စိတ်ရှည်ခြင်းနမူနာ
မိဘအုပ်ထိန်းမှုနှင့် စိတ်ရှည်သည်းခံခြင်း
ကျွန်ုပ်တို့သည် ဘုရားသခင်ပိုင်သော ပိုင်ဆိုင်မှု ဖြစ်သည်၊ ကျွန်ုပ်တို့သည် ကိုယ်တော် ရွေးချယ်ထားသော လူများ ဖြစ်သည်။ ယနေ့ခွန်အားယူရန်မှာ ခရစ်တော်ကို သိကျွမ်းခြင်းမပြုမီ ကျွန်ုပ်တို့၌ ကွဲလွဲသောဝိသေသလက္ခဏာရှိခဲ့ကြောင်း ကျွန်ုပ်တို့အား အမှတ်ရစေသည်။ ခရစ်တော်၌ ကျွန်ုပ်တို့၏ ဝိသေသလက္ခဏာအသစ်ကို နားလည်သဘောပေါက်လာသောအခါ ကျွန်ုပ်တို့၏ စိတ်ရှည်မှုသည် ရင့်ကျက်လာပါသည်။ ကျွန်ုပ်တို့သည် အဘယ်သူဖြစ်ကြောင်း၊ ကောင်းကင်ဘုံရှင်အဖက အဘယ်သူဖြစ်ကြောင်းကို ကျွန်ုပ်တို့သိရှိလာပါသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်မြတ်နိုးပြီး လက်ခံကြောင်း ကျွန်ုပ်တို့ အပြည့်အဝ သိသောအခါ၊ ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေများကို စိတ်ရှည်စွာ စောင့်ဆိုင်းရန် ခံနိုင်ရည် ရှိလာပါသည်။
မိဘအုပ်ထိန်းမှုသည် အထူးသဖြင့် ကျွန်ုပ်တို့၏ ကလေးများကို ဆုံးမသည့်အခါ ကျွန်ုပ်တို့၏ စိတ်ရှည်မှုကို သေချာပေါက်စမ်းသပ်နိုင်သည်။ ကျွန်ုပ်၏ သားသမီးများက ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို သိရှိတဲ့အခါ ကျွန်ုပ်ကို သူတို့၏ အုပ်ထိန်းသူအဖြစ် ယုံကြည်လာကြပါသည်။ ကျွန်ုပ်၏ သမီးအငယ်ဆုံးက ချိုချဉ်ကြိုက်ပေမဲ့ ညစာအတွက် ချိုချဉ်စားဖို့ ခွင့်မပြုနိုင်ပါ။ သို့သော်၊ ကျွန်ုပ်၏ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု တိုးလာတာနှင့်အမျှ သူမအား "No" ဆိုတဲ့ စကားလုံးကို အပြုသဘောနှင့် တုံ့ပြန်ဖို့ ပိုမိုလွယ်ကူလာပြီး အချိုပွဲအတွက် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်ပြီး ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည်ကာ သူ၏ သားသမီးများဖြစ်ကြောင်း သိရှိသောကြောင့် ကျွန်ုပ်တို့၏ ဘ၀တွင် သူ၏ ကတိတော်များပြည့်စုံရန် စိတ်ရှည်သည်းခံစောင့်ဆိုင်းနိုင်ခြင်း ဖြစ်သည်။
ပြန်လည်အသုံးချပုံ
ဘုရားသခင်က မိတ်ဆွေကို ချစ်မြတ်နိုးပြီး လက်ခံကြောင်း မိတ်ဆွေယုံကြည်ပါသလား။
ဘုရားသခင်က မိတ်ဆွေအတွက် အကောင်းဆုံးအရာများ ပြင်ဆင်ထားကြောင်း ယုံကြည်ပါသလား။
ဤဖွင့်ပြချက်များက မိတ်ဆွေ၏ စိတ်ရှည်သည်းခံမှုတွင် စိန်ခေါ်မှုများ ဖြစ်စေပါသလား။
ဆုတောင်းချက်
ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်အတွက် အထူးဖြစ်ကြောင်းကို ယုံကြည်ပြီး သိနိုင်စေရန် ကူညီပေးတော်မူပါ။ ကျွန်ုပ်သည် ကိုယ်တော့်သားသမီးဖြစ်ပြီး ကျွန်ုပ်အား ကိုယ်ပိုင်လက္ခဏာအသစ်တစ်ခု ပေးအပ်သည့်အတွက် ကျေးဇူးတင်ပါသည်။ အခြေအနေတိုင်းတွင် ကိုယ်တော်အား ယုံကြည်ရန် ကျွန်ုပ်အား ကူညီမစတော်မူပါ။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤစာဖတ်ခြင်းအစီအစဥ်သည် မိတ်ဆွေဘဝတွင် စိတ်ရှည်သည်းခံခြင်း ဝိညာဉ်အသီးကို ပြုစုပျိုးထောင်ရာခရီးတွင် လှုံ့ဆော်ပေးနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများသည် အမြဲမသာယာသော်လည်း၊ ဘုရားသခင်က ထိုအခက်််အခဲတို့ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စရိုက်လက္ခဏာကို ပုံသွင်းမည်ဖြစ်ပါသည်။ ဘုရားသခင်အလိုတော်ရှိသောအရာမှာ ဤစမ်းသပ်မှုများကို ကျွန်ုပ်တို့အား စိတ်ရှည်သည်းခံခြင်းသဘောဖြင့် ချဉ်းကပ်ရန် ဖြစ်သည်။
More