YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘယ်လိုပျော်ရွှင်ရမလဲနမူနာ

How To Be Happy

7 ၏ နေ့ 7

မကောင်းသောစိတ်ခံစားချက်များကို ကောင်းသောစိတ်ခံစားချက်များနှင့် အစားထိုးပါ

သင့်မကောင်းတယ့်စိတ်ခံစားချက်တွေကို လက်ပစ်ဗုံးအနေနဲ့ စဥ်းစားကြည့်ပါ။ သင် စနက်တံကို ဆွဲလိုက်ပြီး တနေရာမှာ သင့်စိတ်ခံစားချက်တွေကို ဖောက်ခွဲလိုက်ခြင်းက ဘေးပတ်ဝန်းကျင်နှင့် သင့်ကိုပါ ထိခိုက်စေမှာဖြစ်တယ်။ ဒါမှမဟုတ် စိတ်ခံစားချက် ဗုံးတွေကို ဘုရားဆီပစ်ပြီး သင်ခံစား‌နေရတာကို ဖြေရှင်းပေးရန် လုပ်ဆောင်နိုင်တယ်။

ဒေါသထွက်ခြင်း၊ မနာလိုခြင်း၊ ခါးသီးခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆန္ဒပြင်းပြခြင်း စသည့် စိတ်ခံစားချက်တွေကို သင်ထိန်းချုပ်ခွင့်ပေးလိုက်ပါက ထိုအရာတွေက သင့်ကို အပြစ်တရားဆီဦး‌တည်စေတာဖြစ်တယ်။

မရှုပ်ထွေးပါနဲ့။ စိတ်ခံစားချက်တွေက အပြစ်တရားမဟုတ်ပါ။ ဒါပေမယ့် စိတ်ခံစားချက်တွေ ပြင်းပြလာပါက ကျွန်တော်တို့ မလုပ်သင့်တာ၊ စည်းမကျော်သင့်တာတွေကို လုပ်မိစေပြီး အပြစ်ရှိအောင်လုပ်ဆောင်စေတာဖြစ်တယ်။

ကျွန်တော်တို့ရဲ့ မကောင်းသော စိတ်တွေကို ဘုရားဆီပုံအပ်လိုက်ပါက ဒေါသကို ချစ်ခြင်းမေတ္တာ၊ မနာလိုခြင်းကို ကျေးဇူးတရား၊ နာကျင်ခြင်းကို ငြိမ်သက်ခြင်း၊ ဝမ်းနည်းခြင်းကို ဝမ်းမြောက်ခြင်း၊ ခါးသီးခြင်းကို ခွင့်လွှတ်ခြင်း၊ စိုးရိမ်ခြင်းကို မိမိကိုယ်ကိုထိန်းချုပ်ခြင်းဖြင့် အစားထိုးတာဖြစ်တယ်။

ဘုရားသခင် သင့်စိတ်ခံစားချက်‌တွေ ဆန်းစစ်ပေးဖို့ ဘုရားသင့်ကို ကူညီပေးရန် သင်‌‌ရွေးချယ်မှုတခုပြုလုပ်ပါ။ သင်ဘယ်လိုခံစားရကြောင်း ဘုရားကိုပြောပြပြီး သင်နောင်တရမယ့် စကား၊ လုပ်ရပ်တွေကြောင့် အပြစ်မကျူးလွန်မိဖို့ သင့်စိတ်နှလုံးသားကို ပြောင်းလဲပေးရန် တောင်းဆိုပါ။

စနက်တံကိုမဆွဲလိုက်ပါနဲ့။ သင့်စိတ်ခံစားချက်တွေကို ဘုရားဆီလွှဲပြောင်းပေးပြီး သင့်ကို သူဂရုစိုက်ပါလိမ့်မယ်။

ကျမ်းစာများ

နေ့ 6

ဤအစီအစဉ်အကြောင်း

How To Be Happy

ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ နေ့ရက်တိုင်း စိတ်ခံစားချက်များစွာ ကြုံတွေ့‌ရပါတယ်။ ထိုအရာများကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှာဖွေနေခြင်းကလဲ စိန်ခေါ်မှုတခုဖြစ်တယ်။ ဘယ်လိုစိတ်ခံစားချက်တွေ ခံစားနေရပါစေ၊ ဒီအစီအစဥ်ဟာ မိတ်ဆွေအတွက်ဖြစ်တယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော ဆရာ Craig Groeschel နှင့် LifeChurch.tv တို့ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။