ဘယ်လိုပျော်ရွှင်ရမလဲနမူနာ
သင့်စိတ်ခံစားချက်ကသူများတွေအပေါ် သက်ရောက်တယ်
တံခါးပေါက်ကနေ သင်ထွက်တော့မှာကိုမြင်ယောင်ကြည့်ပါ။ သင်အင်္ကျီအသစ်ဝတ်ထားတယ်။ သင် မှန်ရှေ့မှာဖြတ်လျှောက်လာတုန်း သင့်ကိုသင် လျှပ်တပြက်မြင်လိုက်တယ်။ မဆိုးဘူးဘဲ။ ဒီနေ့ကြည့်လို့ကောင်းနေပါလား။ စိတ်ထဲလည်းကောင်းနေတယ်။ ဒီနေ့ဟာ သာယာသောနေ့ဖြစ်မှာ။
သင်ကျောင်းရောက်သွားတယ်၊ယုံကြည်မှုအပြည့်နဲ့။ သင့်ကို "အင်္ကျီအသစ်ပါလားလို့" ငပေါကြီးတယောက်က မျက်လုံးလှန်၊နှာခေါင်းရှုံ့ စနောက်ပြီး သင့်ဘေးကနေ တခြားသူတွေက တိတ်တခိုးရယ်ပြီးသင်နားမှ ရှောင်ထွက်သွားကြတယ်။ ခံရခက်လိုက်တာ။ ကောင်းတယ့်စိတ်ထားလေးပျောက်သွားပြီ။
ဒါမှမဟုတ် ဒီလိုစိတ်ကူးကြည့်ပါ။ သင်ဆိုးရွားတယ့်နေ့ ရှိခဲ့တယ်။ စာမေးပွဲကျတယ်။ ရယ်ခံရတယ်။ သင် ခေါင်းကိုက်လာတယ်။ မနက်ဖြန် စာမေးပွဲရှိသေးတယ်။ သင်ဘာစာလုပ်ရမှန်းမသိဖြစ်နေတယ်။
သင့်သူငယ်ချင်းဆီက စာတစောင်ရတယ်။ " မင်းဒီနေ့ဝမ်းနည်းနေသလိုဘဲ၊ မဖြစ်နဲ့တော့၊ မင်းကို ငါယုံတယ်။ နောက်မှတွေ့ကြမယ်လေ။" အကောင်းဆုံးစာဘဲ။ ဆိုးရွားတယ့်နေ့ပျောက်သွားပြီ။
စိတ်ခံစားချက်တွေဟာ စွမ်းအားကြီးတယ်၊ စွမ်းအားကြီးတယ့်အရာတွေဖြစ်တယ်။ လူတယောက်ကို တည်ဆောက်နိုင်သကဲ့သို့ ဖျက်စီးနိုင်သည်။ သင့်စိတ်ထားကောင်းများနှင့် စိတ်ခံစားချက်ကောင်းများသည် အသက်ပေးနိုင်သည်။ သူတို့က ကူးစက်လွယ်တယ်။ တစုံတယောက်ကို သင်ပြုံးပြခြင်း၊သင့်ရဲ့ ကြင်နာခြင်းကို ဝေမျှခြင်းဖြင့် တစုံတယောက်ရဲ့ အသက်တာမှာ ထူးခြားခြင်းကို ပြုလုပ်နိုင်တယ်။
သင့် မကောင်းတယ့်စိတ်ခံစားချက်တွေနဲ့ နာကျင်တယ့် ခံစားချက်ကလဲ ကူးစက်နိုင်တယ်ဆိုတာ သတိရပါ။ သင် ထေ့ငေါ့ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ဘာဘဲဖြစ်ဖြစ် အကူအညီတောင်းရန် နည်းလမ်းရှာပါ။ သင့်ဘေးပတ်လည်က လူတွေရဲ့ စိတ်ခံစားချက်တွေကို မသတ်မိဖို့ သတိထားပါ။ သင့်ကို ကြင်နာတယ့်စကားပြောပေးနိုင်မယ့် သူကိုရှာပါ။ ပြဿနာကို မွေတယ့်သူမဖြစ်ပါစေနဲ့။ သင့်နားမှာရှိတယ့် လူတွေကို ကြင်နာခြင်းဖြင့် ငြိမ်သက်စေနိုင်တယ့် သူဖြစ်ပါစေ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ နေ့ရက်တိုင်း စိတ်ခံစားချက်များစွာ ကြုံတွေ့ရပါတယ်။ ထိုအရာများကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှာဖွေနေခြင်းကလဲ စိန်ခေါ်မှုတခုဖြစ်တယ်။ ဘယ်လိုစိတ်ခံစားချက်တွေ ခံစားနေရပါစေ၊ ဒီအစီအစဥ်ဟာ မိတ်ဆွေအတွက်ဖြစ်တယ်။
More