှုံ့ဆော်ပေးနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများသည် အမြဲမသာယာသော်လည်း၊ ဘုရားသခင်က ထိုအခက်််အခဲတို့ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စရိုက်လက္ခဏာကို ပုံသွင်းမည်ဖြစ်ပါသည်။ ဘုရားသခင်အလိုတော်ရှိသောအရာမှာ ဤစမ်းသပ်မှုများကို ကျွန်ုပ်တို့အား စိတ်ရှည်သည်းခံခြင်းသဘောဖြင့် ချဉ်းကပ်ရန် ဖြစ်သည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် iDisciple အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://thekristencollection.com သွားရောက်ကြည့်ရှုပါ။